၁။ ရှစ်လေးလုံး လူထုအရေးတော်ပုံကြောင့် ဖြစ်လာတဲ့ ၉၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ချင်တယ်။ ရိုးရိုးဖျက်ချင်တာ မဟုတ်ဖူး။ ဖွဲ့စည်းပုံနဲ့ အစားထိုး ဖျက်ချင်တာ။
၂။ စစ်ဖွဲ့စည်းပုံကို တဖြည်းဖြည်းချင်း အချိန်ယူ အချိန်ဆွဲပြီး သေသေချာချာရေးဆွဲတယ်။ စစ်အုပ်စုက အတိုက်အခံအတွက် ထောင်ချောက်၊ သတ်ကွင်းသဘောမျိုး ရေးဆွဲတယ်။ သူ့အတွက် အာဏာကို ချုပ်ကိုင်ထားနိုင်အောင် လုပ်ထားတယ်။ ပြင်လို့ မရနိုင်အောင် လုပ်ထားတယ်။ နောက်
ဒီဖွဲ့စည်းပုံကို အတိုက်အခံရဲ့ ပါလီမန်ထဲ ပါဝင်မှုနဲ့ အသက်ဝင်ချင်တယ်။
၃။ နိုင်ငံတကာထောက်ခံမှုနဲ့ တစုံတရာ အသိအမှတ်ပြုမှုကို စစ်အုပ်စုက ရချင်တယ်။ စီးပွါးရေးအရ အကြွေးလျော်တာ၊ ချေးငှါးတာ၊ စီးပွါးရေးပိတ်ဆို့မှုတွေ ရပ်ဆိုင်းတာ၊ နိုင်ငံတကာရင်းနှီး မြှုပ်နှံမှုတွေ လမ်းပွင့်တာ အလိုရှိတယ်။
ဒါတွေအားလုံး စစ်အုပ်စုဖက်က အဆင်ပြေသွားတယ်။ လွယ်လွယ်ကူပဲ ရလိုက်တယ်လို့ သုံးသပ်ချင်တယ်။ စစ်အုပ်စုရဲ့  မဟာဗျူဟာ အပြောင်းအလဲဟာ သိပ်တောင် မခက်လိုက်ဘူးလို့ ထင်စရာရှိတယ်။
အတိုက်အခံအချို့ဖက်ကအပြောင်းအလဲ
၁။ ၉၀ ရွေးကောက်ပွဲ ရလဒ်ဟာ ပျက်သွားတယ်။ အဖျက်ခံလိုက်ရတယ်။ ၉၀ ရလဒ်အကောင်အထည်ဖေါ်ရေးကနေ ပါလီမန်ထဲဝင်ပြင်ရေး လုပ်ကြတယ်။
၂။ အတိုက်အခံတချို့ ရွေးကောက်ပွဲဝင်ရင်း ဖွဲ့စည်းပုံ ပြင်မယ်ပြောရင်း ၂၀၀၈ ဖွဲ့စည်းပုံကို အသိအမှတ်ပြုပေး လိုက်ကြတယ်။
၃။ တချို့အတိုက်အခံတွေ ဖွဲ့စည်းပုံပြင်ရေး ပါလီမန်ထဲဝင်ရေး မဟာဗျူဟာ လုပ်ဟန်တွေပြောင်း ကြတယ်။
တချို့ အရေမရ အဖတ်မရ စစ်အုပ်စုနဲ့ စကားပြောရတာကို အဟုတ်မှတ်လာတယ်။
၎။ တချို့ကားတွေ မြေတွေရတယ်။ ပတ်စ်ပို့တွေရလို့ ပျော်ကြတယ်။ ဗမာပြည်ပြန်ရလို့ ပျော်ကြတယ်။
၅။ တချို့ဒေါ်စုအပါအ၀င် အတိုက်အခံအချို့က ဖွဲ့စည်းပုံကို ပါလီမန်ထဲ လာပြင်လို့ရတယ်လို့ စစ်အုပ်စုပြောတာကို ယုံနေဆဲ ဖြစ်တယ်။
တူတန်တဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှု ရှိသလားလို့ မေးခွန်းထုတ်ရင် ...
ဒေါ်စုနဲ့ ရှစ်ပူးတွေ နိုင်ငံခြားခရီးတော်တော်များများ ထွက်နိုင်တယ်။ သူတို့ရွာတွေကိုလဲ ဟောပြောပွဲ ခရီးနဲ့ စိတ်ပြေလက်ပြောက် အလည်အပတ်တော်တော် သွားလာနိုင်တာကို တွေ့ရတယ်။
လူထု အခြေအနေ
လူထုကတော့ ပိုမွဲလာတယ်။ ဆင်းရဲတွင်းနက်လာတယ်။ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုဟာ ပိုပြီးဆုပ်ယုတ်သွားတယ်။ ဖိနှိပ် အနိုင်ကျင်မှုတွေကို အန်တုနေကြရဆဲ ဖြစ်ပါတယ်။
ချုပ်လိုက်ရင် ...
ဒေါ်စုအပါ အတိုက်အခံအချို့စစ်အုပ်စု အယုံသွင်းတာကို ခံလိုက်ရတယ်။ နောက်ဆုံးတော စစ်အုပ်စုအပေါ် အပြုထား လိုက်လျှောပြီး ဆက်ဆံရင် အမျိုးသားပြန်လည်ရနိုင်မယ်လို့ ထင်ရောင်ထင်မှားမှုတွေဟာ တချို့သော အတိုက်အခံတွေအတွက်တော့ ဒန်အိုးပေါက်နဲ့ ပဲကြီးလှော်လဲတာ မဟုတ်ဘဲ၊ စစ်အုပ်စု မဟာဗျူဟာ အပြောင်းအလဲကို ပံ့ပိုးနိုင်ရေးအတွက် ကိုယ့်မှာရှိတဲ့ ဆုပ်ကိုင်ရမယ့် ဒီမိုကရေစီရေး ဂုဏ်သိက္ခာ ကျင်ဝတ်မူတွေဖြစ်တဲ့ စိန်ရွှေ ကျောက်သံပတ္တမြားကို စစ်အုပ်စုရဲ့  ပဲကြီးလှော်နဲ့ လဲလိုက်ကြတယ်။
စစ်အုပ်စုရဲ့ မြစ်ကြီးနားက အပစ်ရပ်စာချုပ်နဲ့ ဒေါ်စုရဲ့  အပွင့်ဆိုင်တွေ့ဆုံးရေး ကမ်းလှမ်းချက်ကို ငြင်းပယ်လိုက်တာကိုကြည့်ရင် စစ်အုပ်စုဟာ လူသတ်စစ်အစိုးရ ယခင်စစ်အုပ်စုအဆင့်ပဲ ရှိနေတာကို တွေ့ရလိမ့်မယ်။
စစ်အစိုးရနဲ့ ဆက်ဆံရာမှ ဖွတ်မရ ဓါးမ မဆုံးကြရန် ထပ်လောင်း နှိုးဆော်ပါတယ်။ မိအေး ၃ ခါ နာချင်သူများကိုတော့ သတိပေးစရာ မလိုတော့ပါ။
(ရဲဘော် သံဒုတ်)
No comments:
Post a Comment