Friday, March 4, 2011

ဘုန်းကြီးပျံပွဲ ကြက်ပျံမကျ စည်ကား


ဘုန်းတော်ကြီး လောင်န်တာမဟာဘူဝါယန်နဆမ်ပန်နို  ကို မီးသင်္ဂြိုလ်မယ့်ပွဲဟာ ထောက်ပံ့ပို့ဆောင်ရေး ဖက်မှာ တ ကယ့်ကို အခက်အခဲ ရှိနေပါတယ်

ဥဒေါင်ဌာနီပြည်နယ်က သစ်တောထဲက ပါဘန်တာ့ဒ်ဘုန်းကြီးကျောင်းဟာ တက်ကြွမှုတွေနဲ့အတူ ပျားပန်းခပ်မျှ စည် ကား နေပါတယ်။ ဘုန်းကြီးကျောင်းထဲမှာ သီတင်းသုံးနေတဲ့ ဘုန်းတော်ကြီး ၂၅၀၀ ကျော်ကို ဆွမ်းကပ်ဖို့နဲ့ နေ့စဉ် လာ ရောက်လည်ပတ်ဖူးမျှော်နေတဲ့ ထောင်ချီတဲ့ ပရိသတ်တွေကို ကျွေးမွေးဖို့အတွက် မီးဖို ၁၅၀၀ ကျော်ကို ဆောက်နေပါ တယ်။ ဘုန်းကြီးကျောင်းကိုလာနေတဲ့ ထောင်နဲ့ချီတဲ့ကားတွေကို နေရာပေးဖို့ ကွက်လပ်အများကြီး လုပ်ထားရမယ်။ ဆန်အိတ်တွေနဲ့ ဟင်းသီးဟင်းရွက်တွေကို အထဲကို သယ်ယူပြီး သူ့နေရာနဲ့သူ သိုလှောင်ဖို့ လုပ်ရမယ်။ စနေနေ့မှာ ကျင်းပမယ့် အခမ်းအနားပွဲတော်ကြီးအတွက် ဒါတွေအကုန်လုံး ပြင်ထားရမှာ ဖြစ်တယ်။ ပွဲဆိုတာကတော့ ဇန်န၀ါရီလ ၃၀ ရက်နေ့က ပျံတော်မူသွားတဲ့ လူအများလေးစားကြည်ညိုတဲ့ သက်တော် ၉၈ နှစ်ရှိ ဘုန်းတော်ကြီး လောင်န်တာမ ဟာဘူဝါရဲ့ မီးသင်္ဂြိုလ်ပွဲပါ။ မီးသင်္ဂြိုလ်ဘုရင်မကြီးကိုယ်တိုင် ကမကထပြု ဆောင်ရွက်မှာဖြစ်ပါတယ်။
ဘုန်းကြီးကျောင်းဟာ နာမည်ကျော်ဘုန်းတော်ကြီးရဲ့နောက်ဆုံးအခမ်းအနားအတွက် လာရောက်ဖူးမျှော်ကြမယ့် ဧည့် သည်အမြောက်အများကို နေရာထိုင်ခင်းလုပ်ပေးဖို့နဲ့ လုပ်ဖို့လိုတာမှန်သမျှလုပ်ပေးဖို့နဲ့ အလွန်ပဲ အလုပ်များနေပါတယ်။ မနက်ဖန်ဆို အခမ်းအနားကို တရားဝင် စတင်ပါမယ်။
ထောက်ပံ့ပို့ဆောင်ရေးကတော့ တကယ့်ကို စိန်ခေါ်မှုတခုပါပဲ။ ဘုန်းကြီးကျောင်းထဲမှာ  အကျယ် (၁၀၉၅ လိုက်) ဒါမှ မဟုတ် စတုရန်မီတာ ၂ သန်း ကျော်ရှိတဲ့ ကားတွေရပ်ဖို့ နေရာ ၅ ခုကနေ ၁၉ ခုထိ တိုးချဲ့ပြင်ဆင်ထားတာတောင်မှ ယာဉ်အသွားအလာ ပြဿနာ တက်ပါမယ်။ အစားအသောက်၊ ရေ၊ ရေခဲ ချက်ဖို့ပြုတ်ဖို့လိုတာတွေအကုန်လုံးကို အခု ကတည်းက စုထားရမယ်။ ဘာလို့လဲဆိုတော့ မနက်ဖန်နဲ့ စနေနေ့မှာ ဘုန်းကြီးကျောင်းအပြင်နဲ့ ပတ်လည်ကို ကားတွေ ထွက်နိုင်မှာမဟုတ်လို့ပဲ။ လို့ ဘုန်းကြီးကျောင်းပတ်လည်မှာ ဆောက်ထာတဲ့ မီးဖိုကြီး၊ မီးဖိုငယ်တွေကို စီမံနေတဲ့ စားဖို မှူးတွနဲ့ စေတနာ့ဝန်ထမ်းလုပ်အားပေးသူတွေကို ဘုန်းကြီးကျောင်းအာဏာပိုင်တွေက မနေ့က ပြောပါတယ်။ ဘုန်းကြီး ကျောင်းထဲမှာ ဆဲန်နီးရိုနာရုတ်စခန်းက ရဲအရာရှိ ၅၀ လောက်ဟာ ဘုန်းကြီးပျံအခမ်းအနားအတွက် အစမ်းလေ့ကျင့်နေ ကြပါတယ်။
မီးသင်္ဂြိုလ်ပွဲကို စနေနေ့ နေ့လည် ၁ နာရီမှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ အလှူငွေ ဘတ် ၂၆၇ သန်းနဲ့ ရွှေချိန် ၄၅ ကီလို ဂရမ် လက်ခံရထားပါပြီ။
မတ် ၃၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)

No comments: