Tuesday, March 22, 2011


၂၀ ရက်နေ့ ၁၅း၄၆ နာရီမှာ ဓာတ်ပေါင်းဖိုနံပတ် ၂ ရှိတဲ့အဆောက်အဦအထိ လျှပ်စစ်ဓာတ်အားကြိုးသွယ် တန်းလို့ပြီး သွားပြီလို့ TEPCO က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခက်အခဲပြသနာမရှိဘူးဆိုရင် နံပတ် ၂ ဓာတ်ပေါင်းဖိုမှာ လျှပ်စစ်ဓာတ်အားပြန်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ထိုအတောအတွင်း နံပတ် ၅ နဲ့ နံပတ် ၆ ဓာတ်ပေါင်းဖိုတွေဟာ တည်ငြိမ်တဲ့အနေအထားဖြစ်လာပြီလို့ အာဏာပိုင်တွေ ကဆိုပါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က အခြေအနေတွေဆိုးမလာအောင် ထိန်းသိမ်းဖို့ကြိုးပမ်းနေတာတောင် အ ပြောင်းအလဲတွေက ဖြစ်နိုင်ခြေရှိတယ်လို့ မတ်လ ၂၀ ရက် နေ့လယ်ပိုင်းပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါ တယ်။
နံပတ် ၃ ဓာတ်ပေါင်းဖိုထဲကို စုစုပေါင်း ရေတန်ချိန် ၂၀၀၀ လောက်ပက်ဖျန်းခဲ့ပြီးပြီလို့ သိရပါတယ်။ အဲဒီ့ပမာဏဟာ ဓာတ်ပေါင်းဖိုက လက်ခံနိုင်တဲ့တန်ချိန် ၁၄၀၀ ထက် များစွာကျော်လွန်နေပြီလို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အသုံးပြုပြီး လောင်စာတောင့်တွေသိုလှောင်ရာ ရေကန်ထဲကို ဘယ်လောက်ဝင်သလဲဆိုတာတော့ မသိနိုင်ပါဘူး။
နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်အကြီးအကဲ IAEA ယုကိယာ အာ့မာ့နို ဟာ ဂျပန်ကို ၂ ရက်ကြာ လာရောက် လေ့ လာမှုတွေပြုခဲ့ပြီးတဲ့နောက် သြစတြီးယားနိုင်ငံဗီယင်နာမြို့သို့ပြန်သွားခဲ့ပါတယ်။  IAEA အကြီးအကဲက အခုနေခါ အခြေ အနေတွေဟာ အကောင်းဘက်ကိုဦးတည်နေပြီလို့ ပြောလို့မရသေးဘူးလို့ ပြောပါတယ်။
ကာကွယ်ရေးဝန်ကြီး တိုရှိမိ ခိတာ့ဇာဝါ က ဓာတ်ပေါင်းဖို ၆ လုံးစလုံး အပူချိန် ၁၀၀ံ စင်တီဂရိတ်အောက်ကို ရောက်နေ ပြီလို့ဆိုပါတယ်။ ဒါပေမဲ့ နံပတ် ၃ ဓာတ်ပေါင်းဖိုမှာ ခဏလောက် အပူချိန်မြင့်တက်ခဲ့သေးတယ်လို့ ပြောပါတယ်။ အဲဒီ ဓာတ်ပေါင်းဖိုမှာ အသုံးပြုတဲ့လောင်စာတောင့်ဟာ ပလူတိုနီယံနဲ့ယူရေနီယံကို ပေါင်းစပ်ထားတဲ့ Mixed oxide MOX လို့ခေါ်ပါတယ်။ အဲဒီဒြပ်ပေါင်းဟာ အပူချိန်လွန်ပြီးပျော်ကျသွားလို့ရှိရင် အင်မတန်မှ အဆိပ်သင့်မှုပြင်းတဲ့ ပလူတိုနီယံ ဖြစ်လာပါလိမ့်မယ်။
ဒါကြောင့် ဓာတ်ပေါင်းဖိုတွေရဲ့အပူချိန် လျော့ကျပြီး တဖြည်းဖြည်းအေးသွားအောင် လုပ်ဖို့ ကြိုးစားနေကြ တာဖြစ်ပါ တယ်။
ကျော်ကျော်စိုး
၁း၄၄ နာရီ
မတ်လ ၂၁ ရက် ၂၀၁၁ ခုနှစ်

No comments: