Saturday, March 19, 2011

ဂျပန်မှာရှိတဲ့ scholars တွေကို မြန်မာပြည်ကို ပြန်ခေါ်ဖို့ စီစဉ်နေ


စစ်အစိုးရနဲ့ နီးစပ်တဲ့အသိုင်းအ၀ိုင်းကနေ သိရတဲ့သတင်းအရ မြန်မာစစ်အစိုးရက ဂျပန်မှာရှိတဲ့ scholars တွေကို မြန်မာပြည်ကို ပြန်ခေါ်နိုင်ဖို့ charter flight စီစဉ်ပါဆိုပြီး တိုကျိုကသံရုံးကို
အကြောင်းထားတယ်လို့ သိရပါတယ်။ နောက်ပြီး scholars တွေကို အဆက်အသွယ်လုပ်ဖို့လည်း ညွှန်ကြားထားတယ်လို့ ဆိုတယ်။ ဂျပန်ကအခြေအနေ တိုးတက်ကောင်း မွန်လာမှုမရှိဘူးလို့ စစ်အစိုးရက တွက်ဆတယ်လို့ ပြောပါတယ်။
scholars ဆိုတဲ့အထဲမှာ အစိုးရချင်းဆက်သွယ်တဲ့ အစီအစဉ်အရ ဂျပန်မှာ ပညာသင်နေတဲ့ သူပဲလား။ ကိုယ့်အစီအစဉ် နဲ့ကိုယ် ဂျပန်မှာကျောင်းလာတက်နေတဲ့သူတွေရောပါသလားဆိုတာတော့ မသိရပါဘူး။
ကျော်ကျော်စိုး
၂း၀၀ နာရီ
မတ်လ ၁၈ ရက်။ ၂၀၁၁ ခုနှစ်

No comments: