Tuesday, March 22, 2011
နိုင်ငံတကာတပ်တွေ လစ်ဗျားမြို့တော်ကို တိုက်ပြီ
နိုင်ငံတကာတပ်ဖွဲ့တွေက ဒုတိယညတိုက်ခိုက်မှုတွေ ဆက်လုပ်တဲ့အတွက် ဂက်ဒါဖိ ရဲ့ လေကြောင်းကာ ကွယ်ရေးတွေ လျော့ကျသွားအောင်လုပ်တဲ့ စစ်ဆင်ရေးဟာထိရောက်တယ်လို့ အမေရိကန် ကပြောပါ တယ်။
နိုင်ငံတကာ တပ်တွေက မြောက်အာဖရိက နိုင်ငံအပေါ် လေယာဉ်မပျံသန်းရနယ်နိမိတ် သတ်မှတ်ပြဋ္ဌာန်းတဲ့ စစ်ဆင်ရေးကို စတင်လိုက် အပြီး နောက်တရက်မှာ လစ်ဗျားမြို့တော်၊ ထရီပိုလီမြို့တော်ကို အပြင်းအထန် တိုက်ခိုက်မှုတွေ ဆက်လုပ်ခဲ့ပါတယ်။ တနင်္ဂနွေ နေ့က သူ့ရဲ့ရေငုပ်သင်္ဘောစတင်းကနေ လစ်ဗျားလေကြောင်းကာကွယ်ရေးစနစ်တွေအပေါ် ပဲ့ထိန်းတွမ်မာ ဟော့ဒုံးပျံ တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ “အဓိကပစ်ခတ်မှုတွေက ဒေသစံတော်ချိန် ည ၉ နာရီဝန်းကျင်မှာ ဖြစ်ခဲ့တာဖြစ်ပြီး ကဒါဖီရဲ့ခြံဝင်းနယ်မြေထဲမှာ တိုက်ခိုက်မှုတွေ ရှိတယ်လို့ ယုံကြည်ရပါတယ်။” လို့ ပြော ကြပါတယ်။
ဒီပစ်ခတ်တိုက်ခိုက်မှုတွေက ကုလသမဂ္ဂလုံခြုံရေးကောင်စီက လစ်ဗျားအပေါ် လေယာဉ်မပျံသန်းရဇုန်သတ်မှတ်ဖို့ နိုင် ငံတကာရဲ့ စစ်ရေးအရအရေးယူမှုတွေကို ခွင့်ပြုအပြီး ၂ ရက်အကြာမှာ ဖြစ်ပွားခဲ့တာပါ။ ဗုံးကြဲတာတွေက ဂက်ဒါဖိ ရဲ့ လေကြောင်းကာကွယ်ရေးကို လျော့ကျသွားစေရာမှာ အခုထိတော့ အောင်မြင်ပါတယ်။ လို့ အမေရိကန် စစ်တပ်က ပြော ပါတယ်။ ဒါပေမဲ့ လစ်ဗျားခေါင်းဆောင်က နိုင်ငံတကာစစ်တပ်တွေရဲ့ ပစ်မှတ်မဟုတ်ဘူးလို့ ပင်တဂွန်ပြောရေး ဆိုခွင့်ရှိ သူက ရှင်းလင်းပြောဆိုပါတယ်။
အမေရိကန်နဲ့မဟာမိတ်တွေရဲ့ တိုက်ခိုက်မှုရဲ့ ပစ်မှတ်တွေကတော့ ဒီမိုကရေစီလိုလားတဲ့ တပ်ဖွဲ့တွေဆီကို ချီတက်နေ တဲ့ ဂက်ဒါဖိရဲ့မြေပြင်တပ်ဖွဲ့တွေပဲ ဖြစ်ပါတယ်။ လို့ ရေတပ်ဒုတိယဗိုလ်ချုပ်ကြီး ၀ီလျံအီးဂေါ့တနေ က ထပ်လောင်းပြော ဆိုပါတယ်။ “သူတို့ အတိုက်အခံတပ်ဖွဲ့တွေဆီ ချီတက်နေတယ်ဆိုရင်၊ ကျနော်တို့က သူတို့ကို တိုက်ခိုက်ရပါ လိမ့်မယ်” လို့ သတင်းထောကတွေက သူက ပြောပါတယ်။ ဂက်ဒါဖိကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ မူလက စုဖွဲ့ထားတဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ အီတလီနဲ့ကနေဒါ မဟာမိတ်ညွန့်ပေါင်းအဖွဲ့မှာ ဘယ်လ်ဂျီယံနဲ့ကာတာနိုင်ငံတို့ ထပ်မံပါဝင်လာပြီး တိုး ချဲ့ဖွဲ့စည်းလိုက်ပါတယ်။
မဟာမိတ်တပ်ဖွဲ့တွေက တိုက်ခိုက်နေပေမဲ့လည်း ဂက်ဒါဖိကတော့ ရုပ်သံကနေပြီး ရေရှည်စစ်ပွဲမှာ သူတို့ပဲ နိုင်မှာ ဖြစ်တဲ့ အကြောင်း ကတိပေး ပြောကြားခဲ့ပါတယ်။ “ကျနော်တို့ဟာ ကျနော်တို့မြေရဲ့နေရာတိုင်းမှာ တိုက်ခိုက်မှာ ဖြစ်တယ်။ ကျ နော်တို့ဟာ အာဇာနည်အနေနဲ့သေသွားမယ်” လို့ ဂက်ဒါဖိ က ပြောပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက် ခိုက်မှုတွေက အစ္စလမ်တွေအပေါ် ဆင်နွှဲနေတဲ့ စစ်အေးတိုက်ပွဲတခုအဖြစ် သဘောသက်ရောက်ပြီး နိုင်ငံခြားစွက်ဖက်မှု နဲ့ အတူတကွရပ်နေတဲ့ လစ်ဗျားတွေ ၀ဋ်လည်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုလိုက်ပါတယ်။ “ကျနော်တို့ တိုက်ရပါမယ်။ အမေရိကန်တွေနဲ့ ပူးပေါင်းနေတဲ့ သစ္စဖောက်မှန်သမျှကို ပစ်မှတ်ထား တိုက်ခိုက်မယ်” လို့ သူက ပြောပါတယ်။ မြေထဲ ပင်လယ်ထဲမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေပေါ်က ခရုစ်ဒုံးပျံ ၁၁၀ ပစ်လွှတ်ခဲ့တယ်လို့ အမေရိကန် ပူးတွဲစစ်ဦး စီးအရာရှိချုပ် ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး မိုက်မူလန်က ပြောပါတယ်။
တနင်္ဂနွေနေ့က အာရပ်အဖွဲ့ချုပ် ဥက္ကဋ္ဌ အမ်မူဆာက သူ့အခေါ် အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်မှုကို ရှုတ်ချပြော ဆိုခဲ့ပြီး လစ်ဗျားအရေးဆွေးနွေးဖို့ အဖွဲ့ဝင် ၂၂ နိုင်ငံကို အရေးပေါ်အစည်းအဝေးကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။“လစ်ဗျား မှာ ဖြစ်နေတာတွေက လေယာဉ်မပျံသန်းရဇုံပြဋ္ဌာန်းဖို့ ရည်ရွယ်ချက်နဲ့ မတူဘူး ဖြစ်နေတယ်၊ ကျနော်တို့ လိုချင်တာက အရပ်သားတွေကို ကာကွယ်ဖို့ ဖြစ်တယ်။ အရပ်သားတွေအပေါ် ပစ်ခတ်တိုက်ခိုက်ဖို့မဟုတ်ဘူး” လို့ အီဂျစ် သတင်းဌာန က မူဆာကို ကိုးကားပြီး ပြောဆိုခဲ့ပါတယ်။
မတ် ၂၀၊ ၂၀၁၁။ ည ၁၁း၂၄ (Al Jazeera and Agencies)
Labels:
lybia
Subscribe to:
Post Comments (Atom)

No comments:
Post a Comment