Sunday, March 20, 2011
တိုကျိုမီးသတ်က နံပတ် ၃ ဓာတ်ပေါင်းဖိုကို ၇ နာရီကြာ ရေပက်ဖျန်းခဲ့
နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုကို တိုကျိုမီးသတ်က ၇ နာရီကြာလုပ်ခဲ့တယ်လို့သိရပါတယ်။ အခက်အခဲမရှိ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံကနေ ကီလိုမီတာ ၂၀ ကနေ ၃၀ အတွင်းနေထိုင်ကြသူတွေ ရေဒီယိုဓာတ် သတ္တိကြွမှုကြောင့် ရောင်ခြည်သင့်ခံရမှုကနေ ရှောင်လွှဲနိုင်စေဖို့ ဆောင်ရန်နည်းလမ်းတွေကို ညူကလီယားနဲ့ စက်မှုလုပ် ငန်းဘေးအန္တရာယ်ကာကွယ်ရေးအေဂျင်စီက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
- အပြင်သွားတဲ့အခါ လမ်းလျှောက်သွားမျိုးထက် မော်တော်ကားနဲ့သွားတာမျိုးကိုလုပ်ပါ။
- အပြင်ထွက်လျှင် မျက်နှာဖုံးစွပ်ပြီးသွားပါ။
- ခန္ဓာကိုယ်ရဲ့အသားအရေကို ထိတွေ့ခြင်းမရှိစေရန် အင်္ကျီလက်ရှည်ဝတ်ပါ။
- မိုးရေမစိုပါစေနဲ့လို့
အဲန်အိပ်ခ်ျကေ ၁၅း၀၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။
ကျော်ကျော်စိုး
၁၅း၁၃ နာရီ
မတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်
Labels:
Japan,
Nuclear Melted down
Subscribe to:
Post Comments (Atom)

No comments:
Post a Comment