Showing posts with label ပန်မာကောက်. Show all posts
Showing posts with label ပန်မာကောက်. Show all posts

Thursday, September 11, 2014

မေ့ပျောက်၍မရနိုင်သော ပြည်သူ့တပ်မတော်ရဲ့ အောင်ပွဲ (အပိုင်း ၁)


11 September 2014 | အောင်တင်ထွန်း | နေ့သစ်

ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ မကြုံစဖူး ကြီးမားလှတဲ့ ထိုးစစ်ကြီးတခုကို ရန်သူ မဆလ စစ်တပ်က ပါတီရဲ့အခြေခံဒေသကြီး အပေါ်လုပ်ဆောင်လာခဲ့ပါတယ်။ ဒီထိုးစစ်ကြီးကို “မင်းရန်အောင်စစ်ဆင်ရေးကြီး” လို့ အမည်နာမတပ်ပြီး ၁၉၇၉ ခုနှစ် နိုဝင်ဘာ (၁၉) ရက်နေ့ကစပြီး ၁၉၈၀ ခုနှစ် ဇန်န၀ါရီလ (၆) ရက်နေ့အထိကို မင်းရန်အောင်အဆင့် (၁) အဖြစ်သတ်မှတ် လုပ်ဆောင်ခဲ့တယ်။
ပါတီရဲ့ တရုတ် မြန်မာနယ်စပ်တလျှောက် ရှည်လျားကျယ်ပြန့်လှတဲ့ အခြေခံဒေသကြီးကို ရန်သူ တပ်မ (၇၇) (၈၈) (၉၉) (၆၆) စတဲ့တပ်မ (၄) ခုမှ တပ်ရင်းပေါင်း (၃၄) ရင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျှင်တပ်ရင်း (၂၂) ရင်းနှင့် အခြားလက်ရုံးတပ်ဖွဲ့များ အမြောက်တပ်ဖွဲ့ လေတပ်တပ်ဖွဲ့များနှင့် တမျက်နှာလုံး ထိုးစစ်ဆင်ခဲ့တယ်။

မဆလစစ်အစိုးရရဲ့ အဓိကရည်ရွယ်ချက်က