Tuesday, November 19, 2013

စုတ်ပဲ့တဲ့အကြံဆိုး

ပြီးခဲ့တဲ့အပတ်က စက်မှုဇုံ (၁) ဘက်ကိုရောက်တယ်။ ဒီမှာ ရေလုပ်သားတွေရဲ့ ကစားကွင်း မြေ ၃ ကွက်ကို မြို့နယ်မြေစရင်းနဲ့ပေါင်းပြီး လူတချို့က ခြံလာခတ်သွားတယ်။ သူတို့က နိုင်ငံတော်ဆိုတာကို တွင်တွင်သုံးကြတယ်။ ဆိုင်းဘုတ်တွေထောင်ထားကြသွားတယ်

ဒီမြေကွက်တခုက ပေ ၁၀၀ x ၅၀ ရှိပါတယ်။ သုံးကွက်ပေါ့။ ဒီ စက်မှုဇုံမှာ ရေလုပ်ငန်းလုပ်သူ လုပ်ငန်းရှင်နဲ့လုပ်သားက တသောင်းရှိတယ်။ စက်မှုဇုံတခုလုံးက နံစော်နေတယ်။ အလုပ်သားတွေအတွက် အနားယူနိုင်စရာ ဘောလုံးကန်၊ ခြင်းခတ်၊ ရှင်ပြု ၊ တရားပွဲက ဒီမြေကွက်ပဲ

အားကိုးနေရတာလို့ ဆိုတယ်။

ဒီမြေကွက်ပေါက်ဈေးက ကျပ်ငွေသိန်း ၄၀၀ လောက်ဖြစ်လာတယ်။ ဒါကို ဒေသအာဏာပိုင်နဲ့ပေါင်းစားသူတဦးက မြေကွက်ကိုနှစ်ပေါင်း ၆၀ အစိုးရစီကငှားသတဲ့။မြေ ငှားကတော့ သုံးလ စာမှ ၁၆၇ ကျပ်ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်က ရမှာက ၃ လ မှာ ၁၆၇ ကျပ် ဆိုတဲ့သဘောပေါ့ဗျာ။ ဒါကို နှစ်ပေါင်း ၆၀ ငှားမယ်။ သူက ပေါက်ဈေး သိန်း ၄၀၀ လောက်နဲ့ရောင်းစားပြီး အပွကြံတဲ့သဘောပါ။

ဒီလောက် စုတ်ပဲ့တဲ့အကြံဆိုးကိုတော့ ကျန်ာတို့ လုံးဝ လက်မခံဘူး။ အကျင့်ပြတ် ၀န်ထမ်းကိုအရေးယူဖို့ လိုပါတယ်။

သက်ဆိုင်ရာ အစိုးရအနေနဲ့ ဒီကိစမှာ စက်မှုဇုံနေ လုပ်သားတသောင်းကျော်ရဲ့ အကျိုဘက်ကိုလိုက်ပြီး မြေကွက်ကို ငှားမယ်ရောင်းမယ်ဆိုရင်လဲ ဒီဇုံကလုပ်သားတွေကိုပဲ ရောင်းဈေခြင် ငှားစေချင်ပါတယ်။ အလုပ်သမားတွေပြောတာကတော့ သူတို့ ဒီမြေမှာ စီးပွားရေးမလုပ်ပါဘူး။ ကွင်းလေးအဖြစ်နဲ့ပဲထားမယ်။ ရောင်းမယ်ဆိုရင်လဲ သူတို့ပေါက်ဈေးနဲ့ နိုင်ငံတော်အတွက်အခွန်ပေးပါမယ်လို့ ကျနော်ကို ဆိုပါတယ်။

မိုးသီးဇွန်

No comments: