Showing posts with label ဇော်ဝင်း. Show all posts
Showing posts with label ဇော်ဝင်း. Show all posts

Monday, February 24, 2014

ကြံ့သားရေ ဖွတ်မြီး အပိုင်း ၃

ကြံ့ဖွံ့နဲ့အမျိုးဘာသာ

ဒီနေ့ခေတ်မှာ ကြံ့ဖွံ့ပါတီဟာ စည်းရုံးရေးအရ တော်တော်အောင်မြင်လာတယ်လို့ ဆိုရမလိုပဲ။ လွန်ခဲ့တဲ့ ၆ နှစ် ၇ နှစ်တုန်းက သံဃာတွေကို သေနတ်နဲ့ ပစ်ခတ်နှိမ်နင်းခဲ့သူတွေဟာ ဒီနေ့အချိန်မှာ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မယ့်သူတွေပါလို့ လူတချို့ ယုံအောင်ပြောနိုင်တာဟာ နည်းနည်းနောနော

ကြံ့သားရေ ဖွတ်မြီး အပိုင်း ၂

ကြံ့ဖွံ့ရဲ့အစစ်အမှန်မျက်နှာ

ကြံ့ဖွံ့ခေါင်းဆောင်တွေ မကြာမကြာပြောတတ်တဲ့ စကားတွေထဲမှာ ဒီနေ့အထိ အလိမ်အညာအလှည့်အဖျား စကားတွေကို ရဲရဲရင့်ရင့် တွင်တွင်ကျယ်ကျယ် သုံးနေကြသေးတာကို တွေ့ရတယ်။

အထင်ရှားဆုံးစကားကတော့ “ကျနော်တို့ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတာ ဖြစ်လေတော့....” “ကျနော်တို့ကို ပြည်သူလူထုက ယုံကြည်လို့ အာဏာ လွှဲအပ်ထားတာ ဖြစ်လေတော့...” ဆိုတဲ့စကားတွေပဲ။ ဒီစကားတွေကို ကြံ့ဖွံ့ခေါင်းဆောင်တွေက

Friday, February 21, 2014

ကြံ့သားရေ ဖွတ်မြီး (အပိုင်း ၁)

ကြံ့ဖွံ့ပါတီရဲ့ ဗီဇ

၁၉၉၀ ရွေးကောက်ပွဲမှာ တစညရှုံးနိမ့်ပြီးနောက် လူမုန်းများတဲ့ မဆလ အသွင်ပြောင်းတစညကို ပြန်လည်အသက်သွင်းဖို့ မလွယ်တော့ဘူးဆိုတာကို စစ်အာဏာရှင်တွေ သဘောပေါက် သွားကြတယ်။ အဲသလို သဘောပေါက်သွားတဲ့အတွက် ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်း USDA ကို ဖွဲ့စည်းလိုက်တယ်။ ဒါဟာ တစည ကို ကန်ထုတ်ပြီး စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေးပါတီသစ် ထူထောင်ဖို့ ပထမခြေလှမ်းကို အစပျိုးလိုက်တာပါပဲ။ ဦးနေဝင်းဦးဆောင်တဲ့ မဆလစစ်အာဏာရှင် ပါတီရဲ့နေရာမှာ

Wednesday, September 25, 2013

မြုံသွားတဲ့ ဟုန်ရှင်းအနာ

ဟုန်ရှင်း အလုပ်သမား ပြဿနာပြေလည်သွားပြီလို့ သတင်းမီဒီယာတွေမှာ ရေးကြသားကြတယ်။ ဘီဘီစီကဆိုရင် ဟုန်ရှင်းအလုပ်သမားတွေဟာ တောင်းဆိုချက်တွေ ရရှိခဲ့ပြီဖြစ်လို့ သပိတ်စခန်းကို ရုပ်သိမ်းပြီး အိမ်ပြန်သွားကြပြီလို့တောင် ရေးထားလိုက်ပါသေးတယ်။

အမှန်တကယ် ပြဿနာပြေလည်သွားတာလား။ အလုပ်သမားတွေတောင်းဆိုချက်တွေ တကယ်ရသွားခဲ့ကြသလား။ တကယ်တော့