Wednesday, February 19, 2014

ဟောပြောပွဲဖျက် သင်္ကန်းချုံများနဲ့ပတ်သက်ပြီး မိတ်ဆွေတဦးနဲ့ စကားစမြည်

ရာဇဝင်ရိုင်းတဲ့ သူတပါးကျွန်ခံ ကိုယ့်လူမျိုးကို ကျွန်ပြန်လုပ်တဲ့ မျိုးဖျက် လက်ဝေခံစစ်ပဒေသရာဇ်တွေ၊ ဟောပြောပွဲဖျက် သင်္ကန်းချုံများနဲ့ပတ်သက်ပြီး မိတ်ဆွေတဦးနဲ့ စကားစမြည်

b. good morning
k. ဂွတ်တမောနင်း… ဂွတ်အီးဗနင်း

b. စာပေ ဟောပြောပွဲတွေကို လိုက်ပီး နှောက်ယှက်တာ ပိတ်တာတွေကို လုပ်လာပြီနော်။
k. ရိုင်းသွားပြန်ပြီဗျို့.. ကျုပ်တို့မိရိုးဖလာ ဘိုးဘွားအမွေသာသနာရဲ့သံဃာ့ဂုဏ်တွေ ထပ်တိုးညိုနွမ်း ရိုင်းစိုင်းသွားပြန်ပေါ့ဗျာ။ ရင်နာစရာ။

b. အကောင်းမကျန်အောင် လုပ်နေကြတာလေ.. လူတွေ မျက်စေ့ပွင့်
နားပွင့် ဖြစ်လာမှာကို ကြောက်တာလဲ တပိုင်းပေါ့။
k. စစ်အုပ်စုက သာသနာကိုတောင်ချနင်း နိုင်ငံရေးအမြတ်ထုတ်ပြီး၊ သူအာဏာတည်မြဲအောင် လုပ်နေတာကို ဒီဘုန်းကြီးတွေ ဒီလူတွေ မသိသားဆိုးရွားလှတယ်။

b.အမိန့် နာခံမှု တည်ဆောက်တဲ့ နည်းလမ်း ကလဲ တမျိုးပေါ့၊ တမင်ကို လုပ်နေကြတာဗျ။
k. သူတို့တဖက်သတ်စိတ်ကြိုက်ရေးချင်သလိုရေးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတဲ့ စာအုပ်စုတ်စာအုပ်နုပ်ကြီးကို မပြင်ချင်လို့ မဆိုင်တာကိုလက်ညိုးထိုးရှောင်လွဲတာ။

b. ပွဲတွေပျက်သွားရင်လဲ အမြတ်ပဲ ဟိုလူ မပါရ ဒီလူ မပါရ ကန့်သတ်တာကို ခံရတာ အကျင့် ဖြစ်လာရင်လဲ အမြတ်ပဲ ဆိုတဲ့ အပေါက်ပေါ့ ပျော်ဘွယ်မှာ ဖြစ်တဲ့ဟာကိုလဲ ထဲ့တွက်အုံး။
k. ဖျက်နေတာဗျ။ တကယ်က သူတာဝန်ခံထားတဲ့ တရားဥပဒေစိုးမိုးရေးတာဝန်ကို မကျေပွန်တဲ့အပြင် သူက မာဖီးယားဂိုဏ်လို တဖက်လှည့်နဲ့ မြောက်ပေးနေတယ်။ တော်တော်ရာဇဝင်ရိုင်းတဲ့အလုပ်။

b. ဟုတ်တယ်၊ မကြာခင် မာဖီးယားဂိုဏ်းတွေပေါ်ပေါ်ထင်ထင်ဖြစ်လာကြအုံးမယ်။
k. ဟစ်တလာရဲ့လက်ရုံးဖက်ဆစ်ရှပ်ညိုတွေနဲ့တောင်နှိုင်းလို့်မရဘူး၊ ဟိုကစည်းကမ်းရှိတယ်၊ အထိန်းအကွပ်ရှိတယ်။ ဟစ်တလာတာဝန်ခံတယ်။ ရာဇဝင်ရိုင်းရင်သူအဓိကရိုင်းမယ်။ ခုဟာကမြောက်ပေးပြီးသာအသုံးချနေတာ ဘာမှ တာဝန်မခံဘူး၊ တော်တော်ရိုင်းစိုင်း စုတ်ပဲ့တဲ့ သူတပါးကျွန်ခံ ကိုယ့်လူမျိုးကို ကျွန်ပြန်လုပ်တဲ့ မျိုးဖျက်လက်ဝေခံ စစ်ပဒေသရာဇ်တွေ။

b. ပို အဆင့် မြင့်လာတာပေါ့။
k. သူအခြေနေမဟန်ရင် ဒီ သူအသုံးချနေတဲ့ထဲက တယောက်နှစ်ယောက်လောက်ကို သူထင်သလို စတေးပစ်ပြမယ်။

b. ဟုတ်တယ်
k. အရင် ၆၂ နှစ်တုန်းကတော့ ပြည်ထောင်စုကြီးပြိုကွဲမယ့် အန္တရာယ်ကြီးလို့ ခြောက်လှန့် အမြတ်ထုတ်ခဲ့တယ်။

b. အဲဒါကို အသုံးချခံနေရတဲ့ လူတွေက မသိဘူး။
k. ဟိုး ၁၉၄၀...၅၀ လောက်က ဘုန်းကြီးတွေလောက်တောင် ခေတ်ကိုမီအောင်မလိုက်နိုင်ဘူး။ အများကြီး ကျန်ခဲ့ပြီ။

b. ကျန်ခဲ့ကြတာတော့ ဘုန်းကြီးတင်မကဘူး အားလုံးပဲ ။ နိုင်ငံရေးသမားတွေအပါဝင်ပဲ။
k. ခေတ်ကိုမီအောင်မလိုက်နိုင်ဘဲ သင်္ကန်းအားကိုးနဲ့ လူရာဝင်ချင်တာ။ အကုန်မျက်နှာအိုးမဲသုတ်ခံရသလို ဖြစ်နေကြတာကိုလည်း မမြင်နိုင်တော့ဘူး။ ဟိုတခါလည်း ဗမာဘုန်းကြီးဓါတ်ပုံနဲ့ ဗုဒ္ဓအကြမ်းဖက်ဝါဒ မျက်နှာဖုံးဆိုပြီး အရှက်ခွဲခံခဲ့ရတာလဲ ရှက်ရကောင်းမှန်းမသိ။ နိုင်ငံတကာစာနယ်ဇင်းတွေမှာ။ ရှက်စရာ၊ ခုတခါထပ်ဖြစ်ပြန်ပြီ။

ရဲဘော်ကျော်သန်း

No comments: