ဒီကနေ့ နေ့လည် ၂ နာရီခန့်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ကခလရ ၉၇ နဲ့မြို့အဝင်အဖွဲ့ပေါင်းစုံ စစ်ဆေးရေး ဂိတ်လုပ်ထားတဲ့ချက်ပွိုင့် စတဲ့ နေရာနှစ်ခုကို ကေအန်ယူနဲ့ဒီကေဘီအေပူးပေါင်း တပ်ဖွဲ့တွေ ကဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးကော့ကရိတ်မြို့ ခံတဦး ကို ဆက်သွယ်မေးမြန်းကြည့်ရာ …
“ တိုက်ပွဲဖြစ်တယ် နေ့ခင် ၂ နာရီလောက်ကပဲ၊ ၉၇ ထဲကိုလက်နက်ကြီး ၂ လုံးကျသံကြားတယ်။
ချက်ပွိုင့်ကိုလည်း ပစ်တယ်။ ဆေးရုံဘက်တော့ ဒဏ်ရာရ ရဲဘော် ၂ ဦး သယ်သွားတာတွေ့တယ်။ ပစ်သံခတ် သံတွေကြားတော့ ဆိုင်တွေ လည်း ပိတ်ကုန်တယ်၊ ရာသီဥတုကလည်း မကောင်းတော့ အိမ်မှာပဲပုန်းနေရ
တယ်” လို့ ပြောပြသွားပါတယ်။ အခြေအနေအသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းနေဆဲ ဖြစ်ပါတယ်။

No comments:
Post a Comment