Written by စည်သူအောင်မြင့်
ပြီးခဲ့တဲ့ ဇူလိုင်၂၄ ရက်က ကျင်းပတဲ့ ၃၄ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပုဇွန်တောင် အမတ် ဦးအောင်ဇင်က ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲအတွက် မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေရှိမယ့် စနစ်တခု ဖော်ဆောင်ပေးရေးအဆို တခုတင်ပါတယ်။ အဲဒီအဆိုကို လွှတ်တော်မှာ ဆွေးနွေးဖို့ မဲခွဲ ဆုံးဖြတ်ပါတယ်။ သတင်းကို အစိုးရပိုင်သတင်းစာတွေနဲ့ ပုဂ္ဂလိကပိုင်သတင်းစာ၊ ဂျာနယ်တွေမှာ ဖော်ပြကြပါတယ်။ ဦးအောင်ဇင် တင်ပြတဲ့ အဆိုအပေါ် ၃၅ ရက်မြောက် ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမတ် ၁၀ ယောက်ဆွေးနွေးပါတယ်။
၃၆ ရက်မြောက် ပြည်သူ့လွှတ်တော်အစည်းအဝေးအစီအစဉ် စာရွက်ထွက်လာတဲ့အခါ နဂိုအစီအစဉ်တွေမှာပါခဲ့တဲ့ အဆိုနဲ့ ကွဲလွဲဖော်ပြထားတာကို အမတ်တွေ တွေ့ကြရပါတယ်။ ဒီအခါ အင်န်အယ်လ်ဒီအမတ် ဒေါ်ခင်ဌေးကြွယ်နဲ့ ဒေါ်ခင်စန်းလှိုင်တို့က