ပြီးခဲ့တဲ့စနေနေ့က မြန်မာ့တသွင်ဆန်း ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့ သမ္မတဦးသိန်းစိန်ရဲ့ နှစ် (၅၀) အတွင်း ပထမ ဆုံး အမေရိကန် ခရီးစဉ်မှာ (တကမ္ဘာလုံးက ဒီမိုကရေစီနိုင်ငံတွေနှာခေါင်းရှုံ့သွားစေနိုင်လောက်တဲ့ )သမိုင်းတွင်မဲ့ စကား တခွန်းပြောသွားပါတယ်။ ဒီစကားကြောင့် မြန်မာသမ္မတကြီးဟာ မပြောသင့်တာကိုပြောတယ်၊ အင်မတန် ထုံထိုင်း န လွန်းတဲ့ သနားစရာ သတ္တ၀ါလေးပါလားလို့လည်း သတင်းစာဖတ် ကမ္ဘာ့ပြည်သူက တထိုင်တည်း မှတ်ချက်ချကြပါ တယ်။ ငါတို့ သမ္မတကြီးကွလို့ မြှောက်ထိုးပင့်ကော် သာကူးတွေရော၊ နိုင်ငံရေးသိက္ခာကို ရသမျှအောက်ထစ်ဈေးနဲ့ အသနားခံ ပြည်တော်ဝင်ပြီး စစ်ရာထူးပြုတ် ခေါင်းပေါင်းတွေဆီ ပါးယက် နားယက်လုပ်နေတဲ့