Showing posts with label ထက်ရာဇာ. Show all posts
Showing posts with label ထက်ရာဇာ. Show all posts

Tuesday, April 29, 2014

တခါက အာဇာနည်နေ့

၁၉၉၀ ဇူလိုင်လ ၁၉ ရက်နေ့၊ (၄၃) နှစ်မြောက် အာဇာနည်နေ့။

အဲဒီညက မှတ်မှတ်ရရ မိုးတွေကလဲသည်းလိုက်တာ။ ည ၁၀ နာရီလောက် အိပ်လို့လဲမပျော် ဗိုက်ကလဲဆာလာတာနဲ့ မီးဖိုခန်းဝင်ပြီးထမင်းစားဖို့ ကြည့်လိုက်တော့ အမေချက်ထားတာက ၀က်သားနဲ့ ပုန်းရည်ကြီးဟင်း။ ထမင်းခူး ဟင်းထည့်ပြီး ထမင်းစားလို့ တ၀က်မရောက်ခင်မှာပဲ ရုပ်တရက် လျှပ်စစ်မီးတွေပျက်သွားတယ်။ အိမ်က အမေအပါအ၀င် အားလုံးလည်း အံ့သြသွားတယ်။ ကျနော်တို့နေတဲ့ရပ်ကွက်က ဗွီအိုင်ပီရပ်ကွက်တခုပါ။ တခါမှ မီးပျက်တာ ရေပျက်တာဆိုတာ မရှိခဲ့ပါဘူး။ ထူးထူးခြားခြား မီးပျက်သွားတာဟာ ကျနော့်စိတ်ကိုထင့်ကနဲ ဖြစ်သွားတယ်။

နေ့လည်က အာဇာနည်ကုန်းရင်ပြင်မှာ ထိုင်သပိတ်လုပ်ခဲ့ပြီး အဲဒီတုန်းက