Sunday, December 25, 2011

“ဒီဇင်ဘာ ဆုတောင်း”


“ငွေကိုတပ်မက်ခြင်းသည်
မကောင်းသောအမှုအပေါင်းတို့တွင်မူလအမြစ်
ဖြစ်သတည်း။ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့်
ယုံကြည်ခြင်းတရားလမ်းမှလွှဲသွား၍၊ ပူပန်ခြင်းဝေဒနာများနှင့်
ကိုယ်ကိုကိုယ်ထုတ်ချင်းခပ်အောင်ထိုးကြပြီ။

(တိမောသေသြ၀ါဒစာ ပဌမစောင်၊ ၆း၁၀)

ကြာပေါ့ …
မေ့လျှော့ဖောက်ကျူးသောသူများက
ဥစ္စာ အာဏာ မိန်းမူး
မြေသားကိုနက်နက်တူးမိုက်မဲ
(လောကကို)
ချောက်ထဲဆွဲချနေကြဆဲ။

စာမျက်နှာတွေသာတိုးများ
အမုန်းတရား
လောဘ ဒေါသ မောဟ မာန်မာန
မီးလျှံဟုန်းဟုန်းထ
(ဘယ်တော့များမှ…)
ကမ္ဘာ့ငြိမ်းချမ်းရေးရကြမှာပါလဲ။

ကဲ …
မနေ့တနေ့ကပဲ
အိုင်ဗရီကိုစ့် မှာလည်း ရွေးကောက်ပွဲနိုင်သမတကို
အသိအမှတ်မပြု
လုယက်မှုကို ကျူးလွန်နေကြပြန်ရဲ့။

မတရားသောသူတို့၏ အဓမ္မအမှုကို
ဖျက်ဆီးတော်မူပါလော့… အို … ဖဘုရားသခင်။ ။

No comments: