Sunday, March 6, 2011
နိဗ္ဗာန်ခရီး
ဘုရင်မကြီး ဆီရိခေတ် ကမကထပြုတဲ့ ဘုန်တော်ကြီးလွမ်န်တမဟာဘူဝါ ရန်နာဆမ်ပန်နိုရဲ့ မီးသင်္ဂြိုဟ် ပွဲကို တက် ရောက်ကြဖို့ ဥဒေါင်ဌာနီ၊ တောအုပ်ထဲက ပါဘန်တာ့ဒ်ဘုန်းကြီးကျောင်းကို မနေ့က ညနေက လူပေါင်း ထောင်သောင်း ချီပြီး လာရာက်စုဝေးခဲ့ကြပါတယ်။
ဘုန်ကြီးပျံပွဲမှာ လက်ခံရရှိတဲ့ လှူဒါန်းငွေစုစုပေါင်းကတော့ ငွေသားနဲ့ချက်လက်မှတ်တန်ဖိုး ဘတ်ငွေ ၃၃၀.၅ သန်းနဲ့ ရွှေချိန် ၇၈ ကီလိုဂရမ် ဖြစ်ပါတယ်။
မဟာသံဃာ့နာယကဆရာတော်ကြီး ၁၀ပါးကို သင်္ကန်းကပ်လှူဖို့ အတွက် ညနေ ၅နာရီ ၁၅မီးနစ်မှာ ဘုရင်မ ကြီးဟာ ယာယီစံနန်းထိုးထားတဲ့ မီးသင်္ဂြိုဟ်မယ့်နေရာကို ရောက်လာပါတယ်။ မဟာသံဃာ့နာယက ဆရာတော်ကြီးတွေက ဈာ ပနသင်္ကန်းမကပ်လှူခင်နဲ့ ရိုးရာစဉ်လာမီးသဂြူင်္ိဟ်ပွဲ အခမ်းအနား မကျင်းပခင်မှာ ဘုရင်မကြီးဟာ မီးသဂြုင်္ိဟ်ရုံမှာ အိန္ဒိ ယ ၀က်သစ်ချသားနဲ့လုပ်ထားတဲ့ ပန်းခွေကို ချထားပူဇော်ပါတယ်။ နောက် ညနေ ၅ နာရီ ၄၅ မီးနစ်မှာ ဘုန်းတော်ကြီး ကျောင်းကနေ ထွက်ခွာသွားပါတယ်။
ဒီနောက်မှာ ဘုန်းတော်ကြီးတွေနဲ့ပရိသတ်တွေကို မီးသဂြုင်္ိဟ်ရုံပတ်လည်၊ သတ်မှတ်ထားတဲ့နေရာတွေမှာ ဈာပနပန်းခွေ တွေ ချခွင့်မပြုမီမှာ အိမ်ရှေ့မင်းသားချူလာဘွန်က ဈာပနပန်းခွေကို ချပါတယ်။ ဒီနောက်မှာ ၀ါရင့်ဆရာတော်ကြီး ၉၉ ပါးနဲ့ အရေးကြီးပုဂ္ဂိုလ်တွေ ပန်းခွေ ချပါတယ်။ အရေးကြီးဧည့်သည်တွေထဲမှာ ၀န်ကြီးချုပ်အဖိဆစ်ဝေ့ချာချီဝ၊ ဘုရင့်အ တိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဆူလာယုဒ်ချူလာနွန့်၊ ဒုဝန်ကြီးချုပ်ဆနန် က ချောန်ဖရာဆာ့တ်၊ ၀န်ကြီးချုပ်ရုံးဝန်ကြီး အုံနာ့ ကလမ်ပိုင်ဘွန်း၊ သဘာဝသယံဇာတနဲ့ပတ်ဝန်းကျင်ဆိုင်ရာ ၀န်ကြီးဆူဝစ်ခွန်ကစ်တိနဲ့ဘဏ္ဍာရေးဝန်ကြီး ခေါန်ချတ်တိခ ၀မ်နစ်ခ်ျတို့ ပါဝင်ပါတယ်။ အခမ်းအနားမစခင် မနက် ၇ နာရီခွဲမှာ အိမ်ရှေ့မင်းသားချူလာဘွန်က ဒီဘုန်းကြီးကျောင်းက ပျံလွန်တော်မူသွားတဲ့ ဘုန်းတော်ကြီးတွေကုသိုလ်ကောင်းမှုအတွက် ဆွမ်းကပ်လှူပါတယ်။ ထမင်းအခမဲ့ဝေတဲ့ ယာယီ ဆောက်လုပ်ထားတဲ့ ဇရပ် ၁၅၀၀ မှာ ပွဲလာပရိတ်သတ်တွေနဲ့ ပြည့်နေပါတယ်။ ကားရပ်နားတဲ့နေရာ ၁၈ နေရာမှာ လည်း ဘုန်းကြီးပျံပွဲလာသူတွေ အခမဲ့စီးဖို့ ရပ်ထားတဲ့ ဘတ်စ်ကားတွေ၊ ဗင်ကားတွေနဲ့ ပြည့်နှက်နေပါတယ်။
ဘုန်းတော်ကြီး လွမ်န်တာမဟာဘူဝါ ကို ခရစ်သက္ကရာဇ် ၁၉၁၃ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့မှာ ဥဒေါင်ဌာနီ ပြည်နယ်၊ မက်ခိန်းခရိုင်၊ ဘန်တာ့ဒ်မှာ ချမ်းသာတဲ့မိဘာနှစ်ပါးက ဖွားမြင်တော်မူခဲ့ပါတယ်။ ညီအစ်ကိုမောင် နှမ ၁၅ ယောက် ရှိပါ တယ်။ ဇန်န၀ါရီလ ၃၀ ရက်နေ့ သက်တော် ၉၈ နှစ်မှာ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။
၁၉၉၇-၉၈ ဘဏ္ဍာရေးအကျပ်အတည်းကာလက ပြုန်းတီးသွားတဲ့ သဘာဝကြိုးဝိုင်းသစ်တောတွေကို ပြန်လည်ထိန်း သိမ်းဖို့ ရံပုံငွေရှာဖွေရေးကိစ္စတွေမှာ ဦးဆောင်ခဲ့တဲ့အတွက် ထင်ရှားကျော်ကြားခဲ့ပါတယ်။
မတ် ၆၊ ၂၀၁၁ (The Nation)
Labels:
Thailand
Subscribe to:
Post Comments (Atom)

No comments:
Post a Comment