Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Thursday, April 10, 2014
သမီးလေးရွာသားတွေကို မဲဆောက်မြို့က လူမှုကူညီ စောင့်ရှောက်ရေး အဖွဲ့တွေဖြစ်တဲ့ ကျောင်းသားဆေးခန်း (မယ်တော်) နဲ့ SAW အဖွဲ့ သွားရောက်ကူညီ
Moe KYaw | 9 April 2014
ကရင်ပြည်နယ် မြ၀တီခရိုင် ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့က ရောက်ရှိနေတဲ့ သမီးလေးကျေးရွာက မြေယာမဲ့ ဒုက္ခသည်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို မယ်တော်ဆေးခန်းက တာဝန်ရှိတဲ့ သူတွေနဲ့ SAW အဖွဲ့က ဒီကနေ့ ဧပြီလ (၉) ရက်နေ့မှာ သွားရောက် ကူညီခဲ့တယ်လို့ စုံစမ်းသိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသား (၂၀၀) ကျော်ဟာ DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့နဲ့ ဧပြီလ ၂ ရက်နေ့က လိုက်ပါခဲ့ကြတာဖြစ်ပြီး ကျောက်ခက်ကျေးရွာကို ဧပြီလ (၅) ရက်နေ့မှာ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။
မဲဆောက်အခြေစိုက်
Labels:
သတင်း
သ မီ း ေ လ း မွ ေ က် ာ က် ခ က် သို့
Moe KYaw | 8 April 2014
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာ ဒေသခံစစ်တပ်က အိုးအိမ်တွေဖျက်စီးပြီး မြေတွေသိမ်းလိုက်လို့ အိုးအိမ်မဲ့ဖြစ်နေတဲ့ သမီးလေးကျေးရွာအပါအ၀င် ပြောင်းရွှေ့ခံထားရတဲ့ ကျေးရွာတွေက ရွာသူရွာသား (၃၀၀) ကျော်လောက်ကို နေထိုင်ခွင့်ပေးထားတဲ့ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလိုင်နီကျေးရွာ အောင်သိန္ဓိဘုန်းတော်ကြီးကျောင်းကို ဧပြီလ (၁) ရက်နေ့ ညပိုင်းမှာ ပဲခူးမြို့နယ် ဆည်မြောင်းဦးစီးဌာနက အလိုင်နီဆည်နယ်နိမိတ် အတွင်းမှာ ရှိတာကြောင့်
Labels:
သတင်း
သမီးလေးရွာသားတွေကို ထိုင်း မြန်မာနယ်စပ် ကျောက်ခက်ရွာအရောက် သယ်ဆောင်လာခဲ့တဲ့ ဒီကေဘီအေ ဗိုလ်ဆန်းအောင် နဲ့ တွေ့ဆုံမေးမြန်း
သမီးလေးရွာသားတွေကို ထိုင်း မြန်မာနယ်စပ်
ကျောက်ခက်ရွာအရောက် သယ်ဆောင်လာခဲ့တဲ့ ဒီကေဘီအေ ဗိုလ်ဆန်းအောင် ကို ဧပြီလ ၅
ရက်နေ့က တွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်
ဧပြီလ ၂ ရက်နေ့က နေထိုင်စရာ အခက်အခဲဖြစ်နေတဲ့ ရန်ကုန်တိုင်း လှည်းကူးမြို့နယ်က သမီးလေးကျေးရွာသားတွေကို ဒီကေဘီအေ တပ်ဖွဲ့မှ ထိုင်းမြန်မာနယ်စပ်မှာ နေရာထိုင်ခင်းပေးဖို့ သွားရောက် ခေါ်ဆောင်ခဲ့ပါတယ်။ အိမ်ထောင်စု ၈၂ စု လူဦးရေ ၂၀၁ ဦးပါတဲ့ ရွာသားတွေကို သယ်ဆောင်လာရာ ခရီးစဉ်တလျောက် ရန်ကုန်တိုင်း ၊ ပဲခူးတိုင်း ၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စတဲ့ ဒေသတွေကို ဖြတ်သန်းလာခဲ့ရာမှာ

KNU ဥက္ကဋ္ဌ မကြိုက်လို့ သမီးလေးရွားသားတွေကို တားဆီးရခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ DKBA ဗိုလ်ချု ပ် ကျော်သက် ထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြော
3 April 2014 | ဒေါန | နေ့သစ်
ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့ ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ဒုံသမိချောင်းကူးတံတားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က တားဆီးနေစဉ်၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ KNU ဥက္ကဋ္ဌ က မကြိုက်လို့ တားဆီးရခြင်းဖြစ်ကြောင်း DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီး ကျော်သက် ထံကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
အခြေအနေနဲ့ပတ်သက်ပြီး DKBA တပ်ဖွဲ့က ဗိုလ်ချု ပ် ကျော်သက် ကို မေးမြန်းကြည့်တဲ့အခါမှာ
“ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း ကျနော့်ဆီ ဖုန်းဆက်တယ်။ ဗိုလ်မှူး ဆန်းအောင် သယ်လာတဲ့ သမီးလေးရွာသားတွေကို
Labels:
သတင်း
Saturday, February 1, 2014
၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးအခမ်းအနားမှာ ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ ပူးတွဲစစ်ရေးပြ
ေFeb 1,2014 | ဒေါန | နေ့သစ်
အကြောင်းအမျိုးမျိုးကြောင့် ကွဲပြားနေကြတဲ့ ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင်တွေစုပေါင်းပြီး ၆၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့မှာ လက်နက်ကိုင် စစ်ရေးပြအခမ်းအနားတရပ်ကို ဇန်နဝါရီလ ၃၁ ရက်နေ့က ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ဌာနချုပ်မှာ ကျင်းပခဲ့ကြပါတယ်။
အခမ်းအနားကို KNDO ၊ ကရင့်အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ KNU/KNLA (PC) ငြိမ်းချမ်းရေးကောင်စီ တို့
Tuesday, January 28, 2014
မြဝတီမြို့နယ်တွင်းက ကျောင်းတချို့ကို ကျပ်ငွေ ၄၆ သိန်းဘိုး အဝတ်အစား လာရောက်လှူဒါန်း
27 Jan 2014 | ကေမြိုင် ၊ နေ့သစ်
ထိုင်းမြန်မာနယ်စပ် မြဝတီမြို့နယ်ထဲရှိ ကျေးရွာတွေက ကျောင်းသားကျောင်းသူတွေအတွက် ရန်ကုန်မြို့ရှိ ဘေထုပ်လုပ်ငန်းရှင်တချို့ ကျပ်ငွေ ၄၆ သိန်းနီးပါး တန်ဘိုးရှိတဲ့ အဝတ်အစားတွေကို ဒီကနေ့ လာရောက်လှူဒါန်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
အလှူရှင်တွေဖြစ်တဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် သစ်ဆိမ့်ကုန်း ဧရာဝတီလမ်းနေ ဘေထုပ်အဝတ်အစားလုပ်ငန်းရှင် ဦးတင် မိသားစုနဲ့ လုပ်ငန်းတူအဖွဲ့သားတွေ ဖြစ်ကြပြီး မြဝတီမြို့နယ်အတွင်းက

Tuesday, December 10, 2013
ရွှေ့ပြောင်းမြန်မာကျောင်းများအတွက် မန္တလေးက ဆရာ ၇ ဦး လာရောက်ကူညီ
မြန်မာနိုင်ငံရဲ့ ၂၀၁၃-၂၀၁၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမယ့် မဲဆောက်ဒေသတွင်းမှာရှိတဲ့ ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းက ကျောင်းသားတွေအတွက် မန္တလေးမြို့က စံဟိန်း ပုဂ္ဂလိကပိုင် အထက်တန်းကျောင်း တာဝန်ခံ ဦးဝင်းနိုင် (သင်္ချာ) ဦးဆောင်တဲ့ ဆရာ ၇ ဦးဟာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်ပိုင်းက
Labels:
သတင်း
Friday, November 29, 2013
မြဝတီမြို့မှာ ပေါက်ကွဲမှုတခုဖြစ် တရားခံ၊ ဒဏ်ရာရသူ ပျောက်ဆုံး
နေ့သစ် ၊ နိုဝင်ဘာလ ၂၉ ၊ ဒေါန ၊ မြဝတီမြို့
မြ၀တီမြို့ ဟေမာန်ဦးဘုန်းကြီး ကျောင်းနောက်နားမှာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်က ဗုံးဟုယူဆရသော ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရနိုင်တဲ့ အထောက်အထားတွေ တွေ့ရှိရကာ ပေါက်ကွဲမှု တရားခံနဲ့ ဒဏ်ရာရသူများ ပျောက်ဆုံးနေတယ်လို့ မြို့ခံတဦးအား ဆက်သွယ်မေးမြန်းခံရာမှ သိရှိခဲ့ရပါတယ်။
အမျိုးသားတဦးနဲ အမျိုးသမီးတဦး တည်းခိုနေတဲ့ ဟေမာန်ဦး ဘုန်းကြီးကျောင် အနောက်တည့်တည့် အိမ်တလုံးမှ

အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၇ ဦး နစ်နာကြေး ဘတ် ၁ သိန်းခန့်ရရှိ
![]() |
| ဓါတ်ပုံ .. သောင်ရင်းနဂါး |
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်မဲဆောက်မြို့၏ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ အကွာအဝေးတွင်ရှိသော မယ်ကုတိုက်နယ်၊ အမှတ် (၇) ရပ်ကွက်ရှိ ဟန်ထိုင်း (ခေါ်) Wonderful Co,ltd မှ အလုပ်ထုတ်ခံရသော မြန်မာအလုပ်သမား ၁၇ ဦးတို့သည် ယနေ့တွင် ပုံမှန်လုပ်အားခ ၁၉ ရက်စာနှင့် နစ်နာကြေး ၂ ရပ်ပေါင်း ထိုင်းနိုင်ငံသုံးငွေ ဘတ် - ၁သိန်း ခန့် ရရှိကြကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်တဲ့
Labels:
သတင်း
Monday, November 11, 2013
လိုင်ဇာညီလာခံ ဆုံးဖြတ်ချက်များနဲ့ မြစ်ကြီးနား ဆွေးနွေးပွဲ ရလာဒ်များကို DKBA ကလို့ထူးဝါး တပ်မှူးများ ပြန်လည်သုံးသပ်
နေ့သစ် ၊ ၁၀ နိုဝင်ဘာ ၂၀၁၃ ၊ စိုင်းအောင်သူရ
လူမျိုးစုတော်လှန်ရေးအဖွဲ့အစည်းခေါင်းဆောင်တွေ စုစည်းပြီးပြုလုပ်ခဲ့တဲ့ လိုင်ဇာညီလာခံက ရရှိတဲ့ ဆုံးဖြတ်ချက်များနဲ့ မြစ်ကြီးနားမှာကျင်းပခဲ့တဲ့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် လူမျိုးစု ၁၆ ဖွဲ့တို့ တွေ့ဆုံခဲ့တဲ့ အခြေအနေများကို KKO အတွင်းရေးမှူး ဗိုလ်မှူးစောလုံလုံ ရှင်းလင်းတင်ပြခဲ့ပြီး တပ်မှူးများနဲ့ အပြန်အလှန် ဆွေးနွေးခြင်းများကို
Labels:
သတင်း
Wednesday, November 6, 2013
မိုးသီးဇွန် နဲ့ Alternative Parliament နိုင်ငံရေးဆွေးနွေးပွဲ
ကိုမိုးသီးဇွန် ဦးဆောင်ဆွေးနွေးတဲ့ Introduction To Alternative Parliament ခေါင်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲတခုကို နိုဝင်ဘာ ၄ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးစီးကျင်းပပေးခဲ့ပြီး အခမ်းအနားကို စိတ်ဝင်စားသူတွေ ၄၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
ပြည်သူလူထုရဲ့အမြင့် လူထုရဲ့အသံကို တင်ပြနိုင်ဖို့အတွက် Alternative Parliament လိုအပ်တယ်ဆိုတာကို အခမ်းအနားအဖွင့်အမှာစကားပြောတဲ့ ဦးလေးမြင့်က
Labels:
သတင်း
Wednesday, October 30, 2013
မြ၀တီမြို့က ငွေလဲတဲ့ခုံတွေ ပုံမှန်အတိုင်း ပြန်လည်ငွေလဲနေ
Moe KYaw , 30 October 2013
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ချစ်ကြည်ရေးတံတားအနီး မှာ ဖွင့်ထားတဲ့ ငွေလဲတဲ့နေရာတွေက ထိုင်းနိုင်ငံဘက်ခြမ်းက အလုပ်လုပ်ပြီးပြန်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေထံကနေ ငွေကို မသမာတဲ့နည်းနဲ့ ရယူနေတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးေ ပါင်းပြီး ငွေလဲတဲ့နေရာတခုကို အောတိုဘာလ ၃၀ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့တယ်လို့
ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ချစ်ကြည်ရေးတံတားအနီး
Labels:
သတင်း
Monday, October 28, 2013
မြဝတီမြို့ ကရင်လူထုတွေ့ဆုံပွဲ
နေ့သစ်၊ အောက်တိုဘာ ၂၇
ကရင်အမျိုးသားစည်းလုံးရေးနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကရင်လူထုတွေ့ဆုံပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့ သောင်ရင်းခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို ကရင်စည်းလုံးရေးနှင့် ငြိမ်းချမ်းရေးကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပြီး ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင်နိုင်ငံရေးပါတီများ၊ ကရင်လူထုအခြေပြုအဖွဲ့အစည်းများ စုစုပေါင်းအင်အား ၃၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။
အခမ်းအနားမှာ ကရင်လူထုနဲ့ ကရင်ပါတီ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အပြန်အလှန်ဝေဖန်သုံးသပ်မှုတွေနဲ့ လူထုရဲ့ လယ်မြေသိမ်းခံရတဲ့ နစ်နာချက်တွေကို တင်ပြဆွေးနွေးခဲ့ကြပြီး၊ ကေအန်ယူ အနေဖြင့် ကွဲပြားနေတဲ့
Labels:
သတင်း
Thursday, October 24, 2013
မြ၀တီမြို့မှာ တရားမဝင် အသေးစားလောင်းကစားမှုများ နှိမ်နင်း
နေ့သစ်၊ အောက်တိုဘာ ၂၄၊ စိုင်းအောင်သူရ
ကရင်ပြည်နယ် မြ၀တီမြို့ အာဏာပိုင်တွေ ဦးစီးပြီး တရားမဝင်အလောင်းကစားဒိုင်တွေက သိမ်းဆည်းထားတဲ့ အကြွေစေ့ထဲ့ပြီး ကစားတဲ့ လောင်းကစားစက်ခုံ ၁၉၉ စုံကို အာဏာပိုင်တွေက ဒီနေ့မနက်ပိုင်းမှာ မီးရှီု့ဖျက်ဆီးခြင်း

ထောင်တွင်းညှဉ်းပန်း နှိပ်စက်မှု အတွင်းဒဏ်ရာများ ဆေးစစ်ချက်တွေအရ တွေ့ရှိ
နေ့သစ် ၊ ၂၄ အောက်တိုဘာ ၂၀၁၃
နိုင်ငံရေးသားဟောင်းတချို့ ကျန်မာရေးစစ်ဆေးရာမှာ စစ်ကြောရေးနဲ့ ထောင်တွင်းနှိပ်စက်မှုတွေကြောင့် တချို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ခန္ဓာကိုယ်ထဲမှာ အတွင်းကြေဒဏ်ရာတွေနဲ့ အပြင်းအထန်ခံစားနေရတာ ရှိတယ်လို့ သိရှိရပါတယ်။
လမ်းမတော်မြို့နယ်ရှိ Green Cross ဆေးရုံမှာ ဆေးစစ်ချက်ခံယူ ကုသနေတဲ့ လွန်ခဲ့သော သုံးလခန့်က လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုအေးမင်နိုင် ပြောပြချက်အရ

Thursday, October 17, 2013
လက်ပန်တောင်း လိပ်ခွံတောင်ခြေမှာ လယ်သမားတွေနဲ့ လုံထိန်းရဲတို့ ထိပ်တိုက်တွေ့
၁၇ အောက်တိုဘာ ၊ နေ့လည် ၁ နာရီ Ko Han Win Aung
လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းကြောင့် ဆုံးရှုံးနစ်နာနေတဲ့ လယ်သမား (၂၀၀) ခန့်ဟာ လက်ပန်တောင်းတောင်ဒေသ လိပ်ခွံတောင်ခြေကို ချီတက်ကာ ကန့်ကွက်တားမြစ်နေကြပြီး လုံထိန်းရဲအင်အားများစွာဖြင့် အာဏာပိုင်တို့မှလဲ စတင်တားဆီးနေကြောင်း သိရှိရပါတယ်။
ပြီးခဲ့ရက်က အာဏာပိုင်တို့၏ တာဝန်ယူမှုမရှိသည့်အပေါ် စောင့်ဆိုင်းနေခြင်းသည် မတရားမှုကို
သိလျှက်နှင့် ခွင့်ပြုရာရောက်နေတဲ့အပြင် လက်ရှိအခြေအနေမှာဆိုရင်လဲ

Wednesday, October 16, 2013
လက်ပန်တောင်းလူထုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေးပွဲ
၁၅ အောက်တိုဘာ ၂၀၁၃ ညနေ (၄) နာရီ၊ Ko Han Win Aung
လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းသည် ပြည်သူ့ဆန္ဒ၊ စုံစမ်းရေးကော်မရှင်၏
တင်ပြသဘော တူညီချက်များကို ချိုးဖောက်ပြီး ဆောင်ရွင်နေသည့် ကမ္ဘာ့ပေါ်တွင် ဒုတိ
ယအကြီးမားဆုံးသော ကြေးနီမိုင်း ဖြစ်ပါသည်။ လက်ပန်တောင်းလယ်သမားများ၏
လျော်ကြေးငွေ ရယူထားခြင်းမရှိသည့် မြေယာများကို မတရားသိမ်းပိုက်၍ စီမံကိန်းကို
တဖက်သတ် ဆောင်ရွက်နေရာ

Saturday, October 12, 2013
မန္တလေး ပညာဒါနကျောင်းများအတွက် လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဂီတဖြင့် အလှူခံမည်
အောက်တိုဘာ ၁၂ ၊ နေ့သစ်
မန္တလေးခရိုင် ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ ပညာဒါနကျောင်းတွေအတွက် ရန်ပုံငွေရှာဖွေးရေး လှုပ်ရှားမှုတရပ်အနေနဲ့ အောက်တိုဘာလ ၁၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှာ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဂီတဖြင့်
မန္တလေးခရိုင် ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ ပညာဒါနကျောင်းတွေအတွက် ရန်ပုံငွေရှာဖွေးရေး လှုပ်ရှားမှုတရပ်အနေနဲ့ အောက်တိုဘာလ ၁၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှာ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဂီတဖြင့်
Thursday, October 10, 2013
ရွှေ့ပြောင်းဆယ်တန်း ပထမအစမ်း
အောက်တိုဘာ ၁၀ ရက် ၊ နေ့သစ်
မြန်မာပြည် ပညာရေးစနစ် ဆယ်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ထိုင်းနိုင်ငံ မဲဆောက်မြို့ မြန်မာရွှေ့ပြောင်းကျောင်းတွေက ကျောင်းသား ၁၃၈ ဦး ပထမအစမ်းစာမေးပွဲကို ဒီကနေ့ မဲဆောက်မြို့ရှိ ဆာသူလေကျောင်းမှာ ဖြေဆိုခဲ့ကြပါတယ်။
ဒီမနက် ဆာသူလေကျောင်းကိုရောက်တော့ ကလေးတော်တော်များများကို တွေ့လိုက်ရတာက စာအုပ်ကလေးတွေပိုက် မျက်လုံးလေးတွေမှိတ်ပြီး ပါးစပ်က စာတွေ တတွတ်တွတ်ရွက်နေတာတွေ၊ စာရွက်ကလေးတွေကိုင်ပြီး စာဖတ်နေတဲ့သူတွေကနဲ့၊ တချို့က နှစ်ယောက်တတွဲ သုံးယောက်တတွဲ စာတွေကို အလွတ်ရွတ်ဆိုနေကြတယ်။ တချို့ကတော့
Labels:
သတင်း
Wednesday, October 9, 2013
မိကျောင်းကန်ပြည်သူတွေက ရိုင်းပျတဲ့ ရဲတပ်ဖွဲ့မှူးကို မတွေ့လို
၈ အောက်တိုဘာ ၂၀၁၃ ၊ နေ့သစ်
မြို့တော်ခန်းမရှေ့ မိကျောင်းကန်ပြည်သူတွေရဲ့ မြေနေရာပြန်လည်ရရှိရေး ဆန္ဒပြသပိတ်စခန်းဖွင့်ခဲ့တဲ့အတွက် ဦးဆောင်သူ ဦးစိန်သန်း အပါအဝင် ၅ ဦးကို တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးသိန်းလှိုင်က ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း အောက်တိုဘာလ ၈ ရက်နေ့က အုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
သပိတ်စခန်းဖွင့်ရာမှာ ဦးဆောင်သူတွေကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားကြောင်း ခေါ်ယူပြောဆိုရာတွင် မိကျောင်းကန်ပြည်သူများနဲ့ တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးတို့ အဆင်မပြေမှုဖြစ်သွားကြောင်းကို သိရှိရပြီး ခေါ်ယူတွေ့ဆုံသူတွေထဲမှာပါသွားတဲ့ မနေနွယ်သန်း က

Subscribe to:
Posts (Atom)