Tuesday, March 8, 2011
ခမရ ၃၄၆ တပ်ရင်း နေ့တိုင်းလိုလို တိုက်ခိုက်ခံနေရ
ဒီကနေ့ နေ့လယ် ၁၂ နာရီလောက်မှာ နအဖ ခမရ ၃၄၆ တပ်ရင်း ရိက္ခာပို့စစ်ကြောင်းကို ဒီကေဘီအေနဲ့ ကေ အန်အယ်လ်အေ တပ်ရင်း ၂၀၁ မှတပ်ဖွဲ့အင်အားတွေ ပူးပေါင်းကာ ဝေါ်လေ
ကနဲလေးနေရာမှာ ပြောက်ကျားစစ်ဆင်တိုက်ခိုက်ခဲ့ ပါတယ်။ နအဖ ဘက်က အားလုံးပေါင်း ၆ ယောက် ထိခိုက်ခဲ့ပါတယ်။ ထိခိုက်တဲ့အထဲက ဒုဗိုလ်တယောက်နဲ့ တပ်ကြပ် တယောက် သေဆုံးခဲ့ပြီး တပ်သား ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကြားသိရပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကေအန်အယ်လ်အေ တပ်ရင်း ၂၀၁ မှ ဗိုလ်မှူး ကြည်အောင်က ခုလို ပြောပြပါတယ် ..
“သူတို့ ရိက္ခာသယ်တဲ့ စစ်ကြောင်းကို တိုက်လိုက်တာ၊ နအဖ တွေက ရိက္ခာကို အများကြီးမသယ်ဘဲ နဲနဲချင်း အခေါက် ခေါက်သယ်နေတယ်။ ကျနော်တို့ ဒီ ခမရ ၃၄၆ နဲ့ နေတိုင်းနီးပါးလောက်ကို တိုက်ပွဲဖြစ်တယ်။ တခါတလေ တရက် တည်း ၂ ပွဲလောက်ကို ဖြစ်တယ်” လို့ ရှင်းပြသွားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment