“သစ္စာတရား ဝန်ကြီး ဌာန” သည် ပေ ၇၀၀ ကျော်မြင့်မားပြီး အီဂျစ်ပိရမစ်တစင်း ကန္တာရထဲမှာ ငေါင်းစင်းထွက်နေသလို ရန်ကုန်မြေ၏ မိုးယံပြာနှမ်းနှမ်းတွင် ၎င်းမျှော်စင်၏ ဖြူဆွတ်ကြွမား ပုံရိပ်သည် လပ်လပ်စင်း တောက်နေပါသည်။ မျှော်စင်ထိပ်တွင် ဖောင်းကြွထိုးထားသော စာတန်းတို့မှာ ကိုကျောက်ညို ခုရပ်နေသော နေရာကနေဆို မြင်သာရုံကလေး။ ပါတီ၏ ဆောင်ပုဒ်သုံးခု။
တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးကို စစ်ဘီလူးစောင့်သည်။ War is Peace
လွတ်မြောက်ငံ့လင့်လူသားတိုင်း မျိုးဆက်ကျွန်အဖြစ် သဘာဝအလျောက်ခံယူသည်။ Freedom is slavery
တိုင်းပြည်ခွန်အားသည် နိုင်ငံတော်လမ်းပြအသိ ဖြစ်ပြီး ကျန်မကောင်းအသိအားလုံးကို ငါတို့ ပစ်ပယ်သည်။ Ignorance is strength
မှတ်ချက်။ ။ “ပါတီ” ၏ ဆောင်ပုဒ်တွင် သုံးစွဲထားသော ဝေါဟာရနှင့် ရေးဟန်တို့သည် အသစ်ထွက်ပေါ်လာသော