Saturday, March 5, 2011
ဒီဇယ်ဈေးနှုန်း ဆက်ပြီးတက်နေတာ ဘဏ္ဍာရေးဝန်ကြီး မထောက်ခံ
ဧပြီလမတိုင်ခင် ဒီဇယ်လက်လီဈေးအမြင့်ဆုံးတက်နေတာကို ချဖို့ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ဘဏ္ဍာရေးဝန်ကြီး ခေါန် ချာတိက၀မ်နစ်ခ်ျ က အရိပ်အမြွက်ပြောလိုက်ပြီး
စက်သုံးဆီရန်ပုံငွေက ထောက်ပံ့တာတွေအပြင် တခြားဆောင်ရွက်စ ရာရှိတာတွေလည်း ဆောင်ရွက်ကြဖို့ ဆီလက်လီရောင်းသမားတွေက အစိုးရကိုတောင်းဆိုပါတယ်။
အမြင့်ဆုံးဈေးနှုန်းထိတက်နေတာကို ဖယ်ပစ်ဖို့ဆိုတာ နိုင်ငံရေးအရ လူကြိုက်မများနိုင်ဘူး လို့ ခေါ်န်က ၀န်ခံပြောကြား လိုက်ပါတယ်။ ဒါပေမဲ့ စီးပွားရေးမူဝါဒကို အချက်အလက်တွေအပေါ်မှာ အခြေခံရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ “စက်သုံးဆီရန်ပုံငွေ ထောက်ပံ့မှုအကန့်အသတ်ကြောင့် တလီတာ ဘတ် ၃၀ တက်နေလို့ အကျိုးသက်ရောက်မှု ရှိနေ တယ် ဆိုတာကို ကျနော်တို့အနေနဲ့ လက်ခံဖို့လိုတယ်၊ ဈေးနှုန်းက ခန့်မှန်းတာထက်မြင့်နေတယ်ဆိုရင် ကျနော်တို့ ဒါကို လက်ခံဖို့လိုတယ်၊ လူကြိုက်များတဲ့အပေါ် ဆိုးကျိုးရှိတယ်ဆိုတာကို ကျနော် မငြင်းပါဘူး။ ဒါပေမဲ့ ကျနော်တို့ တိုင်းပြည် ကို မဖျက်ဆီးနိုင်ပါဘူး” လို့ သူကပြောပါတယ်။
စက်သုံးဆီရန်ပုံငွေအတွက် အရံထားတဲ့ငွေကို ဈေးနှုန်းထိန်းဖို့ သုံးမှာမဟုတ်ဘူး။ လို့ သူက အသေအချာပြောပါတယ်။ ဒီကိစ္စဟာ ၀န်ကြီးချုပ်နဲ့စွမ်းအင်ဝန်ကြီးတို့နဲ့ဆွေးနွေးရမယ့် ကိစ္စဖြစ်နေဆဲဖြစ်တာမို့ တလီတာ ၅ ဘတ်နှုန်းနဲ့ စက်သုံးဆီ အပေါ်ကောက်ခံတဲ့အခွန်ကို ဖြတ်တောက်သင့်တယ်။ ဆုတဲ့အပေါ် မှတ်ချက်ကိုတော့ သူက ငြင်းပယ်ပြောဆိုလိုက်ပါ တယ်။ စက်သုံးဆီဈေးနှုန်းတွေဟာ တစည်ကို အမေရိကန်ဒေါ်လာ ၁၀၀ (ဘတ် ၃၀၀၀) အထက်ကို တက်သွားပါပြီ။ စက်သုံးဆီဈေးနှုန်းတက်တာက ကုန်စည်ဝယ်လိုအား အထူးသဖြင့် ရွေဝယ်လိုအားကို ပြဿနာဖြစ်စေတာလည်း ဖြစ် ပါတယ်။ ဗုဒ္ဓဟူးနေ့က ရွှေဈေးက ဒေါ်လာ ၁၄၄၀.၃၂ အထိ တက်သွားတယ်။ စွမ်းအင်ဝန်ကြီး ဥက္ကဋ္ဌလုပ်တဲ့ ထိုင်းနိုင်ငံ စွမ်းအင်မူဝါဒနဲ့စီမံကိန်းရေးဆွဲရေးရုံးက ဒီကနေ့ ဆွေးနွေးပွဲကျင်းပမှာဖြစ်ပါတယ်။ တလီတာကို နောက်ထပ် ၅၀ စတန် ဖြည့်ပေးရေး အတည်ပြုဖို့ ခန့်မှန်းရတယ်။ ဒီလိုဖြည့်ပေးတဲ့အတွက် တလီတာကို ၄.၅၀ ဘတ် မြင့်သွားမှာဖြစ်ပြီး ဒီဇယ် ဈေးနှုန်းက တလီတာ ဘတ် ၃၀အောက်မှာ ရှိမှာဖြစ်ပါတယ်။ ထိန်းချုပ်ထားတဲ့ဈေးနှုန်းက တလီတာကို ၂၉.၉၉ ဘတ် ဖြစ်ပြီး တကယ့်ဈေးနှုန်းက တလီတာကို ၃၄.၄၉ ဘတ် ဖြစ်ပါတယ်။ ရေနံစိမ်းဈေးနှုန်းက တစည်ကို ၃ ဒေါ်လာ တိုးလာ တယ်ဆိုရင် ဒီဇယ်ဈေးကွက်အရောင်းကွာဟမှုက တလီတာကို ၈၄ စတန်ကနေ ၂၅ စတန်အထိ ကျနိုင်ပါတယ်လို့ မဟာဗျူဟာလက်လီဈေးကွက်ဌာန ဒုဥက္ကဋ္ဌချက်ကရိချာလုချင်ဒါက ပြောပါတယ်။
“စက်သုံးဆီဈေးနှုန်းမြင့်တက်နေတာက လက်လီအရောင်းသမားတွေ လုပ်ငန်းဆက်လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကုန် ဈေးနှုန်းတိုးလာတာ၊ ငွေဖောင်းပွတာနဲ့အတိုးနှုန်းတွေမြင့်သွားတာတော့ ရှိလာမှာပါ၊ နောက်ထပ်ဆောင်ရွက်စရာ တွေမ လုပ်ရင် လက်လီရောင်းသမားတွေ အရှုံးနဲ့ရင်ဆိုင်ရပါမယ်” လို့ ချက်ကရိက ပြောပါတယ်။ ထောက်ပံ့ငွေတွေ အတော် နေရာများများမှာ ပေးနေရလို့ စက်သုံးဆီရန်ပုံငွေအပေါ်ပိနေတဲ့ဝန်ထုတ်ဝန်ပိုးက အရမ်းကြီးတယ်။ မော်တော် ယာဉ် တွေသုံးတဲ့ သဘာဝဓါတ်ငွေ့အတွက် လစဉ် ထောက်ပံ့ဖြည့်ဆီးငွေ ဘတ် သန်း ၄၀၀ နဲ့ ဓါတ်ငွေ့ရည်အတွက် ထောက်ပံ့ ငွေ ဘတ် ၁.၅ ဘီလျံကနေ ၂ ဘီလျံထိ ရှိပါတယ်။
မတ် ၄၊ ၂၀၁၁ (The Nation)
Subscribe to:
Post Comments (Atom)

No comments:
Post a Comment