Sunday, March 27, 2011

အခြေအနေဟာ ခန့်မှန်းရခက်ကြောင်း ဂျပန်ဝန်ကြီးချုပ်ပြောကြား


မတ်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီက ပြုလုပ်တဲ့သတင်းစာ ရှင်း လင်းပွဲမှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကနေ ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေယိုစိမ့်ထွက်လို့ အလုပ်သမား ၃ ဦးအ နက် ၂ ဦးဟာ ဓာတ် ရောင်ခြည်သင့်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုသွားပါတယ်။
ဓာတ်ရောင်ခြည် သင့်ခံရတဲ့သူ ၂ ဦးဟာ လက်မောင်းနဲ့ ခြေထောက်တွေမှာ မီးလောင်ခံရသလို အရေပြား   တွေလန်ထွက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ ဓာတ်ပေါင်းဖိုရှိတဲ့အ ဆောက်အအုံအနီးက တာဘိုင်အင်ဂျင်စက်ထားတဲ့ အဆောက်အဦတွင်းမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။
ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ အကြောင်း ၂ ခုအရ ဖြစ်နိုင်တယ်လို့ တွက်ဆကြပါတယ်။ ပထမတချက် က အသုံးပြုပြီး ညူကလီယားလောင်စာတောင့်တွေထားရှိတဲ့ ရေလှောင်ကန်ကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယို စိမ့်ထွက်တာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။
ဒုတိယတချက်က ညူကလီယားဓာတ်ပေါင်းဖို ပင်မအခန်းမှာ ရေလျော့နည်းကျဆင်းပြီး အပူချိန်မြင့်တက်ကာ လောင်စာ တောင့်တွေ အရည်ပျော်တာ melt down ဖြစ်နိုင်တယ်ဆိုတာပါပဲ။
ဒီအတောအတွင်း တိုကျိုမြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ အဲဒိုဂါဝါ့မြို့နယ်အတွင်းက သုတေသနလုပ်ဖို့အတွက် စိုက်ပျိုးထား တဲ့ ကိုမတ်ဆုနာ့(မုံညင်းစိမ်းတမျိုး)မှာ ရေဒီယိုဓာတ်သတ္တိကြွဒြပ်တွေ ပါဝင်နေတယ်ဆိုတာ စစ်ဆေးတွေ္ပ့ရှိရတယ်လို့ သိ ရပါတယ်။
ဝန်ကြီးချုပ် နာအို့တိုခန်းက အခြေအနေတွေဟာ အင်မတန်မှကို ခန့်မှန်းလို့မရတဲ့အနေအထားလို့ သတင်းစာရှင်းလင်းပွဲ မှာ ပြောသွားပါတယ်။
ကျော်ကျော်စိုး
၁း၄၅ နာရီ
မတ်လ ၂၆ ရက် ၂၀၁၁ ခုနှစ်

No comments: