Saturday, January 5, 2013
ခြိမ်းခြောက်ပြီးအုပ်ချုပ်ရင် အမျိုးယုတ်သွားလိမ့်မယ်
အောင်မင်းတို့လှည့်စားသမျှ ပြည်တွင်းပြည်ပ အရည်ပျော်ကျနေတုန်း လက်ပံတောင်းက လက်ပန်းပေါင်းထခတ်ပြတော့ အောင်မင်း ဟန်မဆောင်တော့ပါ၊ တရုတ်ပြည်သာကျေးဇူးရှင် တရုတ်က မဟာအင်အားကြီး စတာတွေနဲ့ခြိမ်းခြောက်ပြီး တရုတ်အောက်မှာ ၀မ်းလျားမှောက်ပေးရတော့မယ့်ပုံစံနဲ့ ဇာတ်စုံခင်းပြလာတယ်။
အောင်းမင်းကို သိအောင်တော့ပြော ရမယ်။ အောင်းမင်းပြောသလောက် တရုတ်ပြည်အစိုးရက အဆင်ခြင်မဲ့ လုပ်တတ် သလား။ တရုတ်က နိုင်ငံတကာမှာ စီးပွားရေးအင်အားကြီးလာတော့မှန်တယ်။ အဲဒါကြီးကိုကိုင်ပြပြီး တရုတ်က မြန်မာ ပြည်က စီးပွားရေးဆန့်ကျင်မှုတွေ လုပ်လာရင် တိုင်းရင်သားတွေကို လက်နက်ပေးပြီး အနောက်ကနေ ၀င်သိမ်းလိုက် မယ် ဆိုတာ ဟုတ်ပါ့မလား၊ မြစ်ဆုံဆည် ရပ်ဆိုင်းလိုက်တဲ့ကိစ္စကတည်းက တရုတ်ကမကြေနပ်လို့ အကြောင်းရှာနေတာ မကြောက်ကြဘူးလား စသဖြင့် ခြိမ်းလုံးဖြီးလုံးတွေနဲ့ အောင်မင်း အကြောထောင်နေတာကို အခု ချိုးပြမယ်။
တရုတ်က မြန်မာပြည်မှာ ရင်းနှီးမြှုတ်နှံမှုတွေကို ဘယ်သူတွေနဲ့ လုပ်ခဲ့တာလဲ? တရုတ်ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်အချိန် ကနေစပြီး လုပ်ခဲ့တာလဲ၊ အောင်မင်း အနေနဲ့ လိမ်စဉ် ခြိမ်းးစဉ်ကို ချပြမယ့်အစား အမှန်ကိုပြောရမယ်။ အောင်းမင်းတို့ တရုတ်နဲ့လုပ်ထားတဲ့ စာချုပ်ပေါင်းများစွာတို့ထဲက ၉၉.၉၉ ရာနှုန်းဟာ စစ်အာဏာရှင် အုပ်စိုးတဲ့အချိန်မှာ လုပ်ခဲ့ကြတာ၊ တရုတ်က ကုလသမဂ္ဂမှာ၊ အမြဲတမ်း ငါးနိုင်ငံ ကြီးငါးကြီးထဲမှာပါနေတော့ အောင်မင်း ဘဘ တွေက တရုတ်ကိုပြေးကပ် ဖင်လျှက်ပြပြီး တိုင်းပြည်ထဲကိုတရုတ်စီးပွားရေးတွေ အတင်းဆွဲသွင်းလာကြတာ မဟုတ်လား။
အောင်မင်း အပါဝင် အောင်မင်းတို့ ဘဘတွေ အုပ်ချုပ်တုန်းက အောင်းမင်းတို့ နေပြည်တော်မပြောနဲ့ တပြည်လုံးရဲ့ စစ် အုပ်ချုပ်မှုပုံစံကို နိုင်ငံတကာကကြည့်ပြီး အောင်းမင်းတို့ ဘဘကြီးအစိုးရကို ကုလသမဂ္ဂမှာ ယာယီ အစိုးရအသင်းအဖွဲ့ ပုံစံမျိုးလောက်ပဲဆိုတဲ့ (De facto Government) ဆိုပြီး သတ်မှတ်ထားခဲ့ကြတာလေ။
အဲဒီအစိုးရက နဲ့ ရင်းနှီးမြှုပ်နှံမှုတွေအများလုပ်တဲ့ တရုတ်က ခုချိန်မှာ သူလုပ်ခဲ့တဲ့ သူ့ရဲ့သိက္ခာကို သူသိနေတယ်။ တ ရုတ်က သူ့အစိုးရအဖွဲ့ထဲမှာတောင် ဖြုတ်ထုတ်ရှင်းတွေကို အခု လုပ်ပြနေတာကို အောင်မင်း မမြင်ဘူးလားပဲ၊ တရုတ်က အလကားလုပ်ပြတာမဟုတ်ဘူး အောင်မင်းရေ။
ကမ္ဘာမှာ အင်အားကြီးလာတော့ နိုင်ငံပေါင်းစုံက တရုတ်ကို မျက်လုံးပေါင်းစုံနဲ့ ၀ိုင်းကြည့်လာကြတာကို တရုတ်က ပြု ပြင်မှုတွေ လုပ်ပြလာရတယ်။ တရုတ်က အာဖရိကမှာ လက်ဝင်လျှိုပြီး အာဖရိက အာဏာရှင်အစိုးရတွေနဲ့ သူပုန် ပေါင်း စုံရဲကို ဈေးကွက်တမျိုးထဲကနေ လက်နက်ခဲယမ်းတွေ နှစ်ဖက်စလုံးပေးပြီး စစ်ပွဲတွေကျင်းပပေးတာ ကမ္ဘာက သိလာလို့ တရုတ်စီးပွားရေးသမားတွေ တရုတ်အစိုးရကို ဝေဖန်ကန့်ကွက်တာတွေဖြစ်လာတော့ တရုတ်အစိုးရက သူ့ဂုဏ်သိက္ခာနဲ့ သူ့လုပ်ရပ်တွေအတွက် ဆင်ခြင်လာရတယ်။
ကမ္ဘာကြီးတခုလုံးမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ပမာဏငွေဟာ ရှန်ဟိုင် စီးပွားရေးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၂ မှာ အမေရိကန်ဒေါ်လာ ထရီလီယန်ပေါင်း ၈၂၀ နဲ့ လည်ပတ်နေတာကို ထုတ်ပြန်တယ်။
ဒါဆို အောင်မင်း လိမ်လည်ပြီး ခြိမ်းခြောက်နေတာကို သိသာအောင်ပြောရရင် မြန်မာပြည်မှာ တရုတ်ရဲ့ရင်းနှီး မြှုပ်နှံမှု ဟာ ကမ္ဘာကြီးတခုလုံးကို ရင်းနှီးမြှုပ်နှံထားမှုရဲ့ ၁ ရာခိုင်နှုန်းတောင်မရှိပါဘူး၊ အဲလောက်ပမာဏလေးပဲရှိတဲ့ မြန်မာပြည် ထဲကအကျိုးစီးပွားကို တရုတ်က အသဲအမဲဖြစ်ပြီး မြစ်ဆုံရပ်လိုက်လို့ လက်ပန်တောင်းရပ်လိုက်လို့ တရုတ်က မြန်မာ ပြည်ကြီးကို စစ်ရေးအရ ၀င်ရောက်လာတော့မယ့် အနေထားမျိုးကို အောင်မင်းက ရောက်လေရာနေရာမှာ ပေါက်တတ် ကရ ဟိတောပဒေသာပုံပြင်လိုလုပ်ပြီး ထုတ်ထုတ်ပြောနေတယ်။
အောင်မင်း သိသင့်တာက တရုတ်စီးပွားရေးနဲ့ ဦးပိုင်ကြောင့် တိုင်းပြည်ကုန်းကောက်လို့မရအောင် ငါးပါးမှောက်နေရတဲ့ လူနေမှုနေ့စဉ်ဘ၀ကို ကယ်တင်ဖို့ တရုတ်ဦးပိုင်စီးပွားရေး သဘောတူစာချုပ်အရ အလျော်ပြန်ပေးရမယ်ဆိုတာ လက်ခံ နိုင်ပါတယ်။ တရုတ်ကလည်း အလျော်တောင်းတာလောက်ကလွဲလို့ တကမ္ဘာလုံးက ၀ိုင်းအုံကြည့်ခံနေရတာကို သိတဲ့ အတွက် တရုတ်ပြည်က ဘာမှ ဆက်လုပ်လို့ မရဘူး၊ ကုလသမဂ္ဂမှာလည်း နိုင်ငံတကာနဲ့ ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုရဲ့ သဘောသဘာဝ ပရိုတိုကောတွေ ကွန်ဗင်းရှင်းတွေဆိုတာ ခိုင်ခိုင်မာမာရှိပါတယ် အောင်မင်းရယ်။ လုပ်ချင်သလိုလုပ်လို့် မရပါဘူး။
တရုတ်ကို ပြန်လျော်ပေးရတော့ရော ဘယ်လောက်ဆုံးရှုံးမှာမို့လဲ၊ အောင်မင်းတို့ ဘဘတွေရဲ့ ကတိကြောင့် ပြည်သူ တွေ မထောက်ခံလို့ ဖြစ်လာတဲ့ ကိစ္စက ချက်ချင်းကြီးလဲ တရုတ်က အားလုံး အလျော်ပြန်ယူလို့ မရဘူးဆိုတာ အောင်မင်း အနေနဲ့ ပြည်သူတွေကိုချပြပေးသင့်တယ်။
ပြန်လျော်ရမယ့် ငွေကြေးဟာ ချေးငွေ မဟုတ်လို့ အတိုးတပြားသားမှ ပေးစရာမလိုဘူးဆိုတာ နိုင်ငံတကာ ပရိုတိုကော တွေကို အောင်မင်း လေ့လာသင့်တယ်။ ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတကာခုံရုံးတခုခုမှ ဆုံးဖြတ်မှုကို ယူရမှာဖြစ်သလို ပြန်လျော်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့ရင်တောင် အရစ်ကျ နှစ်အလိုက်ပေးရမယ့် ငွေကြေးပမာနဟာလဲ ကနေ့ အောင်မင်းတို့ နေပြည်တော်က ဘဘကြီးများကို ပေးနေတဲ့ ပူဇော်စရိတ်လောက်ပဲရှိတာကိုလည်း မြင်သင့်တယ်။
ခု ကချင်ဒေသကို အောင်မင်းတို့ စစ်တိုက်လိုက်တာ လပေါင်း ၂၁ လထဲမှာ အမေရိကန်ဒေါ်လာ ၆၅ သန်း ကုန်ကျသွား ပြီဆိုတာ အောင်မင်းတို့ရဲ ဘော်ဘော်ကြီး မင်းအောင်လှိုင်ရုံးက သတင်းထွက်လာတာပဲ။ ဘယ်လောက် နှမျောဖို့ ကောင်းလိုက်တဲ့ ငွေတွေလဲ၊ ကချင်ဘက်ကလဲ အောင်မင်းတို့ စစ်ဘီလူး ထိုးစစ်ကို ကာကွယ်ဖို့ ပြင်ဆင်လိုက်ပြီး ခံတိုက် လိုက်တာ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးလောက် ကုန်တယ်လို့ စစ်ရေးကျွမ်းကျင်တဲ့ နိုင်ငံတကာ စစ်ရေး စောင့် ကြည့်နေတဲ့ ဂျိမ်း စာစောင်အုပ်စုက ပြောပါတယ်။
နောက်ဆုံးတော့ အောင်မင်းတို့ စစ်ရေးအရ ခြိမ်းခြောက်ပြပြီး တိုင်းရင်းသားတွေကို အပေါ်စီးက ထာဝရဖိထားဖို့ဆိုတဲ့ တိုက်ပွဲကြီးကို သိက္ခာတင်ဖို့ လိုက်ရှာနေတဲ့ တရုတ်က ၀င်ပြီး နှစ်ဖက်စလုံးကို အာဖရိကမှာလို လက်နက်ပေးပြီး တိုက် ခိုင်းထားတဲ့အမှားအတွက် ဖာကွက်ထေးကွက်ရသွားပြီး တရုတ်ကပဲ ဂုဏ်သိက္ခာ ဒုနဲ့ဒေး ရသွားတယ်။
အောင်မင်းက တိုင်းပြည်ကို စစ်ဗိုလ်ချုပ်တွေဘ၀ကလိုပဲ သေနတ်အာဏာနဲ့ ခြိမ်းခြောက်ပြဖို့ အခု ပြောင်းလဲရေးဟန်ပြ လမ်းစဉ်မှာ လုပ်မရတော့လို့ တရုတ်၊ ကုလားတွေကို တိုင်းပြည်ထဲဆွဲသွင်းပြီး တရုတ်၊ ကုလား ခရိုနီစီးပွားရေးတွေ ကြီး ပွားနေတာကိုပြပြီး ပြည်သူကို နေ့စဉ်နဲ့မမျှ ထမင်းတနပ်စားဖို့ စကားလုံးတွေနဲ့ အကြွေးဆပ်ဖို့ တွန်းအားပေးပြီး ကျီးလန့် စာစားဖြစ်နေအောင် လုပ်လာကြတာ တရားမမျှတတာမို့လို့ တရားနည်းလမ်းတကျ အခင်းကျင်းတခုကို စေတနာ သန့် သန့်နဲ့လုပ်ရင် ကောင်းမယ်။
အဲဒီ တရုတ် ကုလားတွေရဲ့ စီးပွားရေး ကြီးပွားနေတာ အောင်မင်းတို့ ဗိုလ်ချုပ်တွေ ဗိုလ်ချုပ်လူဝတ်လဲတွေအောက်မှာပဲ လုပ်နေကြတာကို တရုတ်အစိုးရကိုယ်တိုင်က စစ်ဗိုလ်ချုပ်တွေကို လဒ်ထိုးပြီး လုပ်နေကြရတာပါဆိုပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်သွားတာ အောင်မင်းတို့ ဘယ်လိုရှင်းမလဲ။
အောင်မင်း သိသင့်တာက အောင်မင်း ပြောပြောနေတဲ့ တရုတ်တွေ ကုလားတွေဟာ အောင်မင်းတို့ပဲ ပြည်သူကို ခြိမ်း ခြောက်ဖို့ ခေါ်သွင်းထားတဲ့ စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေဆိုတာသိရင်၊ အောင်မင်းပြောပြောနေတဲ့ အဲဒီ ပြည်ပ က လူမျိုးတွေကို တခါးဖွင့်ပေးပြီး အစုလိုက် အပြုံလိုက် ပုံအောပြီး၊ တိုင်းပြည်ထဲမှာ ပြည်သူတွေကို ချယ်လှယ်ခွင့်ပေး ထားတာကို အောင်မင်းတို့ အစိုးရက မတားမြစ်ဘူးဆိုရင်တော့ အနာဂတ် မြန်မာပြည်ဟာ ….
ဂိုလ်ရှယ်လေး
ဖေဖော်ဝါရီလ ၄၊ ၂၀၁၃
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment