Wednesday, March 16, 2011
ဆော်ဒီစစ်သားတွေ ဘာရိန်းကို ပို့
အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေ တဖြည်းဖြည်းများလာလို့ အစိုးရအဆောက်အဦးတွေကိုအကာအ ကွယ်ပေးဖို့အတွက် ရာချီတဲ့ ဆော်ဒီစစ်သားတွေဟာ ဘာရိန်းနိုင်ငံထဲကိုဝင်ရောက် လာပါတယ်။
သံချပ်ကာကားတွေနဲ့ဝင်ရောက်လာတဲ့ စစ် သားတွေရဲ့ပုံကို တနင်္လာနေ့က ဘာရိန်းရုပ်သံကနေ ထုတ်လွှင့်ပြသသွားပါတယ်။
ဆွန်နီအုပ်စိုးသူတွေဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ပေးဖို့တောင်းဆိုနေတဲ့ ရှီယာမူဆလင်အများထုရဲ့ ဖိအား ပေးမှုတွေကို တိုးမြင့်ရင်ဆိုင်လာနေရပြီး ဆန္ဒပြပွဲတွေ ရက်သတ္တပတ်ပေါင်းများစွာ ကြာလာနေတဲ့အတွက် ဘာရိန်းနိုင် ငံကနေ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတွေဆီကို တောင်းဆိုမှုကြောင့် ဒီစစ်သားတွေ ဆိုက်ရောက် လာတာ ဖြစ်ပါတယ်။ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) ကလည်း ဘာရိန်းကို ရဲအင်အား ၅၀၀ စေ လွှတ်ခဲ့ပါတယ်။ လို့ ယူအေအီးနိုင်ငံခြားရေးဝန်ကြီး အဗ္ဗဒူလာဘင်ဇာယက်အယ်လ်နာယန်က ပြောပါတယ်။ ဘာရိန်းနဲ့ ဆော်ဒီ ၂နိုင်ငံစလုံးနဲ့မဟာမိတ်ဖွဲ့ထားတဲ့ အမေရိကန်ပြည်ထောင်စုကတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တောင်းဆို ထားပါတယ်။ ဒါပေမဲ့ တပ်ဖြန့်တာတွေကို ထောက်ခံတယ်ဆိုတဲ့အကြောင်းကိုတော့ မပြောပါဘူး။
“ကျနော်တို့အနေနဲ့ ပယ်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံများအဖွဲ့က လုပ်ဖော်ကိုင်ဖက်တွေကို ထိန်းထိန်းသိမ်း သိမ်းလုပ်ကြဖို့ နဲ့ ဘာရိန်းပြည်သူတွေရဲ့အခွင့်အရေးကို လေးစားကြဖို့၊ အမြစ်ပြတ်ချေမှုန်းရေးမလုပ်ဘဲတွေ့ဆုံဆွေး နွေးကြဖို့ကို တောင်းဆိုပါတယ်” လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ တော်မီဗီယက်တာက ပြောပါတယ်။
သွေးစည်းညီညွတ်ရေးလှုပ်ရှားမှု
ဆော်ဒီတပ်ဖွဲ့တွေကို ဘယ်လိုဖြန့်ထားမယ် ဆိုတာက မရှင်ဘူး၊ ဒါပေမဲ့ စစ်သား တွေက ဆန္ဒပြသမားတွေကို ဒေါသ ထွက်အောင်လုပ်တာမျိုးဖြစ်လာမယ် ဆိုတာကိုတော့ ငြင်းပါတယ်။ လို့ ဘာရိန်းပါ လီမန် ဒုတိယဥက္ကဋ္ဌ အက်ဘ်ဒယ်လ် အယ်လ်မိုဝါဒါက အယ်လ်ဂျာဇီးယားသတင်းဌာနကို ပြောပါတယ်။ “ဘာရိန်းမှာလုံခြုံရေးတပ်ဖွဲ့တွေ မရှိတာ မဟုတ်ပါ ဘူး။ ဒါက ပင်လယ်ကွေ့နိုင်ငံတွေရဲ့သွေးစည်းညီညွတ်မှုကို ပြတာ ဖြစ်ပါတယ်” လို့ သူက အယ်လ်ဂျာဇီးယား သတင်း ဌာနကို ပြောပါတယ်။
“လမ်းတွေပေါ်မှာ ဘာတွေဖြစ်လာမလဲ၊ တချို့ဒေသတွေကို ထိန်းနိုင်မလားဆိုတာတွေကိုတော့ ကျနော် မသိပါဘူး၊ ဒါပေမဲ့ လမ်းတွေကို ပိတ်ထားတဲ့ ဆန္ဒပြသမားတွေကတော့ ဘယ်သူ့အတွက်မှာ မကောင်းပါဘူး၊ ကျနော်တို့ ပြောရ ပါမယ်။ အစိုးရအနေနဲ့လိုအပ်တဲ့အပြောင်းအလဲတွေကို အတူတကွ လုပ်လိုစိတ်ရှိပါတယ်။ ဒါပေမဲ့ အခြေအနေတွေက ဒီလိုဖြစ်နေချိန်မှာ ခင်ဗျားအနေနဲ့ မပြောနိုင်ပါဘူး။”
ပြီးခဲ့တဲ့လက စစ်သားတွေက ဆန္ဒပြသမား ၇ ဦးကို သတ်ပစ်လိုက်တဲ့အချိန်ကစလို့ ဘာရိန်းရဲတွေနဲ့ဆန္ဒပြသမားတွေ ဟာ အကြမ်းတမ်းဆုံးထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားပြီးနောက် ၂၄နာရီအတွင်းမှာ စစ်သားတွေ ရောက်လာတာ ဖြစ် ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရဲ့အကြီးဆုံးရှီယာလှုပ်ရှားမှု ဖြစ်တဲ့ ဝေဖတ် (Wefaq) လှုပ်ရှားမှုအပါအ၀င် အတိုက်အခံ အုပ်စုတွေကတော့ နိုင်ငံခြားစစ်သားတွေ သုံးတာကို ဆန့်ကျင်ပြောဆိုကြပါတယ်။ “ဘာရိန်းဘုရင့်နိုင်ငံရဲ့ကုန်း၊ ရေ၊ လေ နယ်မြေထဲကို ဘယ်စစ်သား၊ ဘယ်စစ်တပ်ယန္တရားဝင်လာတာမျိုးကိုမဆို ဒါဟာ ရည်ရွယ်ချက်ရှိရှိ ၀င်ရောက်သိမ်း ပိုက် တာမျိုးလို့ပဲ ကျနော်တို့ ထင်ပါတယ်” လို့ ဝေဖတ်ရဲ့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်။
ရည်ရွယ်ချက်ရှိရှိဝင်ရောက်သိမ်းပိုက်မှု
ဆော်ဒီစစ်သားတွေကို ဆန္ဒပြသမားတွေကို ဆန့်ကျင်ကြပါလိမ့်မယ် လို့ ဘာရိန်းလူ့အခွင့်အရေးဌာနက နာဘီးလ် ရာ ဂျာ့ဘ်က အယ်လ်ဂျာဇီးယား ကို ပြောပါတယ်။ “ဒါက ပြည်တွင်းရေးကိစ္စပါ၊ ဒါကို ကျူးကျော်သိမ်းပိုက်မှုအနေနဲ့ ကျနော် တို့ စဉ်းစားမှာပါ” လို့ သူက ပြောပါတယ်။ “ဒီခြေလှမ်းကို ဘာရိန်းပြည်သူတွေက မကြိုဆိုပါဘူး၊ ဒီလှုပ်ရှားမှုကို လုံးဝ လက် မခံဘူး။ ဒါဟာ ဖိနှိပ်တဲ့အစိုးရတရပ်ကို တခြားဖိနှိပ်တဲ့အစိုးရက ထောက်ခံအားပေးတာပဲဖြစ်တယ်” ။ ဆော်ဒီ တပ်ဖွဲ့တွေဆိုက်ရောက်လာတာနဲ့ပတ်သက်ပြီး သတင်းတွေက ခန့်မှန်းတွက်ချက်သလိုပဲ ပုလဲလို့ခေါ်တဲ့ အ၀ိုင်းကြီးနား က ယာယီဆောက်လုပ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေနောက်မှာ ရာချီတဲ့ဆန္ဒပြသမားတွေ စုစည်းခဲ့ကြပါတယ်။
အစိုးရထောက်ခံသူတွေကတောင်မှ ဆော်ဒီရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် စီးပွားရေးထိခိုက်မှာတွေကို ကြောက်လန့် နေကြပါတယ်။ “ ဆော်ဒီတင့်ကားတွေက လမ်းတွေပေါ်မှာ ရှိနေတယ်ဆိုရင် ဘယ်သူတွေက စီးပွားရေး လာလုပ်မှာ လဲ” လို့ ဘာရိန်းဘဏ်လုပ်ငန်းရှင်တဦးဖြစ်တဲ့ အဗ္ဗဒူလာဆာလာဟက်ဒင်က ပြီးခဲ့တဲ့အပတ်က မေးပါတယ်။
အတိုက်အခံတွေနဲ့ဘာရိန်းဘုရင့်မိသားစုတွေဟာ အဖြေရှာလို့တွေ့နိုင်သေးတဲ့ အခြေအနေအောက်မှာ တွေ့ဆုံဆွေးနွေး ရေးအတွက် လိုအပ်တဲ့ ယန္တရားဖွဲ့စည်းမှုနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ ဘာရိန်းရဲ့အိမ်ရှေ့မင်းသား ဆယ်လ်မန်ဘင်ဟာမက် အယ်လ်ခါလီဖာကို သူတို့ တွေ့ပြီးပြီလို့ အတိုက်အခံအုပ်စုတွေက ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ ပါလီမန်ကို အာ ဏာပိုပေးဖို့၊ အစိုးရပြုပြင်ပြောင်းလဲဖို့နဲ့ ရွေးကောက်ပွဲခရိုင်တွေကိစ္စအပါအ၀င် အတိုက်အခံတွေရဲ့ သော့ချက်ကျတဲ့ တောင်းဆိုမှုတွေကို ပြောကြမှာ ဖြစ်တယ်လို့ တနင်္ဂနွေနေ့က အိမ်ရှေ့မင်းသားက အာမခံ ပြောကြားခဲ့ပါတယ်။
မတ် ၁၄၊ ၂၀၁၁ 18:33 GMT (Al Jazeera)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment