Thursday, April 10, 2014
KNU ဥက္ကဋ္ဌ မကြိုက်လို့ သမီးလေးရွားသားတွေကို တားဆီးရခြင်းဖြစ်ကြောင်း ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ DKBA ဗိုလ်ချု ပ် ကျော်သက် ထံသို့ ဖုန်းဖြင့် ဆက်သွယ်ပြော
3 April 2014 | ဒေါန | နေ့သစ်
ဧပြီလ ၂ ရက်နေ့က DKBA အဖွဲ့ ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ဒုံသမိချောင်းကူးတံတားမှာ ကရင်ပြည်နယ်အစိုးရအဖွဲ့က တားဆီးနေစဉ်၊ ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း မှ KNU ဥက္ကဋ္ဌ က မကြိုက်လို့ တားဆီးရခြင်းဖြစ်ကြောင်း DKBA တပ်ဖွဲ့က ဗိုလ်မှူးကြီး ကျော်သက် ထံကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။
အခြေအနေနဲ့ပတ်သက်ပြီး DKBA တပ်ဖွဲ့က ဗိုလ်ချု ပ် ကျော်သက် ကို မေးမြန်းကြည့်တဲ့အခါမှာ
“ကရင်ပြည်နယ်ဝန်ကြီး ဦးဇော်မင်း ကျနော့်ဆီ ဖုန်းဆက်တယ်။ ဗိုလ်မှူး ဆန်းအောင် သယ်လာတဲ့ သမီးလေးရွာသားတွေကို
တားဆီးနေတဲ့ အချိန်မှာပဲ ဆက်တာ၊ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်မူတူးဆေးဖိုးက သမီးလေးရွာသားတွေ ကရင်ပြည်နယ်ထဲပြောင်းလာတာ မကြိုက်ဘူးပြောလို့ သူတို့က တားရတာပါလို့ ပြောတယ်။ သူပြောတာ ကျနော်မယုံဘူး KNU ဥက္ကဋ္ဌ ကလည်း အဲလို ပြောမှာမဟုတ်ဘူး။ ဒါ မရိုးသားမှုတခုပဲလို့ ကျနော် ထင်တယ်လေ။ ကျနော်တို့လည်း ရောက်လာတဲ့ ရွာသားတွေကို ကြိုဖို့ ထမင်း ဟင်းတွေ ချက်ထားပြီး ဒုံးအက အဖွဲ့တွေနဲ့ စောင့်နေကြတာ ခုတော့ အတားခံရတယ် မလာဖြစ်တော့ဘူးတဲ့” လို့ ရှင်းပြပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်၊ သထုံနဲ့ ဘားအံကြားက ဒုံသမိချောင်းကို ဖြတ်ကူးထားတဲ့ တံတားမှာ DKBA အဖွဲ့က ဦးစီးသယ်ဆောင်လာတဲ့ သမီးလေးရွာသားတွေကို ကရင်ပြည်နယ်အစိုးရအဖွဲ့က ဆက်မသွားဖို့ စစ်တပ်အင်အား ရဲအင်အားတွေနဲ့ တားဆီးမှု ဖြစ်ပွားခဲ့ပါတယ်။
နေ့လည်ကတည်းကစလို့ နှစ်ဖက်ညှိနှိုင်းမှု အခြေအနေတွေ ထူးခြားမှုမရှိဘဲ ညမိုးချုပ်တဲ့ အချိန်ကိုရောက်လာတယ်။ အဲဒီအချိန်မှာ ရွာသားတွေအတွက် ညစာစားဖို့ အခက်အခဲတွေရှိနေခဲ့ပြီး၊ လုံခြုံရေးရဲတွေအနေနဲ့ ကားဘေးပတ်ပတ်လည်မှာ ဝိုင်းရံလာတဲ့အတွက် ကားအောက်ကို မည်သူမှ ဆင်းလို့မရတော့ကြောင်း ရွာသားတွေသယ်ဆောင်လာတဲ့ ကားကို မောင်းနှင်သူတဦးက ပြောပြပါတယ်။
“အခြေအနေကတော့ မိုးချုပ်နေပြီ ကားအောက်လဲ ဘယ်သူမှ ပေးမဆင်းတော့ဘူးတဲ့၊ ရွားသားတွေတော့ ဘာမှ မစားရသေးဘူး၊ ကျနော်တို့လဲ ကြောက်နေတာနဲ့ ဆာတာတွေ လောင်တာတွေ ဘယ်ရောက်ကုန်မှန်း မသိတော့ပါဘူး၊ အခု ကားစထွက်နေပြီ ဘယ်ကိုလဲတော့ မသိဘူး အရှေ့က ရဲကားတစီး ထိပ်ဆုံးကသွားနေတယ်။ အဲဒီကားနောက်ကို လိုက်နေရတယ်” လို့ ပြောပြပါတယ်။
ညအချိန်ရောက်တဲ့အထိ ညှိနှိုင်းရာမှာ ပြေလည်မှုမရသေးဘဲ အာဏာပိုင်တွေဘက်က မလိုက်လျောတဲ့အတွက် သမီးလေးရွားသားတွေသယ်ဆောင်လာတဲ့ ကားတွေဟာ လိုရာကို ရှေ့ဆက်သွားလို့မရတော့ပဲ မွန်ပြည်နယ် ကျိုက္ခမီ ဘုရားဖူးဖို့ ခရီးစဉ်အဖြစ် လမ်းကြောင်း ပြောင်းလိုက်ရကြောင်း သိရှိရပါတယ်။
ဘုရားဖူးခရီးစဉ်အဖြစ် ပြောင်းလဲလိုက်ရပုံကို တားဆီးခံရတဲ့ တံတားမှာ ရှိနေတဲ့ DKBA အဖွဲ့မှ ဗိုလ်ရှမ်းလေး ပြောပြတာက
“အခြေအနေက ဘယ်လိုမှ ညှိမရဘူး၊ ကရင်ပြည်နယ်ထဲကို လုံးဝ ဝင်ခွင့်မပြုဘူး၊ မိုးလဲအတော်ချုပ်နေပြီလေ၊ တားထားတဲ့နေရာကလဲ ရွာသားတွေအတွက် နေလို့ထိုင်လို့ အဆင်မပြေဘူး၊ အခုတော့ တချို့အသက်ကြီးတဲ့ အမျိုးသမီးနဲ့ ကလေးတွေ နာမကျန်ဖြစ်ကုန်ပြီ၊ အဲဒါနဲ့ ဘုရားဖူးခရီးစဉ်ဘက်ကို ပြောင်းလိုက်ရတာပါ၊ နေမကောင်းတဲ့ လူတွေကိုတော့ မော်လမြိုင် ဆေးရုံမှာ ထားခဲ့ပြီး ကျန်တဲ့ ရွာသားတွေကိုတော့ ကျိုက္ခမီခေါ်သွားမယ်” လို့ ပြောပြသွားပါတယ်။
ဒီကေဘီအေ တပ်ဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ မိသားစုပေါင်း ၈၁ စု၊ လူပေါင်း ၂၀၁ ဦး ပါလာကြောင်း သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက စစ်တပ်ပိုင် နယ်မြေဟုဆိုကာ ရန်ကုန်တိုင်း လှည်းကူးမြို့နယ် သမီးကလေး၊ အုတ်ဖို၊ အင်းပတီး၊ လတ်ကျိုက်၊ ထီးပနာ၊ တောင်လုံးမြောင်၊ ထော်ကာလီ စတဲ့ ရွာပေါင်း ၆ ရွာ ဖျက်စီးခံခဲ့ရပြီး မြေမဲ့ ယာမဲ့ ဘဝကို ရောက်ခဲ့ရသူတွေ ဖြစ်ပါတယ်။
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment