Thursday, October 17, 2013

လက်ပန်တောင်း လိပ်ခွံတောင်ခြေမှာ လယ်သမားတွေနဲ့ လုံထိန်းရဲတို့ ထိပ်တိုက်တွေ့

၁၇ အောက်တိုဘာ ၊ နေ့လည် ၁ နာရီ Ko Han Win Aung

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာနေတဲ့ လယ်သမား (၂၀၀) ခန့်ဟာ လက်ပန်တောင်းတောင်ဒေသ လိပ်ခွံတောင်ခြေကို ချီတက်ကာ ကန့်ကွက်တားမြစ်နေကြပြီး လုံထိန်းရဲအင်အားများစွာဖြင့် အာဏာပိုင်တို့မှလဲ စတင်တားဆီးနေကြောင်း သိရှိရပါတယ်။

ပြီးခဲ့ရက်က အာဏာပိုင်တို့၏ တာဝန်ယူမှုမရှိသည့်အပေါ် စောင့်ဆိုင်းနေခြင်းသည် မတရားမှုကို
သိလျှက်နှင့် ခွင့်ပြုရာရောက်နေတဲ့အပြင် လက်ရှိအခြေအနေမှာဆိုရင်လဲ

ယာမြေတွေကို ကြေနီစီမံကိန်းဘက်က ခြံစည်းရိုး ခတ်သိမ်းယူလျက်ရှိနေတုန်း ဖြစ်ပါတယ်။

လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်၏ တင်ပြသဘောတူညီချက်များကို စစ်ခရိုနီဦးပိုင်ကုမ္ပဏီမှ လျစ်လျူရှုချိုးဖောက်ပြီး စီမံကိန်းကို ဆက်လက်ဆောင်ရွက်နေခဲ့ပါတယ်။ မြေယာလျှော်ကြေးမယူထားသည့် လယ်ယာမြေဧက (၄၀၀၀) ကျော်ကို လုံထိန်းရဲများနှင့် အကြမ်းဖက်ခြံစည်းရိုးခတ် သိမ်းပိုက်နေပါသည်။

၃-၁၀-၂၀၁၃ ရက်နေ့မှ စတင်ကာ ယာမြေများကို အကြမ်းဖက်သိမ်းပိုက်ခဲ့ပြီး လယ်သမားတို့၏ ကန့်ကွက်ဆန္ဒပြမှုတွေလဲ နေ့စဉ်ဖြစ်ပေါ်ခဲ့ပါတယ်။

ကြေးနီစီမံကိန်းနှင့်ပတ်သတ်လို့ လယ်သမားတွေကို ချုပ်ချယ်တာတွေကို လုပ်ငန်းဖော်ဆောင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွန်း (ပြည်ထောင်စုဝန်ကြီး) တာဝန်ရှိသူတွေနဲ့ လယ်သမားတို့ (၁၅-၁၀-၂၀၁၃) ရက်နေ့တွင် ဆွေးနွေးခဲ့သော်လဲ အာဏာပိုင်တို့ဘက်မှ မည်သည့်တာဝန်ယူမှုများ မရှိဘဲ အထက်ကိုတင်ပြပေးပါမည်ဟုသာ
ဖြေကြားခဲ့ကြပါတယ်။

No comments: