Thursday, March 10, 2011
မဲမနိုင်လို့ လမ်းဆက်မခင်းပေးတဲ့ ကြံ့ဖွံ့ပါတီ
ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ရွာအ ဝင်လမ်းမကြီးကို သူတို့ပါတီက ခင်းပေးပါမယ်လို့ ရွေးကောက်ပွဲမတိုင်ခင်က ရွာသူ၊
ရွာသားတွေကို ကတိပေးခဲ့ပြီး အခုတော့ဖြင့် ကျေးရွာ နေ ပြည်သူတွေထံမှ တအိမ်ထောင်ကို ငွေကျပ်တသောင်းစီ အနည်းဆုံးထား ကောက်ခံနေတယ်လို့ သတင်းရရှိပါ တယ်။
၂၀၁၀ ရွေးကောက်ပွဲ မတိုင်းခင်က ရန်ကုန်တိုင်း သန်လျှင်မြို့နယ် ကြံ့ဖွံ့အဖွဲ့ဟာ မဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်း ရုံးတဲ့အနေနဲ့ ၂၀၁၀ နိုဝင်ဘာ (၇) ရက်နေ့ ရွေးကောက်ပွဲမတိုင်မီ ကာလတွေမှာ ရပ်ကွပ်ကျေးရွာ အသီးသီးရှိ မြေသား လမ်းတွေကို စည်ပင်သာယာရေးအဖွဲ့ရဲ့ စက်ယန္တရားတွေ ငွေကြေတွေကိုအသုံးချပြီး လမ်းခင်းခြင်း လမ်းဖွင့်ပွဲများပြု လုပ်ခဲ့ခြင်းတွေကို လည်းကောင်းတို့ပါတီ မဲရရေးအတွက် ပြုလုပ်ခဲ့ကြပါတယ်။
နိုဝင်ဘာ (၇) ရက်နေ့ ရွေး ကောက်ပွဲမတိုင်ခင်က သန်လျှင်မြို့ ကြံ့ဖွံ့ပါတီက မဲဆွယ်စည်းရုံးသေားအနေဖြင့် ရန်ကုန် တိုင်း သန်လျှင်မြို့နယ် ဗိုလ်ချုပ်ကျေးရွာအဝင် လမ်းမကြီးကို လမ်းခင်းပေးမယ်ဆိုပြီး ကျောက်ခဲတွေကို လမ်းဘေးဝဲ ယာတလျှောက် ပုံချထားခဲ့ပါတယ်။
ရွေးကောက်ပွဲနေမှာ NDF ပါတီက ဗိုလ်ချုပ်ကျေးရွာမှာ မဲအများစုရသွားတဲ့အတွက် ရွာလမ်းမကြီးကို ဆက်လက်ခင် ကျင်း ပေးခြင်း မပြုတော့တဲ့အတွက် ရွာသူ၊ ရွာသားတွေက မကျေမနပ်ပြောဆိုနေကြပါတယ်။ ခုတော့ ကြံ့ဖွံ့ပါတီနဲ့ ရယက တို့ ဦးဆောင်ကာ တအိမ်ထောင်ကို လမ်းခင်းဖိုးအတွက် အနည်းဆုံး ကျပ်တသောင်း ထဲ့ရမယ်ဆိုပြီး အတင်း အကျပ် လိုက်ကောက်နေပါတယ်။
ဗိုလ်ချုပ်ရွာ ရွာအဝင်လမ်းမကြီးကို ကျောက်ကြမ်းများသာခင်ထားပြီး လမ်းမကြီးကိုလည်း အနှေးယာဉ်၊ အမြန်ယာဉ်များ သွားလာခွင့်မပြုဘဲ ပိတ်ဆို့ထားခဲ့တာ (၂) လလောက် ကြာနေပြီး ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကျေးရွာနေ ရွာသူ၊ ရွာသားတွေအနေနဲ့ ကုန်ဈေးနှုန်းကလဲ ကြီးမားပြီး စားဝတ်နေရေး ခက်ခရတဲ့ကြားထဲ တ အိမ်ထောင်ကို ကျပ်တသောင်း အတင်းအဓမ္မ ထည့်ဝင်ရသေး၊ လမ်းကိုလည်း ပြီးအောင်မခင်းပေးဘဲ ပိတ်ဆို့ထားတဲ့ အတွက် ခရီးသွား ပြည်သူ ကျောင်းသား ကျောင်းသူ အလုပ်သမားတွေအနေနဲ့ သွားလာရတာ အခတ်အခဲနဲ့ နေ့စဉ် ရင်ဆိုင်နေကြရပါတယ်။
ပေးပို့သူ .. လွင်မြင့်
Labels:
2010 election,
SPDC
Subscribe to:
Post Comments (Atom)

No comments:
Post a Comment