Sunday, October 13, 2013

ကျွတ်ခါနီး ကြိုင့် ဒေါသ

ဒေါ်ကြိုင်ကြိုင်တယောက် ဒီတခါ တကယ်ကို ဒေါပွနေပါတယ်၊ ဒေါပွမယ်ဆိုလည်း ဒေါပွစရာဖြစ်နေလို့ပါ။

အခုပဲ အောက်တိုဘာလလယ်ရောက်ပါတော့မယ် အခုအချိန်အထိ သူနဲ့ သူ့ယောက်ျားကို ဒီသီတင်းကျွတ်မှာ လာကန်တော့မယ်ဆိုပြီး ကြိုတင်စာရင်းပေးထားတဲ့သူတွေ လူမစုံသေးလို့ပါတဲ့။

အရင့်အရင်နှစ်တွေကဆို
အောက်တိုဘာတောင်မရောက်သေးဘူး၊ စက်တင်ဘာလဆန်းကတည်းကတင် သီတင်းကျွတ်ရင် လာကန်တော့ပါမယ် လက်ခံပေးပါဆိုတဲ့သူတွေက နိုဝင်ဘာတလလုံး ရက်မအား ဒီဇင်ဘာလကုန်အထိ ကူသွားကြတာများပါတယ်။

အခုနှစ်တော့ သီတင်းကျွတ်ခါနီးနေပြီ စာရင်းလာပေးတဲ့သူတွေက လူမစုံသေးဖြစ်နေပါတယ်။ အစိုးရ လွှတ်တော်နဲ့ ကြံ့ခိုင်ရေးက တပည့်သားမြေးတွေကတော့ လူစုံသလောက်ရှိနေပါပြီ၊ လက်ရှိတပ်ထဲကလူတွေ မစုံသေးတာပါ။

လက်ရှိတပ်ထဲက လူတွေက အကြောင်းအမျိုးမျိုးပြပြီး စာရင်းရောက်မလာသေးတဲ့အတွက် ဒေါ်ကြိုင်ကြိုင်တယောက် ဒေါပွနေတာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ နီးစပ်တဲ့သူတွေ လက်တို့သတိပေးကြပါအုံး၊ သီတင်းကျွတ်တော့မယ်လို့၊ ဦးသန်းရွှေနဲ့ ဒေါ်ကြိုင်ကြိုင်တို့ကို ဝါကျွတ်ကန်တော့ရအုံးမယ်လို့၊ စားစရာမရှိရင်နေ လျှော်စရာတော့ရှိရမယ်လို့၊ ပြောပေးကြပါအုံးနော် ...

(Hawdeka Khalaylay)

No comments: