Sunday, March 27, 2011

“လှိုင်းလုံးကဗျာ”

 လမ်းကမဆုံးသေးဘူး
နောက်ဆုံးရထားကတော့ ထွက်သွားပြီ
ခါတော်မီ အလုအယက်ကျားမြီးဆွဲလိုက်ကြသူများက
အော့ဇ၀စ်* သွား တောလားအလိုက်
အိပ်မငိုက်၊ ထိပ်မတိုက်ရဲ
ငုတ်မိသဲတိုင်ဆင်း

သတင်းလွေ့လွေ့လုပ်ကြပေလိမ့်မယ်။
မလည်နိုင်သေးတဲ့ဘီးကို
အပြီးသတ်တွန်းချပစ်ကြဖို့
ချောင်းငယ် မြစ်ငယ်တို့လျှို့ဝှက်စီးဆင်း
ပင်လယ်ပြင်ကြီးနဲ့ပေါင်းစည်းကြဖို့သာ
“ကမ္ဘာမကြေဘူး” ကို မမေ့လိုက်ကြနဲ့။
အဲဒီ စက္ကူချိုးးဖြူရုပ်ကိုအားကိုး
မိုးကောင်းကင်ကိုလင်းပွင့်စေဖို့များ
မေ့ပစ်ထားလိုက်
မေ့ပစ်ထားလိုက်ကြ…
ထက်မြလှိုင်းတံပိုးတို့ကိုလှုပ်နှိုး
(မိုးနဲ့မြေကို)
စိုးမိုးအောင်နိုင်ပစ်လိုက်လေ။    ။
စိုးနေလင်း
*Auschwitz နာဇီအကျဉ်းစခန်း

No comments: