Showing posts with label သရော်စာ. Show all posts
Showing posts with label သရော်စာ. Show all posts

Sunday, June 8, 2014

သမ္မတကြီးကို ကျနော်ယုံသည်

သမ္မတကြီးကို ကျနော်ယုံသည်မှာ အမေစု နှင့် ဖထီး မူတူးစေးဖိုးတို့ ယုံသည်အောက် တပြားသားမျှ မလျော့ကြောင်း လွှတ်တော်ထဲတွင်ပင် ကျိန်တွယ်၍ ပြောရဲပါသည်။

ကျနော်ယုံသည်မှာ အခြားသူများကဲ့သို့ မျက်စိမှိတ်ယုံခြင်းမျိုး မဟုတ်။ စက္ခုနှစ်ကွင်းကို လင်းကွင်းပမာ ပြူးနေအောင် ဖွင့်ထားလျက်က ယုံကြည်ခြင်းမျိုး ဖြစ်ပါသည်။ ထို့ကြောင့်

Tuesday, January 21, 2014

ဒို့ခေတ်ကျိုးမှ ရွှေတံဆိပ်တိုးရမှာလား

ဟိုက်ရှာလပတ်ရည် ….။ အပလာဂွီဂွမ် ဥက္ကဋ္ဌဖြစ်လာသော ရေမလာ၊ မီးမမှန် နိုင်ငံသည် အားကစားအရပ်ရပ်၌ ရွှေတံဆိပ်စေလိုသော အလို့ငှာ ခန္ဓာကိုယ်အကောင်းပကတိ ဘောလုံး၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ စားပွဲတင် တင်းနစ်၊ တင်းနစ်၊ ကြက်တောင်၊ ပြေးခုန်ပစ်၊ ဂေါက်သီးရိုက် အစရှိသည့် နိုင်ငံတကာ အိုလံပစ် အားကစားနည်း စာရင်းဝင် အားကစားသမားအားလုံးကို သံကြိုဖြင့်ရိုက် (အဲလေ) သံကြိုးရိုက်ကာ

Thursday, November 7, 2013

ဘာနဂါးမှ မကြောက်ဖူးမှတ်၊ ဇာတ်ဓါးကို မတုန် စက္ကူကျားကို မဖြုံ

ဟံသာဝတီ ဦးဝင်းတင်၊ နိုဝင်ဘာ ၆၊ ၂၀၁၃

တတိုင်းတပြည်လုံး ဖိန့်ဖိန့်တုန်ကြောက်ချေးပါအောင် ဟိန်းဟောက် မာန်မဲလိုက်တဲ့ ခြိမ်းခြောက်သံကွဲကြီး နားနဲ့ ဆတ်ဆတ်ကြားလိုက်ကြရဲ့နော်။ မကြားသနော်ရယ်လို့ မရှိရအောင် ကျုပ်က ပြည်သူတွေကို နားကလော်လို့ ဖော်ထုတ်ပေးပါရစေဗျား။

တ၀ါကျွတ်တွင်းမှာ ဘယာညွတ်ကွင်းက ငါလွတ်ကင်းအောင်ဟဲ့ဆိုတဲ့ သဘောလေးလား။ ၀ါကျွတ်မှာ ဆရာဖွတ်ကြီး အဲလေယောင်လို့ ဆရာကြံ့ကြီးကို တောပြောတောင်ပြော လုပ်အောင်ဆိုတဲ့ သဘောလေလား တော့မသိ။ စစ်အာဏာရှင်ဟောင်းဆီကို သူ့တပည့်ရင်းတွေက ယောဝစန အသံကြားရအောင် သြ၀ါဒခံသွားကြသတဲ့။ သခွပ်ပင်ရင်းမှာ

Monday, October 14, 2013

ဦးသန်းရွှေကို ဒီဝါကျွတ်မှာ ပရိုမိုးရှင်းလုပ်မယ်

အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေပြီး သြဇာပါဝါတွေ ကျဆင်းနေတဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး သမီးတော်တွေက ကြုံးဝါးနေကြတယ်။

အပြင်မှာ ဦးသန်းရွှေ ကံဇာတာနိမ့်နေတယ်ဆိုတဲ့ သတင်းက လူပြောအများဆုံးသတင်း ဖြစ်နေပါတယ်။

နောက်ဆက်တွဲအနေနဲ့ ဦးသန်းရွှေကို စစ်တပ်ထဲကလည်း

Sunday, October 13, 2013

ကျွတ်ခါနီး ကြိုင့် ဒေါသ

ဒေါ်ကြိုင်ကြိုင်တယောက် ဒီတခါ တကယ်ကို ဒေါပွနေပါတယ်၊ ဒေါပွမယ်ဆိုလည်း ဒေါပွစရာဖြစ်နေလို့ပါ။

အခုပဲ အောက်တိုဘာလလယ်ရောက်ပါတော့မယ် အခုအချိန်အထိ သူနဲ့ သူ့ယောက်ျားကို ဒီသီတင်းကျွတ်မှာ လာကန်တော့မယ်ဆိုပြီး ကြိုတင်စာရင်းပေးထားတဲ့သူတွေ လူမစုံသေးလို့ပါတဲ့။

အရင့်အရင်နှစ်တွေကဆို

Saturday, September 21, 2013

ကမ္ဘာ့အဆင့်မီ (၁)

ကမ္ဘာ့မဆင့်မီအောင်ကြိုးစားနေတဲ့ အစိုးရအဖွဲ့သစ်ရဲ့စေတနာတွေကို နေရာမလပ်၊ အချိန်မလပ် ကြားသိနေရတဲ့ ကျနော် အပါအ၀င် တိုင်းသူပြည်သားတွေ နားလည်း နားအလျှောက်၊ မျက်စိလည်း မျက်စိအလျှောက် ဘာတခုမှ အားရတယ် မရှိလှပါဘူး။ မျက်စိသူငယ် နားသူငယ်နဲ့ သင်ယူရတယ်

Wednesday, May 8, 2013

ပြောင်းသွားပြီ

နေရာ၊ တာဝတိံသာပြည်၊ သကြားမင်းကြီး ဘဲဥပုံရုံးခန်း။
သကြားမင်းကြီးနှင့်အတူ မာတလိစ်(စက္ကထရီ အော့ဖ် တာဝရိန်သာ)၊
ပေါင်တန်ရှည်ရှည် အသားညိုညို ဆံပင်ဂုတ်ဝဲနှင့် နတ်စာရေးမတဦး၊
တာဝတိံသာ လုံခြုံရေး ဒါရိုက်တာ နတ်မင်း ၊
တာဝတိံသာနှင့် ငရဲပြည်များ ဆက်ဆံရေးနတ်မင်း၊ တာဝတိံသာ စီးပွားရေးနှင့်ဖွံ့ဖြိုးမှုဆိုင်ရာ နတ်မင်းတို့ ရှိနေစေ။

Monday, October 1, 2012

လုံးလုံး ပြားပြား သီးစုံကုလားဟင်းကတော့ ရောင်းကောင်းတာပါပဲ

တခါတုန်းက ရွာတရွာမှာ မုဆိုးမ မိသားစုတစု ရှိတယ်။ မိသားစုထဲမှာ မလုံး ဆိုတဲ့ သမီးတယောက်လဲပါတယ်။ မလုံးက သမီးမိန်းကလေးဆိုပေမယ့် ဒေါင်းတည်မောင်းတည် ကျားကျားယားယား မဟုတ်မခံ ယောင်္ကျားလျာတယောက်၊ မလုံး ရဲ့

Tuesday, February 22, 2011

ချိတ်ထမီ ပုံပြင်


သူငယ်ချင်းနှစ်ယောက် မင်္ဂလာဆောင်တခုတွင် မထင်မှတ်ပဲ သွားဆုံမိကြသည်။ ပွဲလမ်းသဘင်တိုင်းမှာ ချိတ်ထမီ ၀တ် နေကျ သူငယ်ချင်းက ယောထမီလေး ၀တ်လာသဖြင့် ခင်မြတ်နိုး အံ့သြသွားသည်။