Friday, March 4, 2011
ကယ်ဆယ်ရမယ့်သူတွေအတွက် ဘတ်ငွေ ၄၇၆ သန်း ကက်ဘိနက်က ခွင့်ပြု
လစ်ဗျားနိုင်ငံက ဆူပူမှုတွေကနေ ထွက်ပြေးလာတဲ့ ထိုင်းအလုပ်သမားတွေကို လျော်ကြေးပေးဖို့နဲ့ အရေးပေါ် အကူအ ညီပေးဖို့အတွက်
နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့အလုပ်သမားဝန်ကြီးဌာနအတွက် ဘတ်ဂျက်ငွေ ဘတ်၄၇၆သန်းကို အစိုးရ က မနေ့က အတည်ပြုခဲ့ပါတယ်။
လစ်ဗျားက ထိုင်းအလုပ်သမား ၂၃,၆၀၀ ကို ကယ်ဆယ်ဖို့ သယ်ယူပို့ဆောင် ရေးစရိတ် ဘတ် ၄၀၃ သန်းကို နိုင်ငံခြား ရေးဝန်ကြီးဌာနအတွက် ချပေးလိုက်ပြီး ကျန်ငွေကို အလုပ်သမားဝန်ကြီး ဌာနကတဆင့် ပေးဖို့သင့်လျော်တဲ့ အလုပ်သ မားတွေအတွက် တယောက်ကို ဘတ် ၁၅,၀၀၀ ပေးဖို့ သုံးစွဲမှာဖြစ်ပါတယ်။ ထိုင်းအလုပ်သမားအများစုဟာ လစ်ဗျားမှာ ပြန့်နေပြီး၊ သူတို့နေတဲ့နေရာတွေဟာ တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ဒေသတွေမှာ ရှိနေတယ်။ တခြားတိုင်းပြည်က အလုပ် သမားတွေကို ကယ်ဆယ်ဖို့လွယ်တယ်လို့ ၀န်ကြီးချုပ်ရဲ့လက်ထောက် အတွင်းရေးမှူး ပနိထန်း က ပြောပါတယ်။
ထိုင်းအလုပ်သမားအများစုကတော့ အခြေအနေတွေ ပုံမှန်ပြန်ရောက်ရင် သူတို့အလုပ်တွေ ပြန်လုပ်နိုင်မယ်ဆိုတဲ့ မျှော် လင့်ချက်နဲ့ ဆက်နေဖို့ ဆုံးဖြတ်ထားတယ်လို့ သူက ထပ်ပြောပါတယ်။ ကယ်ဆယ်ရေးအတွက် စောင့်နေတဲ့ ထိုင်းအ လုပ်သမားတွေကို ဗီဇာထုတ်ပေးရာမှာ အီတလီ၊ စပိန်၊ ဂရိနဲ့ တူရကီ နိုင်ငံတွေက သက်သက်ညှာညှာစဉ်းစားမှာ ဖြစ်ပါ တယ်လို့ သက်ဆိုင်ရာတိုင်းပြည်ကသံအမတ်ကြီးတွေနဲ့တွေ့ဆုံအပြီးမှာ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဥရောပဌာနက မနေ့ က ပြောပါတယ်။
မနေ့ကထိ အလုပ်သမား ၁,၁၃၉ ယောက် ထိုင်းနိုင်ငံကို ပြန်ရောက်ပါပြီ။ လျော်ကြေးငွေ ၁၅,၀၀၀ထုတ်ဖို့အတွက် ပြည် နယ်အလုပ်သမားရုံးမှာ စာရင်းပေးသွင်းကြဖို့ အလုပ်သမားဝန်ကြီးဌာနက အကြံပေးထားပါတယ်။ အထောက်အထား အခိုင်အလုံပြနိုင်သူတွေကို ၃ ရက်အတွင်း လျော်ကြေးငွေ ထုတ်ပေးမှာဖြစ်ပါတယ်။ ၀န်ကြီးဌာနကို အရေးပေါ် လိုင်း ၁၆၇၉ နဲ့ ရုံးချိန်မှာဆက်သွယ်နိုင်ပြီး မိုဘိုင်းဖုန်းနံပတ် (၀၈၅) ၄၈၁ ၀၂၄ ၃၅၊ (၀၈၀) ၂၂၂ ၁၉၈ ၃၄ နဲ့ (၀၈၀) ၂၃၀ ၀၆၉၇ ကို နေ့ရောညပါ ဆက်သွယ်နိုင်ပါတယ်။
လစ်ဗျားမှာ ကန်ထရိုက်စာချုပ်သက်တမ်း အစောပိုင်းကုန်သွားတဲ့ ထိုင်းအလုပ်သမားတွေအတွက် ထိုင်ဝမ်မှာ အလုပ် တွေ အများကြီး ရနိုင်တယ်လို့ အလုပ်သမားဌာနက ပြောပါတယ်။ အလုပ်သမားဝန်ကြီးချာလမ်ချိုင်းနဲ့ ထိုင်ဝမ်အရာရှိ တွေ တွေ့ပြီးတဲ့ မတ်လ ၁၄ ရက်မှာ လစ်လပ်နေတဲ့အလုပ်အများအပြားကို ကြေညာမှာဖြစ်ပါတယ်လို့ အလုပ်သမား ဌာန၊ ညွှန်ချုပ် ဆူမက်မဟိုဆော့က ပြောပါတယ်။
မတ် ၂၊ ၂၀၁၁ (The Nation)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment