Monday, March 21, 2011

တိုကျို မီးသတ်တပ်ဖွဲ့ သတင်စာရှင်းလင်းပွဲပြုလုပ်


မတ်လ ၁၉ ရက် ည ၁၀ နာရီထိုးပြီးနောက် တိုကျို မီးသတ်တပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ ပါတယ်။ ဒီ ကနေ့ရေ ပက်ဖျန်းမှုမှာ မီးသတ်အဖွဲ့ဝင် ၁၃၉ ဦးကို အသုံးပြုခဲ့ပါတယ်။
အန္တရာယ်ကြီးပေမဲ့ သတ်မှတ်ထားတဲ့အတိုင်း ပြီးအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေ ၁၂၀၀ တန်ကျော်ကို ပက်ဖျန်းခဲ့နိုင်တယ်လို့ အဲန်အိပ်ခ်ျကေရဲ့ မတ်လ ၂၀ ရက် ၀း၃၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။ အင်မတန်မှာကို အန္တရာယ်ကြီးတဲ့အခြေအနေအောက်မှာ လုပ်ခဲ့ရတယ်လို့ မီး သတ်တာဝန်ရှိသူတွေက ပြောသွားပါတယ်။
ပင်လယ်ရေကိုစုပ်တဲ့ မော်တော်ကားကနေ မီတာ ၈၀၀ အရှည်ရှိတဲ့ပိုက်ကိုသုံးပြီး မီးသတ်ကားရှိတဲ့အထိ ပို့ပေး မီးသတ် ကားက ၂၂ မီတာအထိလက်တံရှည်တဲ့ မီးသတ်ပိုက်ခေါင်းကနေ ရေကိုပက်ဖျန်းခဲ့တယ်လို့ သိရပါတယ်။ ညူကလီယား နှင့် စက်မှုလုပ်ငန်းဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ရေဒီယိုသတ္တိကြွမှုဟာ ၁၉ ရက် နေ့လယ် ၂ နာရီနောက်ပိုင်းတိုင်း ထွာမှုနဲ့ ည ၇ နာရီနောက်ပိုင်း တိုင်းထွာမှုဟာ ၅၀၀ မိုက်ခရိုစီးဗာ့တ် ကွာခြားတယ်လို့ ထုတ်ဖေါ်ပြောပါတယ်။
သုံးပြီးသား ညူကလီယားလောင်စာတောင့်တွေကို သိုလှောင်တဲ့ ရေကန်ထဲမှာ ရေလျော့ကျလာတဲ့အတွက် အပူချိန်မြင့် လွန်းတဲ့ လောင်စာတောင့်တွေဟာ ရေနဲ့မထိနိုင်တဲ့အခါ အငွေ့ပျံပြီး ရေဒီယိုဓာတ်သတ္တိကြွမှု တွေဖြစ်နိုင်တယ်လို့ သိရ ပါတယ်။ အဲဒါတွေက ဓာတ်ပေါင်းဖိုထည့်ထားရာ အဆောက်အဦတွင်းကနေ အပြင်ကိုထွက်သွားနိုင်တာကြောင့် လူအ များရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေတာ ဖြစ်ပါတယ်။
မွေးမြူရေးနဲ့ စိုက်ပျိုးရေးဝန်ကြီးဌာနက ဖူကူရှီးမားခရိုင် ခါဝါ့မာ့တာမြို့ (ဓာတ်အားပေးစက်ရုံရဲ့ အနောက်မြောက်ဘက် ၄၅ ကီလိုမီတာအကွာအဝေးတွင်ရှိပါတယ်) အတွင်းက နွားနို့စိမ်း (နွားခြံကထွက်ပြီးပြုပြင်ကာ ဘူးအတွင်းမထည့်ရသေး သော) နှင့် အီဘားရားကိခရိုင်အတွင်းရှိ တိုးကိုင်းရွာ။ ဟီတာချီမြို့၊ တာကာ့ဟာဂိမြို့ အပါအ၀င် မြူနီစီပယ်အုပ်ချုပ်ရေး ဒေသ ၆ ခု အတွင်းမှထွက်ရှိတဲ့ ဟိုးရင်းဆို Spinach တွေမှာ ရေဒီယိုဓာတ်သတ္တိရောင်ခြည်သင့်ခံရတာတွေ တွေရလို့ စားသုံးရန် မသင့်တဲ့အတွက် ရောင်းချတာမျိုးကိုပိတ်ပင်တာဖြစ်ပါတယ်။
ခါဝါ့မာ့တာ့မြို့မှာ ရေပိုက်ကထွက်တဲ့ ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွ အိုင်အိုဒင်းပါတယ်ဆိုတာ သိရပါတယ်၊ ဒါပေမဲ့ နွားနို့စိမ်းနဲ့ ဟိုးရင်းဆိုတို့မှာပါတဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုမှာ နိမ့်လွန်းတယ်လို့ ဆိုပါတယ်။ ၁၉ ရက်နေ့ ညပိုင်းမှာ ပြင်ပ ကနေ လျှပ်စစ်ဓာတ်အားကြိုးလိုင်းကို ဖူကူရှီးမား အမှတ် ၁ ဓာတ်အားပေးစက်ရုံနားအထိ သွယ်တန်းလို့ပြီးပြီလို့ TEPCO က ပြောပါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က သတင်းစာရှင်းလင်းပွဲမှာ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ တယ်လို့ဆိုပေမဲ့ မျှော်မှန်းလို့မရတဲ့အနေအထားမှာ ရှိနေတုန်းပဲလို့ ပြောပါတယ်။
ကျော်ကျော်စိုး
၁း၁၅ နာရီ
မတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ်

No comments: