အောက်တိုဘာ ၁၂ ၊ နေ့သစ်
မန္တလေးခရိုင် ပညာရေးကွန်ရက်နဲ့ ချိတ်ဆက်ထားတဲ့ ပညာဒါနကျောင်းတွေအတွက် ရန်ပုံငွေရှာဖွေးရေး လှုပ်ရှားမှုတရပ်အနေနဲ့ အောက်တိုဘာလ ၁၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှာ လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းအဖွဲ့မှ ဂီတဖြင့်
အလှူခံပါမှာဖြစ်တယ်လို့ သိရှိရပါတယ်။
အလှူခံမယ့် အချိန်နဲ့ နေရာတွေကတော့
နံနက် (၉း၀၀) နာရီမှာ ကျောက်ဝိုင်းအနောက်ပေါက်၊
နေ့လည် (၁း၀၀) နာရီမှာ ရွှေပြည်မိုး (ကဖေး) (၃၅ လမ်း) (၆၅× ၆၆ လမ်းကြား)
ညနေ (၄း၀၀) နာရီမှာ ရွှေမန္တလေး (ကဖေး) စက်မှု (၁) (၆၂ လမ်း)နဲ့
ည (၇း၀၀) နာရီမှာတော့ ဘုရင်မ စားတော်ဆက် (၃၂ လမ်း၊ ၆၅ လမ်းထောင့်) စတဲ့ နေရာတွေ ဖြစ်ပါတယ်။
မန္တလေးခရိုင် ပညာရေးကွန်ရက်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်နဲ့ လက်တွဲဆောင်ရွက်ပြီး ပြည်သူလူထုအတွင်းက လိုအပ်နေတဲ့ ပညာရေးလုပ်ငန်းတွေကို ကူညီလုပ်ကိုင်ဖို့အတွက် ၂၀၁၃ စက်တင်ဘာ ၆ နေ့က စတင်ကာ ဖွဲ့စည်းထားတဲ့ အဖွဲ့တခု ဖြစ်ပြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၄ ကျောင်း၊ အမရပူရ မြို့နယ်မှ ၁ ကျောင်းနဲ့ မဟာအောင်မြေမြို့နယ်မှ ၁ ကျောင်းတို့မှ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားကြောင်း သိရှိရပါတယ်။
မန္တလေးခရိုင် ပညာရေးကွန်ရက်အနေနဲ့ ပညာဒါနကျောင်းတွေက ကျောင်းသား၊ ကျောင်းသားသူအတွက် ပညာသင်ကြားနိုင်ရေးအပြင် စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲနဲ့ ကဗျာပြိုင်ပွဲတွေကို ကျင်းပပေးတယ်လို့လဲ သိရှိပါတယ်။
ဓါတ်ပုံ ... မန္တလေးခရိုင် ပညာရေးကွန်ရက်
(သင်ပန်းကုန်းကျောင်းမှ ကျောင်းသူ ကျောင်းသားလေးများ)

No comments:
Post a Comment