Showing posts with label 2084. Show all posts
Showing posts with label 2084. Show all posts

Monday, June 30, 2014

နှစ်ထောင့် ရှစ် ဆယ့် လေး (၄)

၂၀၈၄ ဧပြီ ၄ရက် -ရုပ်ရှင်ပြတဲ့ နောက်ဆုံးည။ ပြသမျှ ရုပ်ရှင်ကားအားလုံး စစ်ကားတွေချည်း။ ဘင်္ဂလား ပင်လယ်အော်ထဲဝယ် အန်ဒါမန် ကျွန်းစုနား တနေရာမှာ  ဒုက္ခသည်တွေကို တင်လာတဲ့ သဘောင်္ကို စစ်ရဟတ်ယာဉ်တွေက ဗုံးကျဲနစ်မြုပ်လိုက်ပုံဟာ သောက်ကျိုးနဲ ကောင်းတဲ့ကား။ အန်ဒါမန် ပင်လယ်ထဲမှာ တရုတ်ဝဝကြီး တယောက်ဟာဗမာပြည် ကမ်းခြေကို ရောက်နိုင်လိမ့်နိုးနိုး နဲ့ အသက်လုပြီး လက်ပစ်ကူးနေ လေရဲ့။ သူ့နောက်မှာ စစ်ရဟတ်ယာဉ်က ဝီဝီခေါ်ပြီး တရုတ်ကြီးကို လိုက်နေတာပေါ့။ ရေထဲမှာ ဝေလငါး ဖြူဖြူဖွေးဖွေးကြီး လိမ့်လိမ့်နဲ့ ကူးနေသလို တရုတ်ဖြူကြီးဟာလဲ ရေလိုင်းတွေကြားမှာ ပေါ်လိုက်လိမ့်လိုက်နဲ့။ သည့်နောက်တော့ စစ်ရဟတ်ယာဉ်က စက်သေနတ် ပြောင်းဝတွေကို ဆွဲရိုက်ပြ။ သည့်နောက်တော့