Showing posts with label အာဇာနည်နေ့. Show all posts
Showing posts with label အာဇာနည်နေ့. Show all posts

Wednesday, July 17, 2013

နောက်ထပ် အရှုံးမပေါ်စေချင်ပါ

အာဇာနည်နေ့.. ဒို့မမေ့

ကျနော့်ဘဝဟာ အာဇာနည်နေ့မှာ အစပြုခဲ့သလို အာဇာနည်နေ့မှာ လူဖြစ်လာတာပါ။ ကျနော့ကို မွေးဖွားပေးခဲ့တဲ့ ကရင်သူနာပြုဆရာမကြီးက မွေးမွေးချင်း “အာဇာနည်မောင်” လို့ နာမည်ပေးခဲ့တယ်။ သူပေးတဲ့နာမည်ကို မိသားစုညီ အကို မောင်နှမတွေကရော၊ ရပ်ကွက်ထဲက သူငယ်ချင်းတွေကရော ဘယ်သူမှ မခေါ်သလို အသိအမှတ်လည်းမပြုဘူး။ ဒါပေမဲ့

Friday, July 12, 2013

အာဏာရှင်တွေ ဒေါသူပုန်ထလို့

ဇူလိုင်ရက်လ ရောက်ခဲ့ရတိုင်း
စိတ်ကျရောဂါဝင်လာတယ်..
ဇူလိုင်မိုးဖွဲ သည်းချေပျက်အောင်
ရက်စက်မှုများကြုံခဲ့တယ်…
ဇူလိုင်မှာ ဖွားရက်များစွာဟာ
အင်အားချိနဲ့သွားခဲ့တယ်…
ဇူလိုင်မှာမွေးရက်လေးတွေလည်း
သွေးနံ့ညှီတုန်းရှိသေးတယ်။
(ဇူလိုင်ဝေဒနာကဗျာမှ)

လွန်ခဲ့တဲ့ ၂၂ နှစ်လောက်က အိန္ဒိယနိုင်ငံ နယူးဒေလီရောက် မြန်မာကျောင်းသားတွေထုတ်ခဲ့တဲ့ ဇူလိုင်လက်ကမ်းစာ ဆောင်လေး တခုမှာ  ရေးခဲ့ဖူးတဲ့ ကဗျာအပိုင်းအစလေးတခုကို ကောက်နှုတ်ဖော်ပြလိုက်တာပါ။ အဲဒီတုန်းက ဇူလိုင်ဟာ မြန်မာပြည်အတွက် အိပ်မက်ဆိုးတွေရှိခဲ့ဖူးတဲ့ ခံစားချက်နဲ့ တွေးခဲ့ရေးခဲ့ဖူးတယ်။ တိုင်းပြည်ရဲ့