Showing posts with label ကိုဆက်. Show all posts
Showing posts with label ကိုဆက်. Show all posts

Sunday, September 14, 2014

မောင်မောင်တိတ် (သို့မဟုတ်) ၇၄ ကျောင်းသားခွပ်ဒေါင်း သူပုန်ကြီး

သူ့ကို ကြီးသူနှင့် ရွယ်တူများက “ကိုတိတ်” ဟု ခေါ်ကြသည်။ သူ့ထက်ငယ်သူ ကျနော်တို့ အားလုံးကတော့ အဘ တိတ် ဟု ခေါ်သည်။ ချာတိတ်တွေကလည်း ချစ်စနိုးနှင့် “အဘတိတ်” ထိုသို့ခေါ်ဝေါ်ခြင်းတွင် ချစ်ခင်လေးစားမှုနှင့် ရိုသေသ မှုများ ပါဝင်နေသလို၊ ဒါကို သူကလည်း သိပါသည်။

သေချာသည်မှာ သူ့ အသက်အရွယ်သည် ယနေ့ကာလ၌ အဘအရွယ်သို့ ရောက်ရှိနေပြီ၊ ၅၀ ကျော် ၆၀ တန်း၊ ဆံ ပင်ဖြူ၊ နှုတ်ခမ်းမွှေးဖြူ မုတ်ဆိတ်မွှေးများဖြူ၍ တင်စားဆိုရမလား ကဗျာဆန်ဆန်ပြောရမလားမသိ ကမ္ဘာကျော် ဗီယက်နမ် ခေါင်းဆောင်ကြီး “ဟိုချီမင်း” လိုလို သို့မဟုတ် တရုတ်ပြည်မှ တော်လှန်ရေး စာရေဆရာကြီး လူရွှန်း လိုလို။