Wednesday, March 23, 2011
ဟင်းသီး ဟင်းရွက်၊ နွားနို့၊ ရေ စတာတွေမှာ ဓာတ်ရောင်ခြည်သင့်မှု ရှိတယ်လို့ အတိအလင်းထုတ်ဖော်
မတ်လ ၂၁ ရက် တနင်္လာနေ့ ၁၅း၅၅ နာရီတွင် နံပတ် ၃ ဓာတ်ပေါင်းဖိုရှိတဲ့နေရာကနေ မီးခိုးတွေထွက် လာ ခဲ့ပါတယ်။ နံပတ် ၂ ကလည်း အဖြူရောင်အခိုးအငွေ့တွေ ထွက်လာခဲ့တယ်လို့ လည်းသိရပါတယ်။
ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆို တာကို တိတိကျကျမသိရသေးပါဘူး။ နံပတ် ၃ ဓာတ်ပေါင်းဖို နေရာမှာ မီးခိုးမဲတွေထွက်လာတဲ့အတွက် TEPCO သူ့ရဲ့ ၀န်ထမ်းတွေကို အရေးပေါ် ယာယီကယ်ထုတ်ခဲ့ရတယ်လို့ ပြောပါတယ်။
ဂျပန်အစိုးရရဲ့သတင်းထုတ်ပြန်ကြေညာချက်တွေအရဆိုရင် အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာနေတဲ့ဘက် ကို တဖြည်းဖြည်းချင်း ဦးတည်လာနေပေမဲ့လည်း အချိန်ကြာရှည်လာတာရယ်၊ ဟင်းသီး ဟင်းရွက်၊ နွားနို့၊ ရေ စတာတွေ ဟာ ဓာတ်ရောင်ခြည်သင့်မှုတွေ ရှိနေတယ်လို့ အတိအလင်းထုတ်ဖော် ပြောဆိုတာတွေရှိနေတာက တကယ်လက်တွေ့ မှာ ကောင်းတဲ့ဘက်ကို ဦးတည်နေတာမျိုးမရှိဘူးလို့ တွက်ဆလို့ရတဲ့အနေအထားကို ရောက်စေပါတဲ့အတွက် လူတွေ ကြားမှာ ထင်ကြေးအမျိုးမျိုးပေးနေပါတယ်။
စားစရာသောက်စရာတွေဟာ လူတွေရဲ့ကျန်းမာရေး ကို ချက်ချင်းလက်ငင်း ထိခိုက်စေတာမျိုးမရှိပါဘူးလို့ ပြောနေပေမဲ့ လည်း ရောင်းချမှုတွေ ရပ်ဆိုင်းလိုက်တာတွေက အစိုးရရဲ့သတင်းထုတ်ပြန်မှုတွေက ပြည့်စုံလုံလောက်မှုမရှိဘူးဆိုတဲ့ အ မြင်တွေကို ပေါ်ပေါက်လာစေပါတယ်။
ဒီအတောအတွင်း အမေရိကန်စစ်တပ်ကရိုက်ယူတဲ့ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ် RQ-4 Global Hawk က နေရိုက်ယူထားတဲ့ ဓာတ်ပေါင်းဖိုရဲ့ပုံတွေကို ဂျပန်အစိုးရက လူသိရှင်ကြားထုတ်ပြဖို့ ခွင့် မပြုဘူးလို့လည်း သိရပါတယ်။ အဲဒီလေယာဉ်ကနေရိုက်ကူးတဲ့ပုံတွေဟာ မော်တော်ကားနံပတ်ပြားကို တောင်ရှင်းရှင်းလင်းလင်းမြင်ရတဲ့အထိ အင်မ တန်ကောင်းမွန်တယ်လို့ ဆိုပါတယ်၊ ဖူကူရှီးမားစက်ရုံက ဓာတ်ပေါင်းဖိုအခြေအနေကို ၂၄ နာရီပတ်လုံး စောင့်ကြည့်ရိုက် ကူးနေပြီး ဂြိုဟ်တုကနေတဆင့် ဂျပန်အစိုးရနဲ့ အမေရိကန်စစ်စခန်းတွေဆီကို ပို့ပေးနေတယ်လို့ မိုင်းနိချိသတင်းစာ သ တင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက် ပြင်ပကနေ လျှပ်စစ်ဓာတ်အားဆက်သွယ်ဖို့ကြိုးပမ်းတာ အောင်မြင်မှုရသွားပြီဖြစ်တဲ့အ တွက် ဓာတ်ပေါင်းဖိုအတွက် ဓာတ်အားပေးနိုင်တော့မှာဖြစ်ပြီး ထိန်းချုပ်စခန်းကနေ ထိန်းသိမ်းကွပ်ကဲနိုင်တော့မှာ ဖြစ်ပါ တယ်။
တိုကျိုမှာရောက်နေတဲ့ အမေရိကန် ညူကလီယားထိန်းသိမ်းကွပ်ကဲရေးအရာရှိတဦးက အခြေအနေတွေ တဖြည်းဖြည်း ချင်းတည်ငြိမ်လာမယ့် အနေအထားရှိတယ်လို့ ပြောတဲ့အကြောင်း မတ်လ ၂၁ နေ့ဘီဘီစီ သတင်းတပုဒ်မှာ ဖော်ပြထား ပါတယ်။
ကျော်ကျော်စိုး
၁း၅၃ နာရီ
မတ်လ ၂၂ ရက် ။ ၂၀၁၁ ခုနှစ်
Labels:
Japan,
Nuclear Melted down
Subscribe to:
Post Comments (Atom)

No comments:
Post a Comment