Sunday, March 6, 2011

ဒီကနေ့ ဝေါလေ ကနဲလေးမှာ နအဖ ရိက္ခာပို့ကား အတိုက်ခိုက်ခံရ


ခမရ ၃၄၆ တပ်ဖွဲ့ဝင်တွေ လိုက်ပါပို့ဆောင်တဲ့ ရိက္ခာပို့ ကားကို ဒီကနေ့ ညနေ ၄ နာရီခွဲလောက် မှာ ကေအန်ယူနဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေက ဝေါ်လေဒေသ ကနဲလေးအနီးမှာ စောင့်ကြို တိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားပြီး နအဖ ရိက္ခာပို့ကားတစီး ကားလမ်းဘေးချောက်ထဲ ထိုးကျသွားပါတယ်။ နအဖ ဘက်က တပ်ကြပ်ကြီး တဦးအပါအဝင် လေးယောက် သေးဆုံးပြီး လေးယောက် အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ သိရှိရပါတယ်။
ဒီကနေ့မနကပိုင်း ၇ နာရီးလောက်ကလည်း ကနဲ့လေးမှာပဲ တိုက်ပွဲတပွဲဖြစ်ခဲ့ပါသေးတယ်။ ဒီပွဲမှာတော့ နအဖ ဘက်က ၂ ယောက် သေဆုံးခဲ့ပါတယ်။
ဝေါ်လေ ၁၉၉ ကုန်းမှာတော့ ခမရ ၃၁၀ က ဆေးအရာခံဗိုလ်တယောက် မိုင်းနင်းပြီး သေဆုံးသွားတယ်လို့ သိရှိရပါ တယ်။
ဝေါ်လေဘက်က တိုက်ပွဲအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆန်းအောင် က…
“ဝေါ်လေဘက်ကတော့ နေတိုင်းနီးပါးလောက်ကို ပြောက်ကျားတိုက်ပွဲတွေက ဖြစ်နေတာ။ နအဖ ဘက်ကလည်း အဲဒီဘက်က တပ်တွေအတွက် ရိက္ခာနဲ့ ချူကလီမှာမြို့တည်ဘို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို နအဖ က ပို့ဆောင် နေပါတယ်” လို့ ပြောပြသွားပါတယ်။

No comments: