Thursday, April 10, 2014
အိမ်ဖေါ်ပေးလုပ်ဖို့ မဟုတ်ဘူး
ပြီးခဲ့တဲ့ ၂ ရက်နေ့က DKBA အဖွဲ့ ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ဒုံသမိချောင်းကူးတံတားမှာ ကရင်ပြည်နယ် နယ်/လုံဝန်ကြီး ဗမက အောင်လွင် အမိန့်နဲ့ တားဆီးပိတ်ဆို့နေတဲ့အချိန်၊ အဲဒီသတင်းကို ကြားတဲ့ ကော့ကရိတ် ကောင်းမှုရွာက ဒီကေဘီအေ ရဲဘော်လေးတယောက်က ..
“ဒီကောင်တွေ ဘာလို့တားကြတာလဲ၊ ငါတို့ အဖွဲ့က ဒီရွာသားတွေကို နယ်စပ်ခေါ်လာတာ သူတို့ အစိုးရက ဒုက္ခပေးလို့ ကူညီဖို့ ခေါ်လာခဲ့ရတာ၊ ဒီရွာသားတွေကို အိမ်ဖေါ်ပေးလုပ်ဖို့ မဟုတ်ဘူး” ပေါက်ကွဲပြီး ပြောသွားတယ်။
အဲဒီနေ့က ကော့ကရိတ် ကောင်းမှုရွာက ဗိုလ်ကျော်သက် စခန်းမှာ ရွှေ့ပြောင်းလာတဲ့ သမီးလေးရွာသားတွေကို ကြိုဆို့ဖို့ ပြင်ဆင်ထားကြတယ်၊ ထမင်းဟင်းတွေလည်း ချက်ပြီး၊ ဒုံယိမ်းအကအဖွဲ့တွေက ဖီးလိမ်းပြင်ဆင်ပြီး အသင့်၊ ပိတ်ဆို့တားဆီးခံရတယ်ဆိုတော့ ပြင်ဆင်ထားတာတွေ အလကားဖြစ်ကုန်၊ ဘာပဲပြောပြော ရဲဘော်တွေလည်း ဒီလို ကြိုဆိုပွဲနဲ့ရောပြီး ပျော်ချင် ပါးချင်ကြမှာပေါ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment