Monday, September 10, 2012

မိုးသီးဇွန်၊ အောင်ဝေးနဲ့ အလှပျက်သွားသောကမ္ဘာ (၃)

ဘယ်လိုပြောမလဲ။ မိုးသီးဇွန်ဟာ ကျောင်းသားခေါင်းဆောင်စိတ်ထားခဲ့တယ်။ ထားပါတော့။ ၁၉၈၉ မှာ မိုးသီးဇွန်ကို စစ်အစိုးရက အသေရရ အရှင်ရရ လိုချင်လို့ လိုက်ဖမ်းခဲ့တဲ့အတွက် မိုးသီးဇွန် လွတ်မြောက်နယ်မြေကို ထွက်ပြေးခဲ့ရ တယ်၊ ဒါဟာ မြေရိုင်းလို့ ပန်းရိုင်းတဲ့ကိစ္စပဲ။ မိုးသီးဇွန်ဟာ လက်နက်ကိုင်ချင်လို့ ဘိုးရင်းဂျက် ၇၄၇ ကိုစီးပြီး သွားခဲ့တာ မဟုတ်ဘူး။

ပုန်းလျိုးကွယ်လျိုးနဲ့ ခွေးတိုးပေါက်ကနေ မြန်မာပြည်က ထွက်ခဲ့ရတာ။ စစ်ခွေးတွေရဲ့ ရိုက်ချက်ဒဏ်ကိုကြောက်ပြီး အုတ် ရိုးနဲ့ သံတိုင်ကြားမှာ လုပ်စရာဘာမှမရှိလို့ M16 မောင်းပြန်သေနတ်ကို ရွေးချယ်လိုက်တာ ဖြစ်တယ်။ မိုးသီးဇွန် ဟာ အာ ဏာရှင်မဟုတ်သလို သူရဲကောင်းလဲမဟုတ်သလို လူသတ်သမားလဲ မဟုတ်ဘူး။

သူလွတ်မြောက်နယ်မြေကို ထွက်သွားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မကဒတ) ကျောင်းသားတပ်မတော်မှာ ဥက္ကဋ္ဌ ဖြစ်နေပြီလို့ ကြားတဲ့အချိန်မှာတော့ ကျနော်အပါအ၀င် အခြေခံကျောင်းသားများ သမဂ္ဂရဲ့ အခြေခံကျောင်းသားတော်တော်များများဟာ အင်းစိန်ရဲ့ အုတ်ရိုးနဲ့ သံတိုင်ကြားကို ရောက်နေကြပါပြီ။

ဒါဟာ ကိုယ်ရွေးချယ်တဲ့လမ်းပဲ။ မိုးသီးဇွန်က လက်နက်ကိုင်ဖို့ လွတ်မြောက်နယ်မြေကို ထွက်တယ်။ ကျနော်က လက် နက်ကိုင်ဝါဒကို မကြိုက်လို့ မြေပေါ်တော်လှန်ရေးလုပ်ရင်း အဖမ်းခံတယ်။ ဒါဘာဖြစ်လဲ။ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ရှိ တယ်။ ဒါကဖောက်ပြန်တာတာလား၊ လက်နက်ကိုင်ပြီး တော်လှန်ရေးလုပ်ဖို့ တောခိုတာက ဖောက်ပြန်တာလား၊ လက် နက်မကိုင်ချင်လို့ လူသတ်ဝါဒကိုမုန်းလို့ ပြည်တွင်းနိုင်ငံရေးလုပ်တာက တော်လှန်ရေးကို ဖီလာဆန့်ကျင်တာလား၊ ထောင်ကျခံတာက ခတ်ညံ့ညံ့ နိုင်ငံရေးအတွေးအခေါ်လား။

သေချာတာက ကျနော်တို့ ထောင်တွင်းတိုက်ပွဲတွေ ဆက် တိုက်ဖြစ်ပွားနေချိန်မှာ မိုးသီးဇွန် တယောက်လဲ M 16 က ကျည်တွေ ထွက်သင့်သလောက်ထွက်ပြီးသွားပြီး။ ဒီသမိုင်းကို ဘယ်သူငြင်းမလဲ။

အပိုင်း (၄) ကို ဆက်လက်ရေးသားပါဦးမယ်။

လေးစားစွာဖြင့်

ထက်ရာဇာ

No comments: