Wednesday, March 30, 2011

ဓာတ်သတ္တိကြွမှု စံနှုန်းသတ်မှတ်ချက် မတူညီမှုကြောင့် ဒေသထွက်ကုန်တွေအပေါ် စားသုံးသူတွေ ဝေခွဲမရဖြစ်နေ


ဓာတ်ပေါင်းဖို နံပတ် ၁ ၊ ၂ ၊  ၃ တို့ရဲ့ အပူချိန်လျော့ကျရေးကို တာဝန်ရှိသူတွေ အဓိကထား လုပ်ဆောင်နေကြပါတယ်။ TEPCO ရုံးချုပ်နှင့် ဖူကူရှီးမားရုံးခွဲတို့အကြား သတင်းထုတ်ပြန်မှု
ကွဲလွဲမှုများ ရှိနေတဲ့အတွက် ပြစ်တင်ဝေဖန်မှုများ တိုးတက်လာနေ ပါတယ်။ အစိုးရက ပြည်သူပိုင်လုပ်ရန် စဉ်းစားတဲ့အထိဖြစ် လာပါတယ်။
…..
ညူကလီ ယားဘေးကင်းရေးဆိုင် ရာပညာရှင်များအဖွဲ့ဟာ အခြေအနေတွေကို ဘယ်လိုနည်းနဲ့ အကောင်းဆုံးဖြစ်အောင်  ကျော်လွှားဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးမှုတွေလည်း လုပ်နေပါတယ်။
အစိုးရက ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကနေ ရှောင်ရှားနိုင်ဖို့ ဓာတ်အားပေးစက်ရုံ အနီးပတ်ဝန်းကျင်က နေပြောင်းရွှေ့ ဖို့ တိုက်တွန်းလုပ်ဆောင်နေချိန်မှာ TEPCO က သတင်းတွေကို ထိန်ချန်မှုရှိတယ်ဆိုတဲ့အသံတွေ ထွက်လာပါတယ်။
ဂျပန်အစိုးရက ကောင်းတဲ့သတင်းပဲဖြစ်ဖြစ် မကောင်းတဲ့သတင်းပဲဖြစ်ဖြစ် ပေးပို့အသိပေးရမယ် ဒါမှသာ ပြည်သူတွေကို အသိပေးနိုင်မှာဖြစ်ပြီး လိုအပ်တာတွေကိုဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။
TEPCO  က ဓာတ်ပေါင်းဖိုရဲ့အပူချိန်လျော့ကျလာနေတယ်လို့ ၂၉ ရက် ညနေ ၄ နာရီကျော်မှာပြုလုပ်တဲ့ သတင်းစာရှင်း လင်းပွဲမှာ ပြောသွားပါတယ်။
ဒီအတောအတွင်း ရေဒီယိုဓာတ်သတ္တိကြွတဲ့ ဒြပ်ပါတဲ့ရေတွေ စိမ့်ထွက်မှုရှိနေတယ်လို့လည်း သိရပါတယ်။ အဲဒီလိုစိမ့် ထွက်တဲ့ရေတွေ ပင်လယ်ထဲကို မရောက်သွားစေဖို့ ကွန်ကရစ်တမံတွေကို အရေးပေါ်လုပ်နေတယ်လို့လည်း သိရပါ တယ်။
ပင်လယ်ထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ပမာဏ အဆင့်မြင့်မားနေတယ်ဆိုတဲ့ တိုင်းထွာသိရှိရလို့ ငါးဈေးကွက်တွေမှာ လည်း အကျိုးသက်ရောက်မှုတွေရှိနေသလို တိုးဟိုးကုဒေသက ငါးဖမ်းလုပ်ငန်းတွေ ဆူနားမိ ဘေးကြောင့် အကြီးအ ကျယ်ထိခိုက်ခဲ့တာကြောင့်လည်း တိုကျိုက ဆုကိဂျိငါးဒိုင်မှာ ငါးအ၀င်နည်းပြီး ပုံမှန် ပမာဏရဲ့ သုံးပုံတပုံပဲရှိပါတယ်၊ ဒီ လိုပုံမျိုးနဲ့ဆိုရင် နောက်ထပ် ၂ နှစ် ၃ နှစ်လောက်အထိ ရှေ့အလား အလာဘယ်လိုဖြစ်မလဲဆိုတာ မှန်းရခက်တဲ့ အခြေ အနေမျိုးလို့ ငါးရောင်းတဲ့သူတဦးက ပြောပါတယ်။
နိုင်ငံ့စီမံကိန်းဆိုင်ရာဝန်ကြီး ခိုးအိချိရို ဂဲန်းဘာ့ က TEPCO က အကျပ်အတည်းကို ကိုင်တွယ်ပုံကို သုံးသပ်ကြည့်ပြီး တဲ့ နောက်ပိုင်းမှာ နိုင်ငံပိုင်ပြုလုပ်ရေးဆိုတဲ့လမ်းကို ရွေးချယ်ဖို့ရာဖြစ်လာနိုင်တယ်လို့ပြောပါတယ် ဒါပေမဲ့လည်း အစိုးရအ ဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နိုက သီးခြားပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတခုမှာ အခုလောလောဆယ်မှာ စဉ်းစားဖို့ရာ မရှိဘူးလို့ ပြောပါတယ်။
အစားအစာတွေနဲ့ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှု အဆင့်စံနှုန်းသတ်မှတ်ချက်ကို အစိုးရအနေနဲ့ တနိုင်ငံလုံးကို တပြေးညီသတ်မှတ်ဖို့လိုတယ်လို့ ဖူကူရှီးမားခရိုင်အုပ်ချုပ်ရေးမှူးက မတ်လ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဖူကူရှီး မားခရိုင်။ အီဘားရားကိခရိုင်တို့မှထွက်ရှိသော ဟင်းရွက်များတွင်ပါဝင်တဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုပမာဏအဆင့် စံနှုန်း သတ်မှတ်ချက်များ မတူညီမှုကြောင့် ဒေသထွက်ကုန်တွေအပေါ်တွင် အကျိုးသက်ရောက်မှုအမျိုးမျိုး ဖြစ်နေသည့်အ တွက် မျှတမှုမရှိလို့ ဆိုပါတယ်။ အဲဒီလို မတူညီမှုတွေကြောင့် စားသုံးသူတွေမှာ ဝေခွဲမရ ဖြစ်ရပါတယ်။
တိုကျိုမှာဆိုရင်လည်း အီဘားရားကိခရိုင်နဲ့ ဖူကူရှီးမားခရိုင်ထွက် ဟင်းသီးဟင်းရွက်တွေကို ၀ယ်စားဖို့ လက်တွန့်နေကြ ပါတယ်။
ကျော်ကျော်စိုး
၂း၃၄ နာရီ
မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ်

No comments: