သမတ အတွက် ဒဏ်ရာနှစ်ချက်
၂၀၁၃ ခုနှစ် အတွက်ငြိမ်းချမ်းနိုဘယ်လ်ဆုဟာ မြန်မာသမတကြီးကို ဒဏ်ရာနှစ်ချက်ရစေတယ်။ တချက်က သူ့နှလုံးသားတည့်တည့်ဖြစ်ပြီး နောက်တချက်က ခေါင်းတည့်တည့် ဖြစ်တယ်။ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကြီးနဲ့ လွဲသွားလို့ နှလုံးသားကိုထိမှန်တဲ့ဒဏ် သမတကြီးခံနိုင်ရည် ရှိကောင်းရှိမှာပါ။ ဒါပေမဲ့ နယ်သာလန်အခြေစိုက် ဓာတုလက်နက် တားမြစ်ပိတ်ပင်ရေးအဖွဲ့ (Organisation for the Prohibition of Chemical Weapons- OPCW) အဖွဲ့ နိုဘယ်လ်ဆု ဆွတ်ခူးသွားတာကတော့ သမတဦးခေါင်း မိုးကြိုးပစ်ခံရတာနဲ့ တူကောင်းတူနိုင်ပါတယ်။ တနည်းပြောရရင်