Saturday, March 19, 2011
TEPCO က လျှပ်စစ်ဓာတ်သုံးစွဲမှု ချွေတာနေရ
တိုကျိုဧရိယာတ၀ိုက်တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဟာ ကြီးကြီးမားမားဖြစ်နိုင်တယ်လို့ ဂျပန့်စီး ပွားရေး ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Banri Kaieda က မတ်လ ၁၇ ရက်နေ့က ပြောပါတယ်။
တိုကျိုမြို့တော်ဧရိယာတွင် ပြေးဆွဲနေသော ရထားလိုင်းကုမ္ပဏီများကလည်း ညနေ ၅ နာရီနောက်ပိုင်းက စပြီး ပြေးဆွဲ တဲ့ ရထားအရေအတွက်ကို လျှော့ချမယ်လို့ ပြောပါတယ်။
တိုကျိုမြို့တွင်းနေရာအနှံ့ကို ကြည့်မယ်ဆိုရင် လျှပ်စစ်မီးထွန်းတာတွေကို လျှော့ချထားတာကို တွေ့ရပါလိမ့်မယ်။ စူပါ မားကက်တွေ၊ ဆိုင်တွေ၊ ကွန်ဗီးနီးယင့်စ်စတိုးတွေ၊ ရုံးအဆောက်အဦ စတာတွေဖြစ်ပါတယ်။
တိုကျိုတာဝါလည်း ညဘက် မီးအလှဆင်ထွန်းတာတွေကိုလည်း ရပ်တန့်လိုက်ပါပြီ။
တိုကျိုမြို့တွင်းမှာ နေထိုင်တဲ့သူတွေအနေနဲ့ လျှပ်စစ်မီးအလှည့်ကျ ဖြတ်တောက်တာကို ဒီကနေ့အထိ မခံရသေးပေမဲ့ ကျနော်နေထိုင်တဲ့ Higashi Murayama City ဟာ တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီ TEPCO ရဲ့ အလှည့်ကျ လျှပ်စစ်မီး ဖြတ်တောက်တဲ့အစီအစဉ်အရ မတ်လ ၁၆ ရက်နေ့က ၂ နာရီကျော်ကြာ လျှပ်စစ်မီးပြတ်သွားတာနဲ့ ကြုံခဲ့ရပြီ ဖြစ်ပါ တယ်။ ကျနော်နေတဲ့နေရာဟာ TEPCO ရဲ့ အုပ်စု ၃ မှာ ပါဝင်ပါတယ်။
ကန်တိုဧရိယာတွင် လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းကိုလုပ်ကိုင်နေသော TEPCO က လျှပ်စစ်ဓာတ်သုံးစွဲမှု ချွေတာတဲ့ လုပ်ဆောင်ချက်တွေဟာ ဧပြီလကုန်ပိုင်းအထိ ဆက်ပြီးရှိနေလိမ့်မယ်လို့ ခန့်မှန်းပါတယ်။
အဲဒီလိုဆိုရင် ဂျပန့်စီးပွားရေးရော၊ ဂျပန်မှာနေထိုင်နေတဲ့သူတွေရဲ့ ဘ၀လည်း အထိုက်အလျောက် ထိခိုက်မှုတွေ ရှိနိုင် တယ်လို့ တွက်ဆလို့ရပါတယ်။
ကျော်ကျော်စိုး
၃း၂၁ နာရီ
မတ်လ ၁၈ ရက်။ ၂၀၁၁ ခုနှစ်
Labels:
11March2011,
earthquake,
Japan
Subscribe to:
Post Comments (Atom)

No comments:
Post a Comment