ကျနော်ရန်ကုန်ရောက်တော့ ကျနော် ကြီးပြင်းခဲ့တဲ့ရပ်ကွက်
ကိုသွားကြည့်တယ်။ ရပ်ကွက်က သင်္ဃန်းကျွန်း
မိကျောင်းကန် အပိုင်း ၁ ရပ်ကွက်။ ၁၉၉၁ ခုနှစ်မှာ ကျနော်တို့ ရပ်ကွက်ကို ဦးသန်းရွှေ
အစိုးရလက်ထက်မှာ သိမ်းဆည်းသွားတယ်။
ကျနော်တို့ကို ကျူးကျော်သူတွေလို့ သတ်မှတ်ခဲ့တယ်။
ရပ်ကွက်ကို အမြန်ဖျက်ကြဖို့ နည်းမျိုးစုံနဲ့ နှိပ်စက်ခဲ့ကြတယ်။ အနိုင်ကျင့်ခဲ့ကြတယ်။
လူတွေပထမတော့ တောင့်ခံသေးတယ်။ နောက်တော့ တယောက်ချင်းရွေ့ပေးခဲ့ကြရတယ်။ အဖေနဲ့ နိုင်ချစ်သောင်းတို့
နှစ်အိမ် သုံးအိမ်ပဲကျန်တော့တယ်။ ဘယ်သူမှမရှိတော့ဘူး။ နောက်တော့ ဘူဆိုဇာတွေနဲ့
လာထိုးတော့မှာ ကျနော့်အဖေနဲ့ နိုင်ချစ်သောင် (မွန်) ကိုစိုးမင်း(ရခိုင်) တို့ဟာ လက်လျော့ပေးလိုက်ကြရတယ်။
၁၉၇၀ ခုနစ်ခန့်မှာ အဖေဟာ
၁၉၇၀ ခုနစ်ခန့်မှာ အဖေဟာ