Monday, October 14, 2013

ဦးသန်းရွှေကို ဒီဝါကျွတ်မှာ ပရိုမိုးရှင်းလုပ်မယ်

အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေပြီး သြဇာပါဝါတွေ ကျဆင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး သမီးတော်တွေက ကြုံးဝါးနေကြတယ်။

အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေတယ်ဆိုတဲ့ သတင်းက လူပြောအများဆုံးသတင်း ဖြစ်နေပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဦးသန်းရွှေကို စစ်တပ်ထဲကလည်း

မထောက်ခံတော့တဲ့အကြောင်း ဆက်စပ်သတင်းများ ထွက်ပေါ်နေပါတယ်။

အဆိုပါ သတင်းများ ထွက်ပေါ်လာတာနဲ့ ပတ်သတ်ပြီး ဦးသန်းရွှေ ဒေါ်ကြိုင်ကြိုင်တို့ရဲ့ သမီးများ (နေပြည်တော်တွင် သမီးတော်များဟု ခေါ်ကြသည်) က မခံမရပ်နိုင် ဖြစ်နေကြတယ်လို့ နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကြားမှာ လူပြောများနေတဲ့ ကျောချမ်းစရာ ကိစ္စဖြစ်နေပါတယ်။

ဦးသန်းရွှေ ဟာ အနော်ရထား မင်းတြားကြီး၊ ဘုရင့်နောင်မင်းတြားကြီး ဝင်စားတာဖြစ်ပြီး ဒေါ်ကြိုင်ကြိုင်မှာလည်း အလောင်ဘုရား မင်းတြားကြီး ဝင်စားထားသူ ဖြစ်နေပြန်တယ်၊ မြေးတော်လေး ဖိုးလပြည့်ကတော့ စစ်သူကြီး ဗန္ဓုလ ဝင်စားထားတာဖြစ်ကြောင်း သမီးတော်တွေက အတိအကျကို ယုံကြည်လျှက်ရှိပါတယ်။

ငါတို့ အဖေကြီး အမေကြီးနဲ့ သားလေး ဖိုးလပြည့်က မြန်မာရှေးဘုရင်တွေနဲ့ စစ်သူကြီးတွေ ဝင်စားထားတာ၊ နောက်ပြီး စစ်တပ်ရာဇဝင်မှာ ငါတို့လောက် ဘုန်းမီး နေလ တောက်တဲ့ မိသားစု အရင်ကလည်း မရှိခဲ့ဘူး၊ နောက်လည်း ဘယ်တော့မှ မရှိစေရဘူး၊ ငါတို့ မိသားစုသာ စစ်တပ်ရဲ့ အမိအဖ အမြဲ ဖြစ်နေရမယ်လို့ သမီးတော်များက ကြုံးဝါးလျှက်ရှိကြပါတယ်။

ဦးသန်းရွှေနှင့် ဒေါ်ကြိုင်ကြိုင်တို့၏ ဘုန်းမီးနေလတောက်နေဆဲအကြောင်း မြန်မာတနိုင်ငံလုံး သိရှိစေဖို့် အခု သီတင်းကျွတ်မှာ ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ကို လာရောက် ဂါရဝပြုသူတွေရဲ့ ဖင်ပူးတောင်းထောင် ကန်တော့နေပုံများကို ဓါတ်ပုံရိုက်ပြီး အွန်လိုင်းတွင် တင်သွားမည်ဟု သမီးတော်များက စီစဉ်ထားကြောင်း သိရှိရပါတယ်။

(Hawdeka Khalaylay)

No comments: