Monday, March 28, 2011
သတင်းတွေ တိကျမှန်ကန်စွာနဲ့ မထုတ်တဲ့ TEPCO ကို ယုကိအိုအဲဒါ့နို က ပြစ်တင်ဝေဖန်
အကျပ်အတည်းတွေ့နေတဲ့ ညူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက် ရုံကနေရေဒီယိုဓာတ်သ တ္တိ ကြွတဲ့ဒြပ် တွေပျံ့နှံ့နေတဲ့ပမာဏဟာ အအေးပေးစနစ်အတွင်းရှိတဲ့ ပုံမှန်ပျံ့နှံ့မှုပမာဏထက် အဆပေါင်း ၁၀ သန်းများပြားနေ တယ်လို့ မတ်လ ၂၇
ရက်နေ့မှာ TEPCO ၀န်ထမ်းတဦးက မှတ်တမ်းတင်ခဲ့တာကို အများက သိရှိခဲ့ပြီးတဲ့နောက် အဲဒီကိန်းဂဏန်းဟာ မဟုတ်ဘူးလို့ TEPCO အရာရှိတွေက နောက်ပိုင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီလောက် သေရေးရှင်ရေးဖြစ်လုမတတ်အခြေအနေမှာ မှားယွင်းတယ်ဆိုတာဟာ နားလည်မှုပေးဖို့ရာနဲ့ ခွင့်လွှတ်ဖို့ရာ ခက်ခဲလှပါတယ်။ ဒီဟာ မှတ်တမ်းကောက်ယူမှုမှာ ပြန်လှန်စစ်ဆေးမှုမရှိဘူးဆိုတာကို ဖော်ပြနေသလို TEPCO ရဲ့ အ ကျပ်အတည်းအခက်အခဲကို ကိုင်တွယ်မှု အင်မတန်ပေါ့လျော့တယ်ဆိုတာကိုလည်း ဖော်ပြနေပါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို က အခြေအနေတွေကို ပိုဆိုးမလာအောင်ထိန်းသိမ်းဖို့ကြိုးစား နေပေမဲ့လည်း အခက်အခဲအကျပ်အတည်းတွေရှိနေတယ်လို့ ပြောပါတယ်။ သတင်းအချက်အလက်တွေကို တိကျမှန်ကန်စွာနဲ့ မထုတ်တဲ့ TEPCO ကို ယုကိအိုအဲဒါ့နိုက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
တနင်္ဂနွေနေ့ ညပိုင်းမှာ ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီရဲ့ အရာရှိတဦးဖြစ်တဲ့ မီနိုးရု အိုဂိုတာ က ဓာတ် ပေါင်းဖိုတွေရဲ့ ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ ဒြပ်တွေ တန်ချိန်ရာနဲ့ချီ ရှိနေတယ်လို့ ပြောပါတယ်။
ကျော်ကျော်စိုး
၁း၁၅ နာရီ
မတ်လ ၂၈ ရက် ၂၀၁၁ ခုနှစ်
Labels:
Japan,
Nuclear Melted down,
TEPCO
Subscribe to:
Post Comments (Atom)

No comments:
Post a Comment