Saturday, March 19, 2011
အယုဒ္ဓယ က လယ်သမားတွေ အာရှအဝေးပြေးလမ်းမကြီးကို ပိတ်ဆို့
ကြာသပတေးနေ့က အယုဒ္ဓယမြို့နယ်၊ ပြည်နယ်ခမ်းမရှေ့၊ အာရှအဝေးပြေးလမ်းမကြီးကို ထိုင်းလယ် သမား ၂၀၀ ကျော် ကပိတ်ဆို့ခဲ့ပါတယ်။
ဆန္ဒပြရတဲ့အကြောင်းရင်းကတော့ အာမခံထားတဲ့ စပါးဈေးနှုန်းကို လက်ခံနိုင်တဲ့ အထိတိုးပေးဖို့ အစိုးရက ပျက်ကွက်ခဲ့လို့ဖြစ်တယ်လို့ သတင်းတွေက အစီရင်ခံဖော်ပြကြပါတယ်။ ဆန္ဒပြသမားတွေဟာ နခုန်ဆ၀မ် သွားတဲ့လမ်းနဲ့ ဘန်ကောက်သွားတဲ့လမ်းတွေကို ပိတ်ဆို့ထားပါတယ်။ ရဲတွေကတော့ မော်တော်ကားသမားတွေကို ကွေ့ ပတ်သွားကြဖို့နဲ့ အနီးအနားကလမ်းတွေက သွားကြဖို့ အကြံပေးပါတယ်။ ရဲတပ်ခွဲ ၂ ခွဲက လမ်းတွေပြန်ဖွင့်ဖို့ ကြိုးစား ချိန်မှာ ယာဉ်တိုက်မှုအနည်းငယ် ဖြစ်ခဲ့ပါသေးတယ်။
လယ်သမားတွေမှာ ဆန္ဒပြဖို့ကလွဲပြီး ရွေးလမ်းမရှိဘူး၊ ဘာလို့လဲဆိုတော့ စပါးတတန်ကို ဘတ် ၁၀,၀၀၀ ကနေ ဘတ် ၁၄,၀၀၀ ထိ တိုးပေးဖို့နဲ့ တအိမ်ထောင်ကို စပါး ၂၅ တန်ကနေ တန် ၄၀ ထိ ခွဲတမ်းတိုးပေးဖို့ တောင်းဆိုထားတဲ့ သူတို့ရဲ့ ရာဇသံကို အစိုးရက ငြင်းတာကြောင့်ဖြစ်တယ်လို့ ဆန္ဒပြခေါင်းဆောင် ဆုမ်ချိုင်းထရိုင်ထ၀မ်က ပြောပါတယ်။ “အစိုးရက စပါးတတန်ကို ဘတ် ၁၁,၀၀၀ ထိတိုးပေးဖို့နဲ့တအိမ်ထောင်ကို တန် ၃၀ ထိ ခွဲတန်းတိုးရောင်းဖို့ထိ သဘော တူထား တယ်၊ စပါးဈေးနှုန်းသစ်နဲ့ခွဲတမ်းက လယ်သမားတွေအတွက် လက်ခံဖို့ဆိုတာ အရမ်းနည်းတယ်” လို့ မစ္စတာ ဆုမ်ချိုင်း က ပြောပါတယ်။ နေ့လည် ၁၂ နာရီခွဲမှာ အယုဒ္ဓယပြည်နယ်အုပ်ချုပ်ရေးမှူး ထာဝီးနာရစ်ဆီရီခူးလ် က ဆန္ဒပြပွဲ နေရာ က လယ်သမားတွေကို သွားရောက်တွေ့ဆုံခဲ့ပြီး သူတို့တောင်းဆိုချက်တွေကို စဉ်းစာပေးဖို့အတွက် သက်ဆိုင်တဲ့ရုံးတွေ ဆီကိုလွှဲပေးဖို့ ကတိပေးခဲ့ပါတယ်။
မစ္စတာထာဝီးက အဝေးပြေးလမ်းမကြီးကို ဖွင့်ပေးကြဖို့ ဆန္ဒပြသမားတွေကို တောင်းဆိုခဲ့ပြီး ပြည်နယ်က တာဝန်ရှိတဲ့ အရာရှိတွေနဲ့ စပါးကိစ္စတွေကို ဆွေးနွေးဖို့ သူတို့ကိုယ်စားလှယ်တွေ ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန္ဒပြသမား တွေဘက်ကလည်း သူတို့ကိုယ်စားလှယ် ၁၀ ဦးကို လွှတ်ပေးပြီး မြို့တော်ခမ်းမမှာ ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ အဝေး ပြေးလမ်းမကြီးပိတ်ထားတာကို ဖွင့်ပေးဖို့တော့ ငြင်းပါတယ်။
မတ် ၁၇၊ ၂၀၁၁ (ဘန်ကောက်ပို့စ်)
Labels:
Thailand
Subscribe to:
Post Comments (Atom)

No comments:
Post a Comment