Monday, June 6, 2011
ကျနော် နှင့် ထွီဖါးဝီးကျိုး ခွေးအိပ်တောင် (သို့မဟုတ်) ပွိုင့် ၄ဝ၄၄ တိုက်ပွဲ(နိဂုံးပိုင်း)
ဘာသာရေးတန်းတူမှုဘယ်လူ့အဖွဲ့အစည်းဘဲဖြစ်ဖြစ် တန်းတူညီမျှမှ Equality ဟာ မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။
တန်းတူမှုရှိရင် ဘယ်အိမ်ထောင်၊ ဘယ်မိသားစု၊ ဘယ်လူမျိုး၊ ဘယ်တိုင်းပြည်မှ စစ်မက်ဖြစ်ပွားလာနိုင်ဘွယ်မရှိ၊ ပကတိ ငြိမ်းချမ်းမည်ဖြစ်သည်။ ထို Theory ၊ Philoso phy ကိုဘာပဲလုပ်လုပ် မိမိကိုင်စွဲထားသည်။ မိမိစစ် ကြောင်းတွင် ဘာသာစုံရှိသည်၊ ဗုဒ္ဓဘာသာ၊ ခရစ် ယာန်၊ အစ္စလမ်နှင့် မိရိုးဖလာ ဟူ၍ ရှိသည်။ ဘာ သာရေးကို အသေးအဖွဲပြသနာလို့ ယူဆ၍မရ၊ မိမိ ဘာသာကိုထိခိုက်လာပါက အသက်ပေး ခုခံကာ ကွယ်ကြမည်ဖြစ်သည်။ နိဗာန်တို့၊ ကောင်းကင်နိုင် ငံတို့ ရောက်ခဲ့ဘူးသည့်သူရှိမရှိကိုမူ မသိ၊ သို့သော် ကရင့်တော်လှန်ရေး၏ လမ်းစဉ်၊ လုပ်ငန်းစဉ်၌ လူ တိုင်း မိမိယုံကြည်ကိုးကွယ်သည့် ဘာသာကိုလွတ် လပ်စွာ ကိုးကွယ်ယုံကြည်လုပ်ဆောင်ခွင့် ရှိသည်၊ ဘာသာတိုင်းတန်းတူသည်၊ သို့သော် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်မထုတ်ရဟု ဖေါ်ပြ ထားသည့်အတိုင်း၊ မိမိ စစ်ကြောင်းတွင် ဘာသာရေးတန်း တူမှုကို စတင်သုံးလိုက်သည်။
တနေ့ မိမိစစ်ကြောင်း၊ ကျောင်းသားတပ်မတော်များရှိရာသို့ လိုအပ်ချက်များစစ်ဆေးရန် ရောက်ရှိသွားသည်၊ ရန်သူ့လေတပ်မှ စက်သေနတ်၊ Rocket ဒုံးများ၊ ဗုံးများ ပစ်ခတ်၊ ကြဲချခံရလို့ထင်သည်၊ ဆက်သွယ်ရေးမြောင်းတလျှောက် ၎င်းတို့ပစ်ကျင်း၌ Fox hole မြေခွေးကျင်းများပင် တူးထားကြသည်။ ဘဝကပေးသည့် အသိဖြစ်သည်။ စစ်ပွဲ ကြာရှည်မှု နှစ်လတွင်းဝင်လာသည်။ တနေရာအ ရောက်၊ မျက်နှာမရွှင်ပြ၊ စိတ်မကောင်း၊ စိတ်ပျက် နေဟန်ရှိသော ရဲဘော်များကိုတွေ့ရသည်။ မွစ္စလင်နှင့်တူသော ရဲဘော်လေးအား “ဟေး မင်းနေကောင်းရဲ့လား” ဟု ပြောပြောဆိုဆို ၎င်း၏နဖူးကို ကိုင်ကြည့်သည်။ ကိုယ်လည်းမပူပါလား။ နေကောင်းသားဘဲ၊ ဘာ ဖြစ်နေလဲ။ “အော်… သိပြီး၊ မွစ္စလင်များ၏ ဥပုဒ်လ၊ အစ်နေ့ နီးနေပြီးဘဲ၊ ဥပုဒ်စောင့်ချင်ကြမှာပဲ၊ ပြောပြောဆိုဆို ရဲဘော်ညိုမင်းထွန်း တပ်စိတ်မှူးကို “မင်းတို့ မွစ္စလင် ရဲဘော်ဘယ်နှစ်ယောက်ရှိလဲ” ဟုမေးရာ၊ “ကိုးယောက်” တဲ့။
ကျောင်းသားတပ်မတော်တပ်ရင်းမှူးကို “ကိုတင်စိုး ဒီရဲဘော် ကိုးယောက်ကို ဥပုဒ် စောင့်ခွင့်ပေးလိုက်ပါ။ ခရီးသွားလက်မှတ် စစ် ကြောင်းရုံမှာလာယူ” ရန် ညွှန်ကြားခဲ့သည်။ ကိုတင်စိုး မျက်နှာအမူအရာ၌ ရဲဘော် ၉ ယောက်စစ်ပူချိန်၌ ခွင့်ပေးလိုက်သဖြင့် မကြည် မသာဖြစ်နေသည်ကို သိသဖြင့်၊ “ကိစ္စမရှိပါဘူး၊ ကျနော်ကြည့်လုပ်မယ်” ဟု ပြောပြီး အရံကုန်းတကုန်းတွင် တပ်ချထားသော အထူး ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များကိုထုတ်နုတ်ပြီး ထိုနေရာကို မိုင်းခင်းလိုက်ရန် လစ်လပ်သွားသောနေရာသို့ ထိုရဲဘော်များနှင့် ဖြည့် လိုက်ရန် ဗိုလ်မှူးထီးမူးကို ညွှန်ကြားလိုက်သည်။
အစ္စလမ် ရဲဘော် ၉ ယောက်ခွင့်ရသဖြင့် ဥပုဒ် စောင့်ရန် စက်လှေပေါ်တက်ရောက် ထွက်ခွာသွားကြပြီးဖြစ်သည်၊ ၎င်းတို့မျက်နှာပေါ်၌ တန်းတူမှု၊ ဒီမိုကရေစီ အပြည့်အဝရရှိ ခံစားရသဖြင့် ကြည်နူးနေသည့်အသွင်ဆောင်နေသဖြင့် မိမိကြည်နူးမိသည်။ ဥပုဒ်နေ့၌ ၎င်းတို့ ၏ ဗလီဝတ်ကျောင်း၌ အလာအပ်ကဗာ The Lord is Great ဟူသော၎င်းတို့၏ ကိုရမ်ကျမ်း ရွတ်ဖတ်သံသည် ကမ္ဘာမြေကြီးငြိမ်းချမ်း စေကြောင်း၊ လူသားများတွင်း အပြန်အလှန် ချစ်ကြည်မှုရှိကြစေကြောင်းဖေါ်ဆောင်နေသလိုရှိနေတော့သည်။ တဆက်တည်း ဘာ သာရေးတန်းတူမှုကို Apply လုပ်ရန် ဗိုလ်မှူး ထီးမူး ကို “ခင်ဗျားတို့ဆီမှာ ခရစ်ယာန်ဘာသာဝင်တွေရှိလား။” လို့မေးရာ၊ “ရှိကြောင်း၊ အပျော်တန်းဝန်ထမ်းများအတွင်း တရားဟောဆရာတယောက် ပါကြောင်း” ဟုသတင်းပို့ရာ၊ “ဒါဆို ဝန်ထမ်း တရားဟောဆရာကို ဒီအပါတ် ဥပုဒ်နေ့ တနင်္ဂနွေနေ့ Sunday မှာ တရားဦးဆောင်” ရန် အကြောင်းကြားလိုက်သည်။ “Onword Christain Soldiers” “ရှေ့သို့ချီ ခရစ်ယာန်စစ်သည်” သီချင်းသံသည်၊ မိမိရှေ့တန်းစစ်ကြောင်းနှင့် စစ်မြေပြင်တခုလုံးကို လွှမ်းခြုံသွားလေတော့သည်။
တပေါင်းလပြည့် ရက်နီးကပ်လာပါပြီး၊ ရန်သူထိုးစစ်လည်းမရပ်သေး။ ရှိသမျှလက်နက်ကြီးများဖြင့် အပြတ်တိုက်နေသည်။ ဗမာ့လေ တပ်မှ ခေတ်အမီဆုံးလေယဉ်များနှင့် လာရောက်ဗုံးကြဲနေသည်။ ရန်သူ့လေယဉ် လာရောက်ဗုံးကြဲသောနေ့များဖြစ်ပါက ရဲဘော်များ ဝမ်းသာကြသည်။ ဘယ်အတွက်ကြာင့်ဆိုသော် ဟင်းစားရသောကြောင့်ဖြစ်သည်။ ခေတ်မီလေယဉ်ကြီးများမှကြဲချသမျှဗုံးများ ရဲဘော် များကိုမထိ၊ ရွာသားများရဲ့ ကျွဲများကိုထိသဖြင့်၊ ရွာသားများမှ ရဲဘော်များကိုကြွေးသောကြောင့် ဖြစ်သည်။
နေ့စဉ်လိုလို မိမိစစ်ကြောင်းအခြေပြုကုန်းသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အနည်းဆုံး အလုံး ၂ဝ မှ ၁ဝဝ အထိရှိသောကြောင့် နံမည်အပေးကောင်းသော ကျောင်းသားရဲဘော်များမှ ခံကြီးမောင် တဲ့။ အမြဲတမ်း လက်နက်ကြီးမှန်ပြီးမီးလောင်နေသော ကဆောဝါး လေး ဆင်ဖြူတောင် ကို လောင်ကြီးမောင် တဲ့။ တနေ့ ကျောင်းရဲဘော်တပ်မှူးများကိုခေါ်၍ “တပေါင်းလပြည့်နေ့မှာ ခင်ဗျားတို့ ဥပုဒ် စောင့်၊ သီလယူချင်သလား” ဟု မေးရာ၊ “ဥပုဒ်စောင့် သီလယူလိုကြောင်း” ဖြေသဖြင့် “ကျောင်းသားတပ်မတော်က ကျောင်းထိုင် ဆ ရာတော်ကိုပင့်ဗျာ၊ နောက်ပြီး အာရုံဆွမ်း၊ နေ့ဆွမ်းနဲ့ ကန်တော့ပွဲအတွက်ဝယ်ဘို့ ကျနော်စီစဉ်မယ်” စစ်ကြောင်းအားလုံးရှိ ဗုဒ္ဓဘာ သာဝင်ရဲဘော်အားလုံး တရားနာနိုင်ဘို့ လပြည့်နေ့ မွန်တည့် ၁၂ တိတိမှာ စကားပြောစက် လေလိုင်း ၅ဝဝ ကိုတက်လာကြဘို့ အ ကြောင်းကြားလိုက်သည်။ မိမိလည်း လပြည့်နေ့အတွက် ဝယ်စရာငွေလိုသဖြင့် ကပေါလူ ရှိ ချစ်ဇနီးထံပြန်သည်။
ချစ်ဇနီးအား “မြရေး၊ ကိုငွေလိုတယ်၊ တပေါင်းလပြည့် ကို့ရဲဘော်တွေ ဥပုဒ်စောင့်၊ သီလယူကြမယ်၊ ကျောင်းသားတပ်မတော်က ကျောင်းထိုင်ဆရာတော်ကိုပင့်မယ်၊ ကတော့ပွဲ၊ အာရုံဆွမ်း၊ နေ့ဆွမ်းကပ်လှူဘို့ဝယ်စရာရှိတယ်။ မင်းမှာငွေမရှိဘူးဆိုတာ သိတယ်၊ တ ခုတော့ရှိတယ်။ မင်းလက်ကောက်ကလေး ကို့ကို ခေတ္တချေးပါလား။” ဟု ပြောရာ၊ ပါရမီဖြည့်ဘက်ချစ်ဇနီးမှ အလွယ်တကူပေး သဖြင့် သော်လဲထာ၌ ကျောင်းသားရဲဘော်များ ထုခွဲ၍ ဝယ်စရာရှိသည်များကို ဝယ်ချမ်းလိုက်ကြသည်။
တပေါင်းလပြည့်နေ့ ကျောင်းသားတပ်မတော်မှ ကျောင်းထိုင်ဆရာတော်ကြွလာပါပြီ၊ အာရုံဆွမ်း၊ နေ့ဆွမ်းများဘုန်းပေးပြီး မိမိကတုတ် ရှိရာတောင်ပေါ်သို့ ဆရာတော်ကြွတော်မူသည်။ မိမိလည်း စကားပြောစက်လေးလုံး အဆင်သင့် စီစဉ်ထားပေးသည်။ ၁၂ နာရီထိုး သည်နှင့် စကားပြောစက်မှ သြကာသ၊ သြကာသ၊ ကာယကံ၊ ဝဇီကံ၊ မနောကံဆိုသေ သြဇာသံအပြည့်ပါသည့် ဆရာတော်၏ အသံ ထွက်ပေါ်လို့လာပါပြီး။ ဘယ်လောက်ကြာသွားသည်ကိုမသိ။ နောက်ဆုံးမိမိ ကတုတ်ရှိ ပွိုင့် ၅ စက်ကြီး ဆက်တိုက်ပစ်သံကြားမှ လှမ်း မေးလိုက်သည်။ “ဟေ့ ဘာဖြစ်တာလဲ” ဟုမေးရာ၊
“ဆရာတော်က အောင်ပွဲအထိမ်း အမှတ်အဖြစ်ပစ်ခြင်း ဖြစ်သည်” ဟု
သတင်း ပို့သည်။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင် ရဲဘော်များအတွက် ဘာသာရေးတန်းတူမှုကို အဆင်ပြေစွာလုပ် နိုင်လိုက်သဖြင့် ကြည်နူးပျော်ရွှင် ရပြန်သည်။
မှတ်ချက်…
မိမိ တတိယနိုင်ငံရောက်နေသည့်တိုင် ချစ်ဇနီးထံ တင်ရှိနေသော တပေါင်းလပြည့်နေ့ ကတော့ပွဲ၊ နေ့ဆွမ်း၊ အာရုံဆွမ်းအတွက် ကုန် ကျမည့် ဝေယျာဝစ္စများဝယ်ရန် ရွှေလက်ကောင်တခုအကြွေး ပြန်မဆပ်ရသေးပါ။
တနေ့ ဗိုလ်မှူးထီးမှူး မိမိထံရောက်လာပြီး “အစ္စလမ်၊ ခရစ်ယာန်နဲ့ ဗုဒ္ဓြွဘာသာဝင်များအတွက် စီစဉ်လုပ်ဆောင်ပေးတာ ရဲဘော်များအ ကြား သဘောကျတယ်၊ ဘာသာရေးတန်းတူမှု ရှိတယ်လို့ ပြောကြတယ်၊ ကျနော့်အမြင် တခုလိုသေးတယ်လို့ထင်တယ်” တဲ့။
“ဘာလိုလဲ” လို့ မိမိမေးတော့
“မိုလူးပါလါ … မိရိုးဖလာသမားတွေအတွက် လုပ်ပေးသင့်တယ်” တဲ့။
“ဒါဆိုရင် ဘာတွေစီစဉ်ပေးရမလဲ” လို့မေးတော့၊
“ချက်အရက် ၂ လုံးနဲ့ ကြက် ၂ ကောင်လိုတယ်” တဲ့။
မိမိ စီစဉ်ပေးလိုက်သည်။
နောက်တနေ့၊ ဗိုလ်ထီးမူး ရဲဘော်နှစ် ယောက်နှင့် သောင်ရင်းမြစ် သဲသောင်ပြင်၌ “သောင်ရင်းမြစ်နတ်များစောင်မပါ” ဘာ၊ ညာလုပ်ပြီး အရက်ပုလင်းကိုမြောက်သည်။ နောက် ၎င်းရဲဘော် ၂ ဦးနှင့် အရက်သောက်၊ ကြက်သားစားပြီး ကျနော့်ထံပြန်လာပြီး “မိရိုးဖလာ လုပ် ပြီးပြီး” တဲ့။ မိမိမှ …
“ကောင်းတယ် ကွာ၊ မင်းနတ်တင်တာကလဲ လွယ်လိုက်တာ၊ အဆင်ပြေတယ်မဟုတ်လား”
မှတ်ချက်…
(၁) ကရင်အမျိုးသားအစည်းအရုံး၊ ဘာသာရေးဆိုင်ရာမူဝါဒ။ လူတိုင်း၊ လူမျိုးတိုင်း မိမိတို့ယုံကြည် ကိုးကွယ်သည့်ဘာသာကို လွတ် လပ်စွာ ကိုးကွယ်၊ ယုံကြည်၊ လုပ်ဆောင်ခွင့်ရှိသည်။ ဘာသာတိုင်းတန်းတူသည်။ သို့သော် ဘာသာရေးကိုခုတုံးလုပ်ပြီး နိုင်ငံရေး အ မြတ်မထုတ်ရ၊
(၂) ဗိုလ်ချုပ်အောင်ဆန်း… လူတိုင်း ကိုးကွယ်လိုရာဘာသာကို ကိုးကွယ်နိုင်သည်၊ လူတဦး၊ လူတမျိုး၏ဘာသာ၊ အယူဝါဒ၊ ဓလေ့ထုံး စံ တို့ကို မိမိတို့ မယုံကြည်စေကာမူ တတ်နိုင်သမျှ လေးစားကြရမည်။
တနေ့ မိမိ သေဘောဘိုး ကျောင်းသားတပ်မတော်တပ်ရင်း (၁) (၂) (၃) မှ ရွေးချယ်စေလွတ်လိုက်သော လက်ရွေးစဉ်များ ဒီမို စခန်း တွင်သင်တန်း ပေးနေသည်။ သင်တန်းသားကြား၌ ဇာဇာ ဆိုသော အချောက်၊ မိန်းမရှာ၊ မိန်းမစိတ်ပေါက်နေသူ၊ ပဲခူးအလှဖန်တီးရှင် များအဖွဲ့မှ ခေါင်းဆောင်တဦး ပါလာသည်။ စကားပြောရင် မိန်းခလေးပုံပေါက်နေပြီး ဖင်လှုပ်၊ ခေါင်းလှုပ် ပြောတတ်သည်။ မိမိစိတ် တွင်း “သြ… ငါ့နယ်တွေ့မှ တွေ့တတ်တယ်။ ဒီလိုလူတွေနဲ့ ဘယ်လိုလုပ်ပြီး စစ်တိုက်ရမလဲ” လို့ ပဋ္ဌမထင်မိတယ်။ ကြာလာတော့ သူ့ အစွမ်းအစတွေ တွေ့လာရသည်။ အရက်သောက်လာရင် သွေးဆိုးသည်၊ ပြသနာရှာသည်။ ပေးတဲ့အပစ်ခံရဲသည်။ သတ္တိရှိသည်၊ ဘဝ ကပေးလာတဲ့ မိန်းမစိတ်ပေါက်နေသည်မှလွဲ၍ ကျန်ရဲဘော်ကောင်း၊ စစ်သားကောင်းတယောက် ဖြစ်သည်၊ မိမိ အစိုးရိမ်းဆုံးတခုက တော့ လိင်တူဆက်ဆံမှုကြောင့်ဖြစ်လာမည့် ဆိုးကျိုးများ ဖြစ်သည်။ ပွိုင့် ၄ဝ၄၄၊ ထွီဖါးဝီး စစ်ဝန်ကျင်တခုလုံးလိုလို တိုက်ပွဲများ ဆက် တိုက် ဆင်နွှဲနေရသည်။ နော်တမှ မယ်ပ အထိဖြစ်သည်။ လက်နက်ငယ်များနှင့် ပစ်နေသည့်တိုင် ကျားတက်ထိုးနေသည့် ရန်သူ့စစ် သည်များအတက်မရပ်၊ RPG ပစ်ထည့်လိုက်မှ တုံးလုံးပက်လက်နှင့် ငြိမ်သွားတော့သည်။ ထို့ကြောင့် မိမိ ရဲဘော်များ RPG နှစ် သက်ကြသည်။
မှတ်ချက်.. ဗြိတိသျှတပ်ထွက် မိမိတို့၏ တပ်မှူးကြီးအချို့မှ
“တို့ခေတ်တုံးက ကျည်ဆံ ၅ တောင့်နဲ့ တိုက်လာတာ” တဲ့။
ဟုတ်ပါသည်။ ဟိုတုန်းက ရိုင်ဖယ်ခေတ်ဖြစ်သည်။ ယခုခေတ် ကျည်ဆံ ၅ တောင့်နဲ့သာတိုက်ကြည့်ပါလား၊ ရန်သူ အပြတ်ချေမှုန်း သွားမည်ဖြစ်သည်။
RPG အရံဗုံးသီးများ ကုန်သလောက်ရှိလာပြီးဖြစ်၍ တွဲဘက်စစ်ထောက်ချုပ် ဗိုလ်ချုပ် အိုင်းဇက်မှ ဆန်းသစ်တည်ထွင်မှုတခု စီမံရ သည်။ RPG သီးအစား ဘော်လ်စေ့ ၃ဝဝ ထုတ်နှင့် Black power ထည့်ထားသောယမ်းထုတ်ကို ဓါတ်ခဲနှင့်ပေါက်ကွဲစေသည့်နည်း ဖြစ်သည်။ ထိုဆန်းသစ်တည်ထွင်မှုကို မိမိ လက်တွေ့စမ်းသပ်သည်။ ကိုက် ၅ဝ အဝေးရှိ တပေပတ်လည်ပါကင်ပြားကို ပစ်ကြည့်သည်၊ ကျည်စုအားကောင်းသည်။ ထို့ကြောင့် မိမိစစ်ကြောင်းသို့ ၃ လက်နှင့် အသီး ၁ဝဝ ပို့ရန်စီစဉ်သည်။ ထိုအခိုက် ရဲဘော် ဇာဇာ ရောက် လာသည်။ ဒေါင့်ဖိနပ်၊ မိန်းမဂါဝန်နှင့် ဖြစ်သည်။
“ဖြစ်မှဖြစ်ရပလေ၊ ဇာဇာရယ်၊ ဒါစစ်မြေပြင်ကွ၊ နတ်ကနေတာမဟုတ်ဘူး” ဟုပြောပြီး၊
“ငါ့ဆီမှာ RPG (၁ဝ) ရောက်လာတယ်၊ RPG7 ထက် ပိုကောင်းတယ်၊ မင်းပစ်ကြည့်ပါလား” ဟု ပြောပြောဆိုဆို သူ့ကိုခေါ်ပြီး၊ ဘယ် လိုကိုင်၊ ဘယ်လိုပစ်ရန် တလုံးပစ်ခိုင်းလိုက်သည်။
“ကြိုက်ပြီး၊ ကျနော်ကိုင်မယ်” တဲ့။ တဆက်ထဲ စစ်ကြောင်းရုံးရှိရဲဘော်များကို
“ဒီ နေ့ကစပြီး သူ့နံမယ် ဇာဇာ မဟုတ်တော့ဘူး၊ ရဲဇာနည် လို့ ခေါ်ကြရန် ညွှန်ကြားလိုက်သည်။
တနေ့ မိမိစစ်ကြောင်းရှေ့ရန်သူထိုးလာသည်။ လက်နက်ကြီးမျိုးစုံ၊ လက်နက်ပေါင်းစုံပစ်ခတ်ပြီး ထိုးလာသည်။ ဗိုလ်မှူးထီးမှူးမှ ရဲဇာ နည် အား လက်တွေ့ပစ်ခိုင်းလိုက်သည်။ ခြုံတောထဲမှ တိုးဝင်လာသောရန်သူကို ပစ်ထည့်လိုက်သည်။ “ဝုန်း” တိုးလာသောရန်သူ သုံး လေးယောက်လဲသွားသည်။ ရန်သူများအော်ဆဲကြသည်။
“ငါ(…ိုး မ ငပွေး၊ ဘာသေနတ်နဲ့ ပစ်မှန်းမသိဘူး” တဲ့။
ထိုနေရာကို ရန်သူများ ကျည်စုပစ်သည်။ ခွင်းဗုံး၊ လက်ပစ်ဗုံး၊ M ၇၉ ပါမကျန် အကုန်ပစ်ထည့်ကြသည်။ ထိပါပြီး မိမိဘက်မှ တ ယောက်။ အခြားသူမဟုတ်၊ ကံဆိုးသူမောင်ရှင် ရဲဇာနည် ဖြစ်နေသည်။ ထိသည့်နေရာမှာ ရှားရှားပါးပါး ဘယ်ဘက်တင်ပါး ဖင် ဖြစ် သည်။ ၎င်းကိုချစ်မြတ်နိုးသည့် ရဲဘော်များမှ
“ထိမှာပေါ့၊ ဖင်ဆော့တာကိုး” တဲ့။
စစ်ပွဲကာလ ၂ လကျော်လာသည်၊ တိုက်ပွဲကြီးများဆယ်ကြိမ်ထက်မနည်း၊ လက်နက်ကြီး ကျည်မျိုးစုံထောင်ချီ၍ အပစ်ခံရသော်လည်း မိမိစစ်ကြောင်းရှိ အစ္စလမ်ရဲဘော်များ၊ ခရစ်ယာန်ရဲဘော်များ၊ ဗုဒ္ဓဘာသာဝင် ရဲဘော်များ၏ ကောင်းမှု ကုသိုလ်ပြုမှုနှင့် ဆုတောင်း မေတ္တာတော်ကြောင့် ထင်သည် မိမိဘက်မှ တပ်စုမှူး ဗိုလ်လူပု၊ တပ်စိတ်မှူး ကိုအောင်ဝင်းကြီးနှင့် ရဲဇာနည် သုံးဦးသာ ထိခိုက်မှုရှိ သည်။ ကျဆုံးသူမရှိ။
စစ်တိုက်ရင်းစည်းရုံး၊ စည်းရုံးရင်းစစ်တိုက်
ပွိုင့် ၄ဝ၄၄ တောင်ထိပ်ကို သိမ်းပိုက်နိုင်ရေးအတွက် တနေ့လုံး ခြေလျင်တပ်၊ လေတပ်၊ အမြောက်တပ်များမှ မီးကုန်ယမ်းကုန် တိုက် ခိုက်လျက်ရှိသည်။ ရန်သူဘက်၌ ထိခိုက်၊ သေကြေ ၅ဝဝ ထက်မနည်းရှိနေပါပြီး။ မိမိဘက် အခြားစစ်ကြောင်းများ၌လည်း ထိ ခိုက် သေကြေမှုများရှိသည်။ ထိုအထဲတွင် မိမိတူ ဒုတိယဗိုလ်မိုးအောင်ဝင်း ကျဆုံးသွားသည်။ အလောင်းပင်ပြန်မရ၊ ရန်သူ့ဂွင်ထဲကျန် နေခဲ့ သည်။ ၎င်းတွင် ၇ ရက်၊ မွေးခါစ သားကျန်ခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးရွှေမန်းဦးစီး ခမရ-၁ဝ မှ အပြင်းအထန်တက်တိုက် နေပါ သည်။ လေတပ်မှ လေယာဉ်များမှလည်း ရှိရှိသမျှ ဗုံး၊ ဒုံးကျည်များကို ပုံအော၍ သွန်ချနေပါသည်။ နောက်ဆုံး ထိုတောင်ထိပ်ကို သိမ်းပိုက် ရရှိလိုက်ပါသည်။ ထိုပွဲ၌ ဗိုလ်ရွှေမန်း သူရဘွဲ့ရလိုက်သည် ထင်ပါသည်။ ပွိုင့် ၄ဝ၄၄ ကိုရလိုက်ပါသည်၊ သို့သော် သံလွင်မြစ်ရေကိုပင် သောက်ခွင့်မရလိုက်ပါ၊ မာနယ်ပလော ဘယ်မှာရှိနေမှန် မသိကြပါ။ စစ်ဆင်ရေးသတ်မှတ်ရက် ကုန်လွန်သွားသည့်တိုင် မာနယ်ပ လော မြေမနင်းနိုင်ပါ။ စစ်ကွပ်ကဲဖြစ်သည့် ဗိုလ်ချုပ်မောင်လှအကြီးအကျယ် ဒေါသထွက်နေပါပြီး၊ အမှားမှားအယွင်းယွင်း ပြောလာပါ ပြီး၊ ဗိုလ်ချုပ်မောင်လှ မှ …
“မင်းတို့ကရင်တွေ ထမင်းဝအောင်စားထား၊ မကြာခင် ပြတိုက်ထဲသွားကြည့်ရမယ်” တဲ့။
နေ့ဘက်စစ်တိုက်၊ ညဘက် ကာလာမိုက် အမှောင်ထုဖုံးလွမ်းသွားသည်နှင့် အနားယူကြသည်။ အလုပ်မရှိလို့ထင်သည် စကားပြောစက် ထဲ၌ ဘက်နှစ်ဖက် ဆဲနေကြသည်။ ရိုင်းရိုင်းစိုင်းစိုင်ဆဲကြသည်။ ဗျူဟာမှ မိမိဘက်စက်အားလုံး အဆဲရပ်ပြီး မိမိအားအခြားတဖက်မှ တာဝန်ရှိသူအား မိမိလမ်းစဉ် လုပ်ငန်းစဉ်များကို ရှင်းပြခိုင်းသည်။
ညနေ ၆ နာရီထိုးသည်နှင့် မိမိ အမြင့်ဆုံးတောင်ထိပ်ပေါ်ထက်၍၊ စကားပြောစက် ၄ လုံးအဆင်သင့်ပြင်ပြီး တဖက်မှလူကိုခေါ်သည်။ ပဋ္ဌမတော့ ဆဲသည်၊ နောက်မိမိမှ “ကျနော်တို့ ဘာကြောင့်စစ်တိုက်နေသလဲ ဆိုတာပြောပြချင်ပါတယ်” ဟုပြောရာ၊ “ပြောပါ နားတောင်နေပါတယ်” ဟု ပြန်ပြောသည်။ မိမိပြောအား ရှိလာသည်။ မိမိမှဆက်ပြီး … “ကျနော်တို့စစ်တိုက်နေတာ ပြည်ထောင်စုကခွဲထွက်ချင်လို့၊ သီးခြားနိုင်ငံထူထောင်ချင်လို့ မဟုတ်ပါဘူး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့် ရယူလိုသောကြောင့် ဖြစ်ပါတယ်။ ပြည်နယ်ပေါင်းစု ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းတည်ထောင်တဲ့အခါ ကရင်ပြည် နယ်ဟာ ဗမာပြည်နယ်အပါအဝင် ပြည်ထောင်စုဝင်ပြည်နယ်တခုအဖြစ် ပါဝင်နေမှာ ဖြစ်ပါတယ်။ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ လူ့မွေးရာပါ အခွင့်အရေးဖြစ်တယ်ဆိုတာ ရဲဘော်တို့လဲ သိထားပြီးဖြစ်မယ်”
“ဥပမာဗျား… ကျနော်တို့တိုင်းပြည်ကို ဗြိတိသျှကိုလိုနီနယ်ချဲ့သမားတွေ ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ပြီး သီပေါမင်းကို အိန္ဒိယပြည် သို့ ဖမ်းဆီးခေါ်ဆောင်သွားကတဲက ဗြိတိသျှကျွန်တွေဖြစ်ကုန်ကြတယ်။ အိန္ဒိယရဲ့ ပြည်နယ်တခုဘဝရောက်ခဲ့တယ်။ တိုင်းမဲ့ပြည်မဲ့ တွေ ဖြစ်ကုန်တယ်။ ဒီလိုအခြေအနေမျိုးမှာ၊ တိုင်းပြည်တဝှန်းရှိ လူမျိုးစုံ ပညာတတ်တွေ၊ တိုင်းချစ်၊ပြည်ချစ်၊ မျိုးချစ်တွေက နိုင်ငံရေး တောင်းဆိုမှုတွေ လှုပ်ရှားလာကြတယ်။ ခွဲရေး၊ တွဲရေးလှုပ်ရှားမှု၊ အိန္ဒိယပြည်ရဲ့ ပြည်နယ်တခုမဖြစ်မနေလိုဘဲ လုံးဝ လွတ်လပ်တဲ့ ပြည်အဖြစ်နေလိုခြင်း လှုပ်ရှားမှုဖြစ်တယ်။ ဒီလှုပ်ရှားမှုဟာ ကိုယ်ပိုင်ပြဋ္ဌန်းခွင့် လှုပ်ရှားမှုဖြစ်ပါတယ်။ ဆူပူသောင်းကျန်းမှု မဟုတ်ပါ ဘူး။
(BC-၄၃၁) Euripide မှ There is no greater sorrow on earth than the lost of one’s native land လို့ ဖေါ်ပြခဲ့တယ်။ ကျနော်တို့ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုအစိုးရ တက်လာပြီးဆိုရင် ဒီအစိုး ရအပေါ် သစ္စာစောင့်သိရိုသေမှာဖြစ်တယ်။ ဒီအစိုးရက ရေးဆွဲလာမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံစည်းမျဉ်းဥပဒေကို အသက်ပေး ကာ ကွယ်သွားမှာ ဖြစ်တယ်။ ကျနော်တို့ ပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲထွက်သွားမှာမဟုတ်ဘူး၊ ဒါ ကျနော်တို့ရဲ့ သစ္စာစကားဖြစ်ပါတယ် ခင်ဗျား” ဟု၊ တဘက်မှ
“ပြောပါဗျား၊ ကျနော်နားမှာ ကျနော့် အာလူး ဘိုးတော်ကြီး နားထောင် နေပါတယ်” တဲ့။ မိမိမှ
“ဝမ်းသာပါတယ်ဗျား၊ ကျနော်တို့ ညီကိုချင်းသတ်နေကြတာ အကျိုးမရှိပါဘူး၊ ဘက်နှစ်ဘက်က သူရဲကောင်း တွေ မလိုလားအပ်ဘဲ ဆုံးရှုံးကုန်တယ်။ နိုင်ငံခြားကနယ်ချဲ့ကျူးကျော်လာလို့ မိမိတို့ အချုပ်အချာအာဏာ ပိုင်ဆိုင်မှုကို ထိန်းသိမ်း ကာကွယ်ဘို့ တက်ညီ လက်ညီနဲ့ တိုက်ကြရရင် ဘယ်လောက်ကောက်လိုက်မလဲနော်” ဟု၊ “ကောင်းပါပြီ၊ ကာလာမိုက်သွားလို့ Tomorrow 19:00 နာရီမှာ ပြန်ဆုံကြမယ်” တဲ့။ “ဟုတ်ကဲ့ပါခင်ဗျား၊ Good night”၊ တဖက်မှလည်း Good night တဲ့။
မိမိလည်း တဘက်မှ မိမိနဲ့ စစ်ဖြစ်နေတဲ့ဖက်ကို မိမိတို့၏လမ်းစဉ် လုပ်ငန်းစဉ်များကို ရှင်းပြခွင့်ရလို့ဝမ်းသာပါတယ်၊ တဘက်မှလည်း နက်ဖြန် စစ်တိုက်ကြရအုံးမယ်၊ ထိခိုက်မယ် သေကြမှာဖြစ်တဲ့အတွက် စိတ်မချမ်းမသာဖြစ်ရပြန်တယ်။
နောက်တနေ့ ညနေ ၆း၃ဝ ကတည်းက မနေ့ကအတိုင်းအားလုံးပြင်ဆင်ပြီး တဘက်မှ မိတ်ဆွေကို စောင့်နေသည်။ ရ နာရီထိုးသည် နှင့် မိမိမှ “ကျနော်အသံကြားလား”၊ ခေတ္တစောင့်ရပြီး “ကြားပါတယ်၊ပြောပါ”-တဲ့။
မိမိမှ …“ဒီနေ့ ခင်ဗျားတို့နဲ့ ဆန့်ကျင်ဘက်စစ်မျက်နှာမှာ ကျနော်တို့နဲ့ တက်ညီလက်ညီတွဲတိုက်နေတဲ့ ကျောင်းသားတပ်မတော်နဲ့ ဒီမိုကရေစီ အင်အားစုတွေပါတယ်။ ဒီဗမာလူငယ်တွေနဲ့ ကျနော်တို့ ညီအစ်ကိုထက်မက ချစ်ကြည်သွေးစည်းကြသလို အနာဂါတ်ပြည် နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး ရည်မှန်းချက်တွေ ရှိကြတယ်။ စစ်မြေပြင်မှာ ကရင်ရဲဘော်က ဒဏ်ရာရရင် ကျောင်း သား တပ်မတော်က မိမိအသက်ကိုတန်ဘိုးမထားဘဲ တက်ဆွဲတယ်။ တယောက်နဲ့တယောက် အမုန်းတရားတွေ မရှိတော့ဘူး၊ ကရင် ငပွေးလို့ မခေါ်တော့ဘူး၊ သစ်ငုတ်လည်းဆွေး၊ ကရင်လည်းပြေးလို့ မပြောတော့ဘူး။
“ကရင်လူငယ်သွေးတွေနဲ့ ဗမာလူငယ်သွေးတွေဟာ ကရင်ပြည်စစ်မြေပြင်အသီးသီးမှာ မြေခကြတယ်၊ ဒီရဲရဲတောက်နေတဲ့ သွေးနီနှစ် မျိုးပေါင်းစပ်ပြီး အဖပြည်နယ်ပေါင်းစု ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဘို့ ကဗျည်းရေးထိုးလိုက်ပြီးဖြစ်တယ်။ နိုင်ငံတော်က ကြုံ တွေ့လာမဲ့ အန္တရာယ်ဟူသမျှပူးပေါင်း ကာကွယ်ကြမယ်လို့လည်း သစ္စာအဓိဋ္ဌာန်ပြုထားကြပြီးလည်း ဖြစ်ပါတယ်။”
“ကျနော်တို့ညီနှောင်ချင်းဖြစ်နေတဲ့ နိုင်ငံရေးပြသနာကို စစ်နဲ့မဖြေရှင်းဘဲ တွေ့ဆုံဆွေးနွေးရေးစာပွဲဝိုင်းပေါ်မှာ တွေ့ဆုံဆွေးနွေးချင် တယ်ဗျာ” “တယောက်နဲ့တယောက်သတ်လာကြတာနှစ်ပေါင်း ၆ဝ ကျော်ခဲ့ပြီး ဘယ်သူကအောင်ပွဲခံပြီး ဘယ်သူက ရှုံးနှိမ့်သွားလဲ။ ဒီနေ့အထိ အဖြေမရှာနိုင်ခဲ့ပါဘူး၊ လက်တွေ့ဘဲကြည့်ပါဗျာ၊ ကျနော်တို့ အခု စစ်တိုက်နေကြတာ တလကျော်ခဲ့ပြီး၊ ဘက်နှစ်ဘက်က ဘယ် လောက် ကျဆုံး၊ ဒဏ်ရာရကုန်ပြီးလဲ။ စိတ်မကောင်းခြင်းဖြစ်ရပါတယ်ဗျား” ဟု။ တဖက်မှ …
“ကျနော်တို့ စစ်ကြောင်းထွက်ရတော့မယ်၊ နောက်များမှပဲ ဆက်ပြောကြတာပေါ့” တဲ့။
မိမိလည်း စိတ်မကောင်းခြင်းများစွာဖြင့် စစ်ကြောင်းရုံးသို့ပြန်ဆင်းလာခဲ့ပါသည်။
“ပြည်တွင်းစစ်ကြီးအ မြန်ဆုံးပြီးဆုံးပါစေ၊ ကျနော်တို့ ညီနှောင်များအကြား အမုန်းသံသရာများ အမြန်ဆုံးရပ်တန့်ပါစေလို့ ဆုတောင်းလိုက်ပါသည်။
စစ်ဆင်ရေးကာလ ၃ လကျော်၊ ၄ လထဲဝင်လာသည်နှင့် စစ်ကွပ်ကဲ ဗိုလ်ချုပ် မောင်လှ မှ ထိုးစစ်ရပ်စဲ လိုက်ကြောင်းသတင်းထွက် လာပါသည်။ မိမိတို့စစ်ကြောင်းရှိ တပ်များလည်း သက်ဆိုင်ရာမိခင်တပ်ဖွဲ့များသို့ အသီးသီးပြန်လည်ထွက်ခွာရတော့မည် ဖြစ်သည်။ ထို့ကြောင့် မိမိစစ်ကြောင်းရှိ အခြားတပ်ဖွဲ့များသို့ပေးထားသော RPG ၊ စက်လတ်နှင့် စကားပြောစက်များကို ပြန်မယူတော့ဘဲ ဒီမို ကရေစီ လက်ဆောင်အဖြစ်ပေးလိုက်ပါသည်။
ပြည်တွင်းစစ်ကြီး အမြန်ဆုံး ပြီးဆုံးပါစေ၊
ညီနှောင်များအကြား အမုံးတရားများ အမြန်ဆုံး ရပ်စဲနိုင်ပါစေ၊
နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောရေးအတွက် ဘက်နှစ်ဘက်က တပ်မတော်နှစ်ရပ်အတူတကွ လက်တွဲလုပ်ဆောင်နိုင်ပါစေလို့ ဆု တောင်းလိုက်ပါသည်။
Labels:
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment