Friday, March 18, 2011
မီးသတ်ကားတွေနဲ့ ဓာတ်ပေါင်းဖိုအနီးထိသွားပြီး ရေပက်ဖျန်းမယ်
ဒီနေ့ မတ်လ ၁၇ ရက် မနက် ၉ နာရီ ၄၅ မိနစ်မှာ ဂျပန့် ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ရဟတ်ယာဉ်တွေနဲ့ ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ ကို လေထဲကနေ ရေနဲ့ပက်ဖျန်းလောင်းချတာတွေကို ၄ ကြိမ်လုပ်ခဲ့ပါတယ်။
မနေ့က အဲဒီလိုလုပ်ဖို့ကြိုး ပမ်းခဲ့ပေမယ့် ဓာတ်ပေါင်းဖိုပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွမှုတွေ မြင့်မားနေတဲ့အတွက် ရပ်ဆိုင်းခဲ့ပြီးတဲ့နောက် ဒီက နေ့မနက်မှာ အခုလိုလုပ်ဆောင်တာဖြစ်ပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ ရေဒီယိုသတ္တိကြွမှု လျော့နည်းသွားတဲ့အတွက် လေထဲကနေ ရေပက်ဖျန်းလောင်းချဖို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။ နောက်ဆုံးသိရတဲ့ သတင်းအရ ဘေးသင့်ဖို့ နည်း တယ်လို့ ဆုံးဖြတ်တယ်ဆိုရင် မီးသတ်ကားတွေနဲ့ ဓာတ်ပေါင်းဖိုအနီးထိသွားပြီး ရေပက်ဖျန်းဖို့ လုပ်မယ်လို့ သိရပါတယ်။ နေ့လယ် ၁၂ နာရီလောက်ဖြစ်မယ်လို့ အဲန်အိပ်ခ်ျကေ မနက် ၁၁ နာရီသတင်းမှာ ကြေညာသွားပါတယ်။
ကျော်ကျော်စိုး
၁၁း ၁၅ နာရီ
မတ်လ ၁၇ ရက်
Labels:
11March2011,
Japan
Subscribe to:
Post Comments (Atom)

No comments:
Post a Comment