Friday, March 4, 2011

ချွမ်လိပိုင် အမေ ၊ ထွမ် ကွယ်လွန်


ဝန်ကြီးချုပ်ဟောင်း ချွမ်လိပိုင်အမေ၊ မယ့်ထွမ် ခေါ် ထွမ်လိပိုင်ဟာ ဗုဒ္ဓဟူးနေ့မနက်က ကွယ်လွန်သွားခဲ့ပါတယ်။
အ သက် ၉၉ နှစ် ရှိပါပြီ။ မယ့်ထွမ်ဟာ ချွမ်လိပိုင်ရဲ့အိမ်မှာပဲ လူကြီးရောဂါနဲ့ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ အသုဘ ကိစ္စ အတွက် သူမရဲ့ရုပ်အလောင်းကို ဒီညနေမှာ ထရန်မြို့ကို ပြန်လည် ပြောင်းရွှေ့မှာဖြစ်ပါတယ်။
ထွမ်ကို ၁၉၁၂ ခုနှစ်က ထရန်မြို့မှာမွေးဖွားခဲ့ပါတယ်။ သူမဟာ နီယွမ်လိပိုင်နဲ့လက်ထပ်ခဲ့ပြီး သား ၆ ယောက်နဲ့ သမီး ၃ ယောက် ထွန်းကားခဲ့ပါတယ်။ ချွမ်လိပိုင်ဟာ တတိယမြောက်သား ဖြစ်ပါတယ်။ သူမရဲ့သား ချွမ်လိပိုင်ဟာ ၁၉၉၂ ကနေ ၁၉၉၅ ထိ နဲ့ ၁၉၉၇ ကနေ ၂၀၀၁ ကာလတွေမှာ ၀န်ကြီးချုပ်ဖြစ်ခဲ့ပေမဲ့လည်း ထွမ်ဟာ ထရန်ဈေးမှာ ဟင်းရောင်းပြီး သူ မ ဘ၀ကို ရိုးရှင်းစွာ နေထိုင်ခဲ့သူဖြစ်ပါတယ်။ အသက်ကြီးလာတော့မှ ခေါင်းရွက်ဗျပ်ထိုးဈေးသည်အလုပ်ကို စွန့်လွှတ်ခဲ့ တာပါ။
၁၉၉၃ ခုနှစ်မှာ ထွမ်ကို ထူးချွန်တဲ့မိခင်ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။
မတ် ၂၊ ၂၀၁၁ (The Nation)

No comments: