ဗျောက်အိုးကြီးတွေ တဗုံး ဗုံးနဲ့ လိုက်ဖေါက်နေရော့လား။
လူမျိုးစုတော်လှန်ရေးအဖွဲ့တွေကိ
မြန်မာစစ်အုပ်စုက တဖတ်သတ်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေနဲ့ အသစ်ရေးဆွဲဆိုတဲ့ ပြဿနာတွေကို ကြည့်ပြန်ရင်လဲ။ ပြင်မလား အသစ်ဆွဲမလား ဆိုတဲ့ လှုပ်ရှားမှုတွေဟာ လူထုထဲမှာ နိုးထလှုပ်ရှားမှုတွေကို တွေ့မြင်နေရချိန် ဖြစ်နေတယ်။ နောက်ဆုံး စစ်အုပ်စုတွင် ပုဂ္ဂိုလ်တွေကတောင် ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ အသံပေးလာတဲ့အထိ ဖြစ်လာပေမယ့် ဒီအုပ်စု ပြင်ချင်တာက လွှတ်တော်ထဲမှာ စာလုံးပေါင်းလောက်ပဲ ပြင်ချင်တဲ့ သဘောထားဆိုတာ သိသာပါတယ်။ ဘာပဲပြောပြော ဒီကိစ္စမှာလဲ စစ်အုပ်စုအတွက် အကြပ်အတည်းကို လုံးဝ ဆိုက်ရောက်နေပြီး ဖြစ်တယ်။ ဒါအပြင် မြေသိမ်းယာသိမ်း ကိစ္စတွေမှာလဲ အခုအခါ ဘီလူးသဘက်စီးသလို့ ဖြေရှင်းလာတာကို တွေ့နေကြရပြီ ဖြစ်တယ်။
ဖြစ်နေတဲ့ အကြပ်အတည်းတွေကို မှန်ကန်စွာ ဖြေရှင်းလိုမှုမရှိဘဲ၊ ဗိုလ်ကျချင်တဲ့အဆင့်က နဲနဲလေးမှအလျော့မပေးချင်တဲ့ စစ်အုပ်စုဟာ လူမျိုးရေး ဘာသာရေး အကြမ်းဖက်တာတွေ၊ ပြင်မလား အသစ်ဆွဲမလား အငြင်းပွာတာတွေ၊ အလှမယ်ကိစ္စတွေနဲ့ လုပ်လေ့လုပ်ထရှိတဲ့ အာရုံလွှဲဖို့ကိုပဲ အားသန်တယ်၊ ဒီလိုလုပ်ရပ်တွေကို သူ့ရဲ့ ထွက်ပေါက်လို့ မြင်ထားတယ်။
အခု နောက်ဆုံး လူထုအနေနဲ့ ခြေမချရဲလောက်အောင် တနိုင်ငံလုံးအနှံ့ တဗုံး ဗုံးနဲ့ ဗုံးကွဲတာတွေ၊ ဗုံးလန့်တဲ့ ပြဿနာတွေဟာ ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့တယ်။ နိုင်ငံရေးအကြပ်အတည်းတွေကို ဒီလို အာရုံပြောင်းတဲ့နည်း လှန့်တဲ့နည်းတွေနဲ့ ဘယ်လောက်ကြာကြာ ရှောင်လွှဲထားနိုင်မှာလဲ။ ဒီလို မတည်မငြိမ်အနေအထားကိုပြပြီး စစ်အုပ်စုက လက်တလုံးအလိုကို ပါးပါးလေး တွန်းပို့နေကြပြီလား ...။
No comments:
Post a Comment